၁၅.၉.၂၀၂၃ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ နှစ်ပတ်လည် အခမ်းအနားနှင့် ကမ်ပိန်းအား NEW MYANMAR FOUNDATION ၏ Safe house ဧရိယာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊
အခမ်းအနားတွင် ယခုပွဲအား ဦးစီးကျင်းပပေးခဲ့သော Historical Carriers Group ၏ တာ၀န်ခံမှ အဖွင့် နှုတ်ဆက်စကားနှင့် ဒီမိုကရေစီ၏ အနှစ်သာရများအား ပြောကြားခဲ့ပြီး၊ NEW MYANMAR FOUNDATION မှ ပေးပို့သော “အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအမှတ်သ၀ဏ်လွှာ” ကို NEW MYANMAR FOUNDATION တာ၀န်ခံမှ ဖတ်ကြားပေးခဲ့ပါသည်။ ဒုတိယအစီအစဥ်အနေဖြင့် မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားဖြစ်ပေါ်ရေးအတွက် ပူးပေါင်းရန် နှိုးဆော်လွှာ “အနာဂတ်မျိုးဆက်များဆီသို့ အပ်နှင်းစို့” ခေါင်းစဥ်၊ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး လူထုလှုပ်ရှားမှုခေါင်းစဥ်တို့ဖြင့် ဆန္ဒပြုလက်မှတ်ရေးထိုးခြင်း အစီအစဥ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အနီးအနားမှ မြန်မာနိုင်ငံသားများအား မြန်မာမုန့်ဖြင့် တည်ခင်းဧည့်ခံခဲ့ကာ အထိမ်းအမှတ်အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။






