ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အမျိုးသမီးအကြမ်းဖက်မှုများတားဆီးကာကွယ်ခြင်းဆိုင်ရာ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း အမျိုးသမီးအကြမ်းဖက်မှု များပပျောက်ရေးနှင့်တားဆီးကာကွယ်ခြင်းတို့အတွက် သိမှတ်ဖွယ်ရာ အမှာစကားများ အသီးသီး မျှဝေ ပြောကြားပေးခဲ့ကြပါသည်။
ထို့နောက် ကမ္ဘာအဝှမ်းရှိ အမျိုးသမီးများအပေါ် အခြေအနေအရပ်ရပ်ဖြင့်အကြမ်းဖက်ခံရခြင်းများ၊ အကြမ်းဖက်ခြင်းကို တားဆီးကာကွယ်ရန်နှင့် အကြမ်းဖက်ခံရခြင်းများပပျောက်ရန်တို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန် မီးမောင်းထိုးပြသည့် အကြောင်းအရာများပါ၀င်သောလက်ကမ်းစာစောင်များကိုလည်း ပေးဝေခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအားနေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
New Myanmar Foundation







