NMF မှ ကျင်းပသော အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၅)အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

Jul 7, 2023 | ANNOUNCEMENT, EDUCATION, Thai Language | 0 comments

မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation မှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အခြေခံ ထိုင်းဘာသာစကားပြော သင်တန်း အပတ်စဥ် (၅)ကို ဇူလိုင်လ (၁၇) ရက် ၊ ၂၀၂၃ ခုနှစ်(တနင်္လာနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကား လေ့လာသင်ယူရန် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

ဤသင်တန်းအတွက် သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် ထိုင်းဘာသာစကားသင်တန်းများကို Class A, Class B, Class C နှင့် Class D ဟူ၍ အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

ထိုင်းဘာသာစကားသင်တန်း အပတ်စဉ် (၅) ၏ သင်တန်းများကို အောက်ပါ အချိန်ဇယားများအတိုင်း Zoom Application မှတဆင့် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာမ (၁) ဦးက သင်ကြားပေးသွားမည်ဖြစ်၍ မိမိတို့အတွက် အဆင်ပြေမည့် သင်တန်းချိန်တစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

1. Class A: Monday to Friday, 10:00 – 11:30 AM

2. Class B: Monday to Friday, 1:00 – 2:30 PM

3. Class C: Monday to Friday, 3:00 – 4:30 PM

4. Class D: Monday to Friday, 6:00 – 7:30 PM

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇူလိုင်လ ၆ ရက်နေ့ မှ ၁၃ ရက် နေ့အထိ ဖွင့်လှစ်ထားပြီး လျှောက်ထားလာသော သင်တန်းသား/သင်တန်းသူများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းသို့ လျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/aWNwV5X2oqvNYwMe9

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဖုန်းဆက်၍သော်လည်းကောင်း၊ Signal, Telegram နှင့် Email များမှတဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone – +66927833262

Signal – +66927833262

Telegram – +66927833262

Email: [email protected]

May 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...