𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

Mar 11, 2025 | ANNOUNCEMENT, SAFE HOUSE | 0 comments

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။
𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင်
🌟 အမျိုးသမီးသီးသန့်အဆောင်
🌟အမျိုးသားသီးသန့်အဆောင် နှင့်
🌟 မိသားစုအဆောင်များ
ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။
𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် မီတာခ နှင့် 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 𝗪𝗶𝗳𝗶 ကုန်ကျစရိတ်များအား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ပေးဆောင်ပေးမည် ဖြစ်ပါသည်။
𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 တွင်နေထိုင်စဉ် ကာလအတွင်း
⭐ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာများ၊
⭐ မီးဖိုချောင်သုံးပစ္စည်းများ၊
⭐ လစဉ်အိမ်အသုံးအဆောင် ပစ္စည်းများ၊
⭐ အိမ်တွင်း ပရိဘောဂများဖြစ်သော ရေခဲသေတ္တာ ၊ပန်ကာ၊ စားပွဲ ၊ ကုလားထိုင်အစရှိသည်များ ပံပိုးကူညီပေးထားသည့်အပြင်
သွားလာရေးအတွက်
⭐ စက်ဘီး
⭐ ဆိုင်ကယ်
⭐ ကားများကို လိုအပ်သလို အသုံးပြုခွင့်နှင့် လိုက်လံပို့ဆောင်ပေးလျက်ရှိပါသည်။
ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက်
⭐ အခြေခံ စားနပ်ရိက္ခာနှင့် အရေးပေါ်စားနပ်ရိက္ခာအား လစဉ်ထောက်ပံ့ကူညီခြင်း၊
⭐ အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုများလုပ်ဆောင်ပေးခြင်း၊
⭐ အသိပညာအတွက် စာကြည့်တိုက်ဖွင့်လှစ်ပေးထားခြင်း
⭐ ကလေးငယ်များအတွက် ကစားကွင်းပြုလုပ်ပေးထားသည့်အပြင် သင်တန်းများ ဖြစ်သော
✨ ထိုင်းစာသင်တန်း၊
✨ Digital Security သင်တန်း၊
✨ လူ့အခွင့်အရေးသင်တန်း၊
✨ စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊
✨ ကျန်းမာရေးအသိပညာပေးသင်တန်း၊
✨ ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှု သင်တန်း
✨ အခြေခံမော်တာစက်ချုပ်သင်တန်းနှင့်
✨ စိုက်ပျိုးရေးသင်တန်းများကိုလည်း လစဉ်အခမဲ့သင်ကြားပေးနေပါသည်။
✅ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ချိတ်ဆက်ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။
✅ ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်း များကိုလည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။
𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 တွင်နေထိုင်သူ တစ်ဦးချင်း၏လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ 𝗡𝗠𝗙 ၏ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 တွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူ များအနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည် ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်း ရှောင်လာကြသူများ၊ စစ်ရှောင်ပုဂ္ဂိုလ်များအပါအဝင် မြန်မာပြည်သူ/ပြည်သားများ အတွက်လည်း ထည့်သွင်း စဉ်းစားပေးမည်ဖြစ်ပါသည်။
လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတ
စွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက 𝗡𝗠𝗙 ၏ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 လျှောက်ထားခြင်းဆိုင်ရာဖုန်း၏
📞𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် +𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳 သို့ တနင်္လာမှ သောကြာနေ့ များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

𝗡𝗲𝘄𝗠𝘆𝗮𝗻𝗺𝗮𝗿𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻

𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺
𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿
+𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...