၂၀၂၃ ခုနစ် ဩဂုတ်လအတွင်း လုပ်ဆောင်လျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်း ထိုင်းဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ထိုင်းဘာသာစကားပြောသင်တန်း
– အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊
– သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊
– သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ မတ်လ (၁၉) ရက်၊ ၂၀၂၃ ခုနှစ် အထိလည်းကောင်း၊
– သင်တန်းအပတ်စဥ် (၄) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှ ဇူလိုင်လ (၃) ရက် အထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းတက်ရောက်အောင်မြင်ပြီးသူ သင်တန်းသား/သူ (၂၃၇) ဦး ရှိပြီဖြစ်သည်။
ထိုင်းဘာသာစကားသင်တန်းအပတ်စဉ် (၅) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၉၃) ဦး တက်ရောက်သင်ယူလျက်ရှိပါသည်။
နယူးမြန်မာဖောင်ဒေးရှင်း၏ ထိုင်းဘာသာစကားသင်တန်းအပတ်စဉ် (၅) အတွက် သင်တန်းသားသစ်များ ဆက်လက်လက်ခံပေးလျက်ရှိနေသည့်အတွက် ထိုင်းဘာသာစကားကို လေ့လာသင်ယူလိုသူများ မိမိတက်ရောက် လိုသည့် သင်တန်းကိုရွေးချယ်ကာ တက်ရောက်နိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါသည်။
ထိုင်းဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: [email protected] သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
ဘာသာစကားသင်တန်းတာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင်း
Ph.: +669 27 833 262
Signal: +669 27 833 262
Telegram: +669 27 833 262
Email: [email protected]