New Myanmar Foundation ၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် ပတ်သက်ပြီး ထုတ်ပြန်သော သဝဏ်လွှာ

Jan 4, 2024 | ANNOUNCEMENT | 0 comments

လေးစားချစ်ခင်ရပါသော မြန်မာပြည်သူအပေါင်းတို့ခင်ဗျာ…

ယနေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာပြည်သည် နယ်ချဲ့ဗြိတိသျှတို့၏ မတရားသိမ်းပိုက်မှု လက်အောက်မှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဝင်ခဲ့ပြီး လွတ်လပ်ရေးရခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၆) နှစ်ရှိပြီ ဖြစ်ပါသည်။ သို့သော်လည်း ပြည်သူတစ်ရပ်လုံးသည်  လွတ်လပ်ရေး၏ စစ်မှန်သည့် အနှစ်သာရဖြစ်သော လူ့အခွင့်အ‌ရေး၊ အခြေခံလွတ်လပ်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုများကို ယနေ့တိုင် မခံစား၊ မရရှိသေးပါ။ တိုင်းရင်းသားလူမျိုးစုများသည်လည်း သမိုင်းဝင်ပင်လုံစာချုပ်တွင် အာမခံထားသော ၎င်းတို့၏ အခြေခံရပိုင်ခွင့်များ ဖြစ်သည့် လူမျိုးရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို မရရှိသေးပါ။

၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်တို့၏ ဖိနှိပ်ကြမ်းကြုတ်မှုများအောက်တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် အထက်ပါ အခွင့်အ‌ရေးများအားလုံး ပိုမိုဆုံးရှုံးပျောက်ကွယ်ကာ  စစ်ကျွန်ဘဝသို့ ရောက်ရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ပြည်သူ့အစိုးရ လက်ထက် တွင် အခွင့်အလမ်းများ စတင်ပွင့်လန်းလာခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်မှ လက်နက်အားကိုးနှင့် အာဏာသိမ်းပြီးနောက်ပိုင်း တွင် စစ်ကျွန်ဘဝသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ တိုင်းရင်းသားပြည်သူများမှ လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ကြသဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီးကာလတွင်  စစ်စခန်းပေါင်း (၄၀၀) ကျော်နှင့် မြို့ပေါင်း (၂၇) မြို့ကျော်ကို သိမ်းပိုက်ထိန်းချုပ်ကာ အုပ်ချုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ စစ်တပ်မှ ၎င်းတို့လက်လွှတ်ခဲ့ရသော တပ်စခန်းများနှင့် မြို့အားလုံးနီးပါးကို ယနေ့ထိ မည်သို့မျှပြန် လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်မှုမရှိခြင်းသည် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းရည် လုံးဝကျဆုံးနေပြီဖြစ်ကြောင်း ပြသနေပါသည်။ ဤသို့သောအောင်မြင်မှုများကို ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် မည်သည့်အခါကမျှ မရရှိခဲ့သေးပါ။ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် လမ်းစပွင့်နေပြီဖြစ်ရာ ထိုလမ်းအတိုင်း ပြည်တွင်း၊ ပြည်ပ ပြည်သူအားလုံးမှ ဆက်လက်၍ တစ်ခဲနက် ညီညီညာညာ စွဲမြဲစွာ ကြိုးပမ်းအားထုတ်လျှင် ၂၀၂၅ ခုနှစ်၊ လွတ်လပ်ရေးနေ့မတိုင်မီ ပြည်သူတစ်ရပ်လုံး စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ပါသည်။ ထိုသို့လွတ်မြောက်ရန်လည်း ကြိုးပမ်း အားထုတ်ရပါမည်။

ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးနှင့် အခြေခံလူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရင်း ကိုယ်ခန္ဓာ၊ အသက်သွေး များ စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအား ဦးညွှတ်အလေးပြုအပ်ပါသည်။ ဆက်လက်၍ မဆုတ် မနစ် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားပြည်သူအပေါင်း၊ အထူးသဖြင့် အောင်ပွဲလမ်းစပေါ်သို့ ပြည်သူတစ်ရပ်လုံးကို ဆွဲတင်ပေးခဲ့ သော ညီနောင်သုံးဖွဲ့ကိုလည်း အထူးပင် လေးစားဂုဏ်ပြုအပ်ပါသည်။

မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာနှင့် တန်းတူရင်ဘောင်တန်း၍ အေးချမ်းသာယာဝပြော အောင်မြင်စွာ ရပ်တည် နိုင်ရန်မှာ ပြည်သူက‌ရွေးချယ်သော၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားသော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည့် ဒီမိုကရေစီ စနစ်နှင့် တိုင်းရင်းသားတို့၏ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံမည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ရန် မရှိ မဖြစ်လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့တွင် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး ဖယ်ရှားသုတ်သင်နိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အမြန်ဆုံး ရရှိ တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

New Myanmar Foundation

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...