ထိုင်းနိုင်ငံ၏ ၂၀၂၃ အထွေထွေရွေးကောက်ပွဲကြီးအား တရားမျှတ လွတ်လပ်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ၀မ်းမြောက်ဂုဏ်ယူကြောင်းသ၀ဏ်လွှာ

May 16, 2023 | ANNOUNCEMENT, Human Rights | 0 comments

နေ့စွဲ – ၁၆.၅.၂၀၂၃

၂၀၂၃ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများမှ တရားမျှတလွတ်လပ်သော မဲပေးဆန္ဒပြုခွင့် ရရှိခဲ့သည့်အတွက် မြန်မာပြည်သူများ၏ကိုယ်စား များစွာ နှစ်ထောင်းအားရ ၀မ်းသာဂုဏ်ယူရပါသည်။

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊တရားဥပဒေစိုးမိုးမှု၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားဖော်ဆောင်မှုတို့ကို ကြိုးပမ်းအားထုတ်ကာ ထိုင်းနိုင်ငံပြည်သူများအား အေးချမ်းသာယာစည်ပင်တိုးတက်သော လူ့ဘောင်သစ်သို့ ဦးဆောင်သွားနိုင်မည့် လမ်းစသစ် ပေါ်ပေါက်လာပြီ ဟုလည်း ယုံကြည်ပါသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ၏

“မူ၀ါဒအခြေခံ နိုင်ငံတကာဆက်ဆံရေး (Rule based Diplomacy) အား ကျင့်သုံးမည်၊ မြန်မာပြည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး၊ ပါတီအားလုံးအကြား အပြုသဘောဆောင်သော အပြန်အလှန်ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အပြန်အလှန်ပြောဆိုဆွေးနွေးမှု လွယ်ကူစေရန် အာစီယံအထူးသံတမန်တစ်ဦးခန့်အပ်ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများထောက်ပံ့ပေးရေး၊ မြန်မာနိုင်ငံသို့ အထူးသံတမန်ထံလည်ပတ်ခြင်းကို ခွင့်ပြုရေး စသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5 point consensus) ကို ထိုင်းနိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ဦးစီးဆောင်ရွက်မည်။ လူသားချင်းစာနာသည့် အကူအညီများ အတွက် နယ်စပ်တလျှောက် (Humanitarian Corridor) စီစဥ်ဆောင်ရွက်သွားမည်။ အမေရိကန် လွှတ်တော်မှ အတည်ပြုခဲ့သည့် BURMA ACT ကို အကောင်အထည်ဖော်ရန်လည်း ကြိုးပမ်းသွားမည်။”

စသဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ပြောကြားချက်များအတွက် မြန်မာပြည်သူများကိုယ်စား အထူးကျေးဇူးတင်၀မ်းမြောက်ပါသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလုံးသည် စစ်အာဏာသိမ်းမှုကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါသည်။ သမိုင်းကြောင်းအရလည်း ယဥ်ကျေးမှု၊ ဘာသာတရား တူညီကြသည့် အိမ်နီးနားချင်းနိုင်ငံများ ဖြစ်ပါသည်။ ထိုင်းပြည်သူများနှင့် အစိုးရမှ မြန်မာဒုက္ခသည်များအား လက်ခံကူညီစောင့်ရှောက်ပေးနေသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ထို့အပြင် ပေါ်ပေါက်လာမည့် ထိုင်းအစိုးရနှင့် ခေါင်းဆောင် များသည် မိမိတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို အသုံးချ၍ မြန်မာပြည်သူများအတွက်ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး များ ရရှိအောင်၊ အထူးသဖြင့် စစ်အစိုးရမှ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်၊ နှိပ်စက်မှုများကို အမြန်ဆုံး ရပ်တန့်အောင် တားဆီးပေးနိုင်မည် ဟုလည်း ယုံကြည်မျှော်လင့်မိပါသည်။

ဤတရားမျှတလွတ်လပ်သော ရွေးကောက်ပွဲကြီးသည် ထိုင်းပြည်သူများ၏အကျိုးကို ဦးထိပ်ထားမည့် အစိုးရနှင့် ခေါင်းဆောင် များကို ရွေးကောက်တင်မြှောက်ပေးနိုင်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ပြည်သူမှရွေးချယ်တင်မြှောက်သော၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားသော ပြည်သူ့အစိုးရတရပ် အလျင်အမြန်ပေါ်ထွန်းလာနိုင်စေရန် ကြီးစွာသောအထောက်အပံ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်¬¬ပါသည်။

NEW MYANMAR FOUNDATION

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...