နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်။
နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်ခဲ့သော ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုတို့မှ တားဆီး၊ ကာကွယ်ခြင်းနှင့် ပြန်လည် ထူထောင်ရေးနေ့ အခမ်းအနားနှင့်အတူ လာမည့် နိုဝင်ဘာလ ( ၂၀ ) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးသူငယ် များနေ့ အကြိုအခမ်းအနားအား New Myanmar foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ ကလေးသူငယ်များနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း ကလေးသူငယ်များဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာအသိပညာများ အသီးသီး ပြောကြားပေးခဲ့ကြပါသည်။
ထို့နောက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ ချိုး ဖောက်ခံရခြင်းများအား ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများပါ၀င်သော လက်ကမ်းစာစောင်များကိုလည်း ပေးဝေခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား မုန့်များဖြင့်တည်ခင်း ဧည့် ခံကျွေးမွေးခြင်း၊ ကလေးငယ်များနှင့်ပျော်ရွှင်စွာဆော့ကစားပြီး လက်ဆောင်ပစ္စည်းများပေးဝေခဲ့ပြီးနောက် အခမ်း အနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။







