New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

Feb 27, 2026 | Sewing machine | 0 comments

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ ၂၇ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၇၉)အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲအမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။

သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ(၁၂) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (googleform)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။

ကြိုတင်အသိပေးကြော်ငြာချက်

• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့ အနေဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါအချက်အလက်များအား သေချာစွာဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။

• သင်တန်းတက်ရောက်နေစဉ်ကာလအတွင်းမနက်စာ၊နေလယ်စာ၊ ပြင်ဆင်ပေးမည်မဟုတ်ပါ။ စားစရိတ် အဖြစ်ထောက်ပံကြေး(၁၀၀၀) ကိုသာပေးအပ်သွားမည်ဖြစ်သည်။

• ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာ ဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံးများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့် သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။

လျှောက်ထားသူများထဲမှ တက်ရောက်ရန် ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင် လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့်ကိုက်ညီ သူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန်ဆက်သွယ် သွား မည်ဖြစ်ပါသောကြောင့်သင်တန်းလျှောက် ထားလာသူများအနေဖြင့် မိမိတို့ထံဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် Link:

https://forms.gle/ni1jzrtdYnJXJ3nX6

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation) ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံ သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့်ရုံးချိန်(နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

မဝိုင်းဝိုင်း

Phone: +66 633849910

Signal: +66 633849910

Email: [email protected]

March 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...

𝟮𝟮-𝟎𝟭-𝟐𝟎𝟐𝟲 မှ 𝟭𝟴-𝟬𝟮-𝟐𝟎𝟐𝟲 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

22 . 1 . 2026 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - ဘူးသီး - 70 kg ၊ ရုံးပတီသီး - 5 kg ၊ ချဉ်ပေါင် - 3 kg ၊ သခွါးသီး - 84 kg ၊ ပဲတောင့်ရှည် - 38 kg ၊ ခရမ်းသီး - 7 kg ၊ ဘူးညွန့် - 5 kg နှင့် ဗုံလုံသီး - 2 kg ၊ စုစုပေါင်း = 219 kg အား ( SAW ) ကျောင်း သို့ လူဦးရေ -...