ဇူလိုင်လ (၃၁) ရက်နေ့
နေ့လည်ပိုင်းတွင် ဝှေ့မုတ်ကျေးရွာ ၂ဂိတ် ၊ မိုးကုတ်ဂိတ် (အမိုးနီးစက်ရုံဝန်း အကျော်) ၊ အုန်းတော တွင်ရှိသောရေဘေးသင့်များအတွက် ထမင်းဗူး (၃၅၀) ဗူး ၊ ရေသန့် ဗူးသေး (၃၅၀) ဗူးဖြင့် လူဦးရေ (၃၅၀) ဦးစာ မျှဝေခဲ့ပါသည်။
ညနေပိုင်းတွင် CDC ကျောင်း အနောက်ဘက်ရှိဆန်ခွဲဆောင် တွင် ရေဘေးသင့်များအတွက် ထမင်းဗူး (၁၁၅) ဗူး ၊ ရေသန့် ဗူးသေး (၁၁၅) ဗူးဖြင့် လူဦးရေ (၁၁၅) ဦးစာ မျှဝေခဲ့ပါသည်။
ညနေပိုင်းတွင် မယ်ပ ၈ ရပ်ကွက်ရှိ ရေဘေးသင့်များအတွက် ထမင်းဗူး (၅၅) ဗူး ၊ ရေသန့် ဗူးသေး (၃၆) ဗူးဖြင့် လူဦးရေ (၅၅) ဦးစာ မျှဝေခဲ့ပါသည်။
စုစုပေါင်း ရေဘေးသင့် စားသောက်ရေး ခက်ခဲနေသူ (၅၂၀) ဦးထံ ယနေ့မျှဝေနိုင်ခဲ့ပါသည်။









