The Predatory Hegemon – Part 2

Feb 25, 2026 | ANNOUNCEMENT, Featured | 0 comments

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း – အပိုင်း ၂

အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို ထုတ်ယူရန် ကြိုးပမ်းသည်။ “ငါ့ပစ္စည်းက ငါ့ပစ္စည်း၊ မင်းပစ္စည်း ကတော့ ညှိနှိုင်းလို့ရတယ်” ဟူသောအယူအဆကို လက်ကိုင်ထားသည်။ ရှိနှင့်ပြီးသား သဘော တူညီချက်များအား တန်ဖိုးမထား၊ လေးစားလိုက်နာလိုခြင်းမရှိ။  ၎င်းတို့အတွက် တဖက်သတ် အကျိုးအမြတ်များကို မပေးနိုင်တော့ပါက စွန့်ပယ်ခံရမည် သို့မဟုတ် လျစ်လျူရှုခံရမည် ဖြစ်သည်။ အမြတ်ထုတ်ရန် ကြိုးပမ်းမှုအချို့တွင် ဆုံးရှုံးမှုရှိနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ အင်အား အကြီး ဆုံး နိုင်ငံများပင်လျှင် အခြားသူများထံမှ အမြတ်ထုတ်သည့်အခါ အကန့်အသတ်များ ရှိပါသည်။ သို့သော် သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးသူအတွက်မူ အဓိကရည်မှန်းချက်မှာ ထိုအကန့်အသတ်များကို တတ်နိုင်သမျှ အဝေးဆုံးအထိ တွန်းပို့ရန် (ဖယ်ရှားရန်) ဖြစ်သည်။

လောင်းကြေး မြှင့်ခြင်း (UPPING THE ANTE)

ထရမ့်၏ နိုင်ငံခြားရေးမူဝါဒတွင် ပါရှိသော “သားရဲကဲ့သို့ အနိုင်ကျင့်လိုသော သဘာဝ” ကို သူ၏ ကုန်သွယ်ရေး လိုငွေပြမှုအပေါ်  ပူပင်စွဲလန်းနေမှုနှင့် ဝါရှင်တန်ဘက်သို့ စီးပွားရေး အကျိုး အမြတ်များ ပြန်လည်ရောက်ရှိလာစေရန် အခွန်အတုတ်များကို အသုံးပြု၍ ကြိုးပမ်းနေမှုများတွင် အထင်ရှားဆုံး တွေ့မြင်နိုင်သည်။ ကုန်သွယ်ရေးလိုငွေပြမှုသည် “လှည့်စားခံရခြင်း” (rip-off) နှင့် “လုယက်မှု” တစ်မျိုးဖြစ်ကြောင်း ထရမ့်က ထပ်ခါတလဲ ပြောကြားခဲ့သည်၊ ကုန်သွယ်ရေး ပိုလျှံ နေသည့် နိုင်ငံများသည် “အနိုင်ရနေသူများ” ဖြစ်သည်ဟု သူမြင်သည်။ အကြောင်းမှာ အမေရိကန် က ထိုနိုင်ငံများထံ ပေးချေရသည်မှာ ထိုနိုင်ငံများက ဝါရှင်တန်သို့ ပေးချေသည်ထက် ပိုများ နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထရမ့်သည် ပြည်ပကုန်စည်များကို ပိုဈေးကြီးသွားစေ ခြင်းဖြင့် အမေရိကန်ကုန်ထုတ်လုပ်သူများကို အကာအကွယ်ပေးရန် ကြိုးပမ်းသည်။ နိုင်ငံခြား တိုင်းပြည်များအပေါ် အခွန်တိုးမြှင့်ခဲ့သည်။ (အမှန်စင်စစ် အခွန်တိုးမြှင့်မှု၏ ကုန်ကျစရိတ် အများစု ကို သွင်းကုန်ဝယ်ယူသည့် အမေရိကန်ပြည်သူများကသာ ပေးဆောင်ရခြင်း ဖြစ်သည်) ထိုအခွန် များကို လျှော့ပေါ့ပေးစေလိုပါက ပြည်ပအစိုးရများနှင့် ကုမ္ပဏီများကို အမေရိကန်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ခြိမ်းခြောက်ခဲ့သည်။

