ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရန်ရည်ရွယ်လျက် New Myanmar Foundation မှ အွန်လိုင်း အခြေခံထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် (ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။
သင်တန်းကာလမှာ (၃) လ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် မှ ဧပြီလ ၃၀ ရက်) ဖြစ်ပြီး အခြေခံအဆင့် ထိုင်းဘာသာစကားပြောသင်တန်းများကို အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့၊ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့ နှင့် စနေနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဉ် (၇) ၏ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Zoom Application) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက်နိုင်ပါသည်။
တက်ရောက်နိုင်သော အတန်းများ –
1. Class A: Mon, Wed, Fri, 5:00 – 7:00 PM
2. Class B: Mon, Wed, Fri, 7:00 – 9:00 PM
3. Class C: Tue, Thu, Sat, 5:00 – 7:00 PM
4. Class D: Tue, Thu, Sat, 7:00 – 9:00 PM
ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇန်နဝါရီလ ၁၀ ရက်နေ့ မှ ၂၅ ရက် နေ့အထိ ဖွင့်လှစ်ထားပေးပြီး တန်းခွဲတစ်ခုလျှင် (၂၅) ဦး နှုန်းဖြင့် စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၀၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။
သင်တန်းသို့လျှောက်ထားလာသူများအနက် ထိုင်းဘာသာစကားအခက်အခဲများကို နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေးအပ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။
အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –
https://forms.gle/Cpii8QarmE2Y1du79
New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဘာသာစကားသင်တန်းတာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင်း
Phone – +66927833262/ Signal – +66927833262
Telegram – +66927833262/ Email: [email protected]