နို၀င်ဘာလ (၅) ရက်၊ ၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူ၊သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀)ပြည့် အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာဆန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသူများမှလည်း အသီးသီး အမှာစကားများနှင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမှစ၍ မြန်မာပြည်သူ၊သား များ၏ လူ့အခွင့်အရေးများ မည်သို့ မည်ပုံဆုံးရှုံးခဲ့ရသည်တို့ကို အကျယ်တ၀င့်ပြောကြားပေးခဲ့ကြပါသည်။
ထို့နောက် လူ့အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံသားတိုင်းသိရှိရန်လိုအပ်သည့် အကြောင်းအရာများပါ၀င်သော လက်ကမ်း စာစောင်များကိုလည်း ပေးေ၀ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။





