ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော NUGမှ တရားရေးဝန်ကြီး ဆရာဦိးသိန်းဦိး၊ ကယန်းအမျိုးသားပါတီဥက္ကဌ NUCC အဖွဲ့ဝင်ဖြစ်သော ဆရာခွန်မာကိုဗန်း ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမ ဒေါ်ခင်လှဌေး၊ သမိုင်းသယ်ဆောင်သူများအဖွဲ့ မှ ဆရာမဒေါ်ရီရီဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှူးဆောင် အတွင်းရေးမှူး ဆရာ မန်းချစ်အောင်တို့မှ အသီးသီး အမှာစကားများနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်၏ အနှစ်သာရ အစရှိသည်တို့အား အကျယ်တဝင့် ပြောကြားခဲ့ပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။





