မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။
ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ /ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ် ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန် ရည်ရွယ်၍ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခမဲ့အခြေခံကွန်ပျူတာ သင်တန်းများကို ဧပြီလ ၂၀၂၅ ခုနှစ်မှ စတင်၍ဖွင့်လှစ်သင်ကြား ပေးခဲ့ရာမှာ ယခုအခါ အပတ်စဉ်(၁၈)အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယခုအပတ်စဉ်(၁၉) အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အခြေခံကွန်ပျူတာသင်တန်း သင်တန်းအပတ်စဉ် (၁၉) ကို 03- March -2026 မှ စတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် အပတ်စဉ် (၁) ခုလျှင် (၁၀) ရက် ကြာမြင့်မည်ဖြစ်ပြီး ကွန်ပျူတာကို အခြေခံမှစ၍ စနစ်တကျ သင်ကြားလိုသူများ၊ ကွန်ပျူတာနှင့် သက်ဆိုင်သော ပညာရေးနှင့်အလုပ်အကိုင်ရှာဖွေရန် ကြိုးစားနေသူများအတွက် အထူးသင့်လျော် သော သင်တန်းဖြစ်သည့်အတွက် မဲဆောက်ရောက် မြန်မာပြည်သူ/သားများ အနေဖြင့် ကွန်ပျူတာ ကို အခြေခံမှစ၍ တက်ရောက်လိုစိတ်ရှိသူ မည်သူမဆို တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။
အခြေခံကွန်ပျူတာ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း လူကိုယ်တိုင် (In Person) သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းကာလ – 03.03.2026 to 13.03.2026 (တနင်္ဂနွေနေ့တိုင်း ပိတ်ပါသည်။)
သင်တန်းအချိန် – နေ့လည် ၁၂:၀၀ နာရီ – ၀၄:၄၅ အထိ
သင်တန်းနေရာ – မယ်ပ ၊ ထိုင်းနိုင်ငံ။
အခြေခံကွန်ပျူတာ သင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 ကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့ မှ ဖေဖော်ဝါရီလ (၂၅) ရက် နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။
သတ်မှတ်ထားသော လူဉီးရေပြည့်ပါက သင်တန်းလျှောက်လွှာဖောင်အား ပိတ်သွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများကိုသာ Signal/ E mail/ ဖုန်း မှတဆင့် ပြန်လည် အကြောင်းကြား ပေးသွားမည်ဖြစ်ပါ၍ လျှောက်ထားလာသူများ အနေဖြင့် မိမိတို့၏ Signal/ E mail လိပ်စာ/ ဖုန်းနံပါတ် များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။
အခြေခံကွန်ပျူတာသင်တန်း လျှောက်ထားရန်
Link – https://forms.gle/xQq62zptS3qxSj4f6
New Myanmar Foundation ၏ အခြေခံကွန်ပျူတာသင်တန်းများနှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
ကွန်ပျူတာသင်တန်းတာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation)
Phone: +66 949 056 741
Email: [email protected]

