အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းအတွက် အလှူခံခြင်း

Jan 16, 2023 | VOCATIONAL TRAINING

အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းအတွက် အလှူခံခြင်း

နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်ရောက်မြန်မာ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကြောင်း သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိပါသည်။ ထိုသင်တန်းများထဲမှ အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အမျိုးသား/သမီး အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းများကိုဖေဖော်ဝါရီလ၊ (၁)ရက်၊ ၂၀၂၂ခုနှစ် မှ စတင်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းအပတ်စဉ် (၁) မှ (၁၉) အထိ သင်တန်းအပတ်စဉ်တစ်ခုလျှင် (၅)ရက်ကြာသင်တန်းပေးခဲ့ပြီး ၊ အပတ်စဉ် (၂၀)မှ (၂၆)ထိ သင်တန်းအပတ်စဉ်တစ်ခုလျှင် (၁၀)ရက်ကြာတိုးမြင့်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၁)မှ (၂၆)ထိ သင်တန်းတက်ရောက်သူ စုစုပေါင်း (၂၅၅)ဦး၊ သင်တန်းသား (၁၀၇)ဦး၊ သင်တန်းသူ (၁၄၈)ဦး တက်ရောက်ခဲ့ပြီး ထိုအထဲမှ သင်တန်းသား (၉၄)ဦး၊ သင်တန်းသူ (၁၁၂)ဦး ကို အလုပ်အကိုင်ချိတ်ဆက် ရှာဖွေပေးနိုင်ခဲ့ပါသည်။

ထို့ကြောင့် ဤသင်တန်းသည် မဲဆောက်ရှိ မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အမှန်တကယ် အကျိုးရှိသော အစီအစဉ်ဖြစ်ပါသည်။ သို့သော် ယခုအခါ အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းကို ဆက်လက်ဖွင့်သင်ကြားနိုင်ရန်အတွက် ရံပုံငွေ အခက်အခဲများ ရှိနေပါသည်။ ဤသင်တန်းများ ဖြစ်မြောက်ရေး အတွက် “Australian Aid” မှ အထောက်အပံ့အချို့ကိုသာ လက်ခံရရှိပါသည်။

သို့ပါသောကြောင့် နိုင်ငံတကာနှင့်မဲဆောက်ရောက်မြန်မာပြည်သူ/သား တစ်ဦးချင်းမှ မိမိတို့တတ်စွမ်းသလောက် ပါဝင်ကူညီ ထောက်ပံ့ပေးကြပါရန် နယူးမြန်မာဖောင်ဒေးရှင်းမှ လေးစားစွာ မေတ္တာရပ်ခံလိုပါသည်။ ဤသင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးနိုင်ပါက မဲဆောက်ရောက် မြန်မာပြည်သူ/သားများ လိုအပ်နေသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်သည့်အပြင် သင်တန်းသူ/သားများ၏ ဘဝရပ်တည်ရေးအတွက်လည်း အတတ်ပညာတစ်ခုကို ပေးစွမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

 

July 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၆၂) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၆၂)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ ညနေ့ ၀၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

𝗖𝗮𝗹𝗹 𝗳𝗼𝗿 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗳𝗼𝗿 𝗠𝗛𝗣𝗦𝗦 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ...

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏...

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင်...

အမေစု အသက် (၈၀)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား

၁၉ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့) တွင်ကျရောက်သော အမေစု အသက် (၈၀)ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲအား New Myanmar Foundation မှ ကြီးမှူး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် New Myanmar Foundation ၏ Executive Director မှ အမေစု နှင့်...

ဒေါ်အောင်ဆန်းစုကြည် အနှစ်(၈၀)မြောက် မွေးနေ့ဆုတောင်းသဝဏ်လွှာ

ယနေ့ကျရောက်သော လူထုခေါင်းဆောင်‌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း၊ အနှောင်အဖွဲ့ အတားအဆီး အချုပ် အနှောင်များမှ အမြန်ဆုံးလွတ်မြောက် ပါစေကြောင်းနှင့်ပြည်သူလူထုကို ဆက်လက် ဦးဆောင်ပြီး သူမနှင့်တကွ...

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၀) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၈) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို...