၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ (၁၂:၀၀ နာရီမှ ၁၆:၀၀ နာရီ)တွင် နယူမြန်မာဖောင်ဒေးရှင်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသောအဖွဲ့အစည်းများ၊ ရွှေ့ပြောင်း ကျောင်းများ၊ လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်းလုပ်သားများအခွင့်အရေး လှုပ်ရှားသူ အဖွဲ့ပေါင်း (၅၀)နီးပါးအကြားတွင် လက်ရှိမြန်မာနိုင်ငံ၏ အခက်အခဲ အကျပ်အတည်းကာလအတွင်း ပြည်တွင်း၊ပြည်ပရှိ နိုင်ငံသူ/သားများအတွက် ပိုမိုကောင်းမွန်သော ထောက်ပံ့ကူညီမှုများကို တိုးချဲ့ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ မိတ်ဆုံနေ့လည်စာစားပွဲအား ဖိတ်ကြားကျင်းပခဲ့ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာစန်းအောင်မှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများကို ဦးစွာ ပထမရှင်းပြ၍ တက်ရောက် လာကြသော မိတ်ဖက်အဖွဲ့အစည်းများမှလည်း ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်နေသော လှုပ်ရှားမှုများကို အကျဉ်း ချုံးရှင်းလင်း ပြောကြားခြင်းများဖြင့် မိတ်ဆက်ပြောဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာ မိတ်ဆက်ခြင်း၊ ချိတ်ဆက် ဆောင်ရွက်နိုင်သည်များကို ရှင်းလင်းပြောကြားခြင်းများပြုလုပ်ခဲ့ကာ နယူးမြန်မာဖောင်ဒေးရှင်း၏ ဝန်ထမ်းများမှလည်း မိမိတို့၏တာ၀န်များကို တစ်ဦးချင်းပြောကြားမိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။










