၁၄.၉.၂၀၂၃ နေ့ရက်တွင် NEW MYANMAR FOUNDATION မှ ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၀န်းကျင်သန့်ပြန့်မှု အားနည်းသော နေရာတချို့၌ နေထိုင်နေရသော ထွက်ပြေး တိမ်းရှောင်နေရသည့် တက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူလူထုထံသို့ သွားရောက်၍ အ၀တ်အစား နှင့် ဆေးကုသမှုများကို ပေးခဲ့ပါသည်။

မိုးတွင်းကာလတွင် ဖြစ်ပွားလျက်ရှိသော ဖျားနာမှုများနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများအတွက် NEW MYANMAR FOUNDATION ၏ တာ၀န်ခံဆရာ၀န် Dr Moon မှ ကွင်းဆင်းကုသမှုပေးခဲ့ခြင်းဖြစ်ပြီး မိုးကာလတွင် လိုအပ်လျက်ရှိသော အ၀တ်အစားများကိုလည်း ပေးအပ်ခဲ့ပါသည်။