New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသော မြန်မာနိုင်ငံသားအတွက် နေရာထိုင်ခင်းများ ထောက်ပံ့ပေးသည့် (Safe House) အစီအစဥ်အား ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အတွက်ဝန်ထမ်း (Program Officer) လျှောက်လွှာများ ခေါ်ယူနေပါသည်။
ရာထူး – Program Officer
လျှောက်လွှာလက်ခံမည့်ကာလ – ၄.၆.၂၀၂၅ မှ ၁၃.၆.၂၀၂၅ ခုနှစ်အထိ
နေရာ – မဲဆောက်
အစမ်းခန့်ကာလ – ၃ လ
အစမ်းခန့်လစာ – ဘတ် ၇၀၀၀
ပုံမှန်လစာ – ဘတ် ၁၀၀၀၀
အစီရင်ခံရမည့်သူ – Safe House Program Manager
ခန့်အပ်မည့်ဦးရေ – (၁) ဦး
လုပ်ဆောင်ရမည့်တာဝန်များ
================
New Myanmar Foundation ၏ Safe House များတွင်
• နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက် ပေးရမည်။
• နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များ နှင့် အခွင့်အရေးဆိုင်ရာ အကြောင်း များ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။
• နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်း နှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan) တို့အား ဆောင်ရွက်ပေးရမည်။
• နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Program Manager ထံသို့ အချိန်မီ တင်ပြရပါမည်။
• နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။
• နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များကို Program Manager နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။
• နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း ကျင်းပ ပြုလုပ်ရာတွင် ပါဝင်ကူညီပေးရမည်။
• လစဉ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ရေးသားပြုစု၍ Program Manager ထံ တင်ပြရမည်။
• ပေးအပ်သည့်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရပါမည်။
အတွေ့အကြုံလိုအပ်ချက်
===============
• Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
• အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။
• လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။
• လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်း ပေးနိုင်သူ ဖြစ်ရမည်။
• စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
• အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။
• အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
• အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
• လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
• ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။
• English စာ တတ်ကျွမ်းသူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရမည့်ပုံစံ
================
• Cover letter နှင့် CV Form အား 𝐧𝐞𝐰𝐦𝐲𝐚𝐧𝐦𝐚𝐫𝐨𝐟𝐟𝐢𝐜𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 Email သို့ ပေးပို့ပေးပါရန်။
• Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
• CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
• လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

