လူ့အခွင့်အရေးအတွက် မည်သူမဆိုပါဝင်လုပ်ဆောင်နိုင်ပါတယ်။
New Myanmar Foundation နှင့် မိတ်ဘက်အဖွဲ့များပူးပေါင်း၍ မြန်မာပြည်တွင်း၌ လူ့အခွင့်အရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်စေမည့် လူ့အခွင့်အရေးအစီအစဉ် (Human Rights Program) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပါသည်။
လူ့အခွင့်အရေး (အခြေခံနှင့်အဆင့်မြင့်) အသိအမြင်ဖွင့်သင်တန်းများကို ဒီဂျစ်တယ်ဆက်သွယ်မှု လုံခြုံရေးပညာပေးသင်တန်းနှင့်တွဲဖက်၍ လစဉ်ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း ဆက်လက် ဖွင့်လှစ်ရန်ကျန်ရှိသည့် သင်တန်းများသို့ အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာသူများအား အပတ်စဉ်အလိုက် ဆက်သွယ်အတည်ပြု တက်ရောက်နိုင်စေရန် စီစဉ်ထားရှိပါသည်။ ဆက်လက်၍ အောက်တိုဘာလတွင် သင်တန်းလျှောက်လွှာခေါ်ယူခြင်းကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။
လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသည့် မိတ်ဘက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင် Human Rights Defender (HRD) များအတွက် အရေးပေါ် အန္တရာယ်ရှိလာသည့် အခြေအနေတွင် အကာအကွယ်ပေးခြင်းကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။
ထို့အပြင် နိုင်ငံတဝှမ်း၌ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အွန်လိုင်းနှင့် မြေပြင်သတင်းများရယူခြင်း၊ သဘောထားထုတ်ပြန်ချက်နှင့် အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကိုလည်း မိတ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ လူ့အခွင့်အရေး မှတ်တမ်းဌာနက ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်များကိုလည်း ဆက်သွယ်ပေးပို့နိုင်ပါသည်။
လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေသည့် အလေ့အထကို တိုက်ဖျက်နိုင်ရေး ပြည်သူအချင်းချင်း လက်တွဲကူညီလှုပ်ရှားနိုင်ရန် ဤအစီအစဉ်မှ တတ်စွမ်းသရွေ့ ကြိုးစားဆောင်ရွက်လျက်ရှိသောကြောင့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဝေဖန်အကြံပြုချက် များကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်ရန်-
Human Rights Program
Ph/Signal +66 80 898 6684
Email: [email protected]
FB messenger: https://m.me/NMFHRP2023
လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်ပေးပို့ရန်
(Google Form)
Email: [email protected]

