ဒီဇင်ဘာလ (၇) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် ကျရောက်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ Spring Bridge Online School ၏ ကျောင်းအုပ်ဖြစ်သူ ဒေါက်တာဘိုင်အိုမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ဝါရင့်နိုင်ငံရေးသမားကြီး ဆရာစောသမိန်ထွန်းအပါအဝင် အထူးဖိတ် ကြားထားသူများမှလည်း Online မှတဆင့်လည်းကောင်း၊ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်၍လည်းကောင်း အမျိုးသားနေ့အထိမ်းအမှတ်အတွက် အမှာစကားများ အသီးသီးမျှဝေပြောကြားပေးခဲ့ကြပါသည်။
ထို့နောက် အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာစေရန်ရည်ရွယ်သည့် အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကိုလည်း ပေးဝေခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား မေတ္တာလက်ဆောင်များ မျှဝေခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။