ထရမ့်သည် သူမလိုလားသော အခြားနိုင်ငံ၏ စီးပွားရေးနှင့်မဆိုင်သည့် မူဝါဒများကို ပြောင်း လဲ စေရန်အတွက်လည်း အခွန်အတုတ်များကို အသုံးပြုခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လက ဘရာဇီး အစိုးရအား သူ၏မဟာမိတ်ဖြစ်သူ သမ္မတဟောင်း Jair Bolsonaro ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ဖိအားပေးသည့်အနေဖြင့် ဘရာဇီးအပေါ် အခွန် ၄၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နိုဝင်ဘာလတွင် အမေရိကန်စားသုံးသူများ စားသောက်ကုန်ဈေးနှုန်းများ မြင့် တက် စေခဲ့သည့် ထိုအခွန်အချို့ကို သူပြန်လည်ရုပ်သိမ်းခဲ့ရသည်။ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ အပေါ် အခွန်တိုးမြှင့်ခြင်းကိုမူ ၎င်းတို့သည် ဖန်တနိုင်း (fentanyl) မှောင်ခိုကူးမှုကို ရပ်တန့်ရန် ထိရောက်စွာ မလုပ်ဆောင်ခြင်းကြောင့်ဟု အကြောင်းပြခဲ့သည်။ ထို့ပြင် အောက်တိုဘာလတွင် ကာရစ်ဘီယံပင်လယ်အတွင်းရှိ လှေ အစင်း (၂၀) ကျော်ကို အမေရိကန်ရေတပ်က အငြင်းပွားဖွယ် တိုက်ခိုက်ခဲ့ခြင်းအပေါ် ကိုလံဘီယာသမ္မတက ဝေဖန်ခြင်းကြောင့် ထရမ့်သည် ကိုလံဘီယာကို အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ခဲ့သည်၊ ထရမ့်အစိုးရ၏ အဆိုအရ ထိုလှေများသည် တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထရမ့်သည် ပစ်မှတ်ထားသော ပြိုင်ဘက်များကို အကျပ်ကိုင်သကဲ့သို့ပင် အမေရိကန်၏ ရိုးရာအစဉ်အလာ မဟာမိတ်များကိုလည်း အကျပ်ကိုင်နိုင်သည့် အခွင့်အလမ်း အများအပြား ရှိပါ သည်။ သူ၏ ခြိမ်းခြောက်မှုများမှာ ခဏတဖြုတ်ဖြစ်ပေါ်ပြီး ပြန်ပျောက်သွားတတ်သည့် သဘော ရှိခြင်းကြောင့် တဖက်နိုင်ငံ၏ လေးစားနာခံခြင်းကို လိုလားနေကြောင်း ပေါ်လွင်ပါသည်။ ထရမ့်က သူ့အပေါ် ခန့်မှန်းရခက်ခြင်းသည် အားကောင်းသော ညှိနှိုင်းရေးလက်နက် တခုဖြစ်သည်ဟု ယုံ ကြည် နေသည်။ သူ၏ အဆုံးမရှိ ပြောင်းလဲနေသော ခြိမ်းခြောက်မှုများနှင့် တောင်းဆိုမှုများသည် အခြားသူများအနေဖြင့် သူ့အား စိတ်ကျေနပ်အောင်လုပ်နိုင်မည့် နည်းလမ်းသစ်များကို အမြဲရှာဖွေ နေစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အကယ်၍ ပစ်မှတ်ထားခံရသူက လျင်မြန်စွာ အရှုံးပေးလျှင် အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ခြင်းမှာ ဝါရှင်တန်အတွက် ကုန်ကျစရိတ် အလွန်နည်းပါးသည်။ အကယ်၍ ပစ်မှတ်ထားခံရသူက ခိုင်ခိုင်မာမာ တောင့်ခံနေလျှင် သို့မဟုတ် ဈေးကွက်များ ထိတ်လန့် သွားလျှင် ထရမ့်သည် ထိုလုပ်ဆောင်ချက်ကို ရွှေ့ဆိုင်းထားနိုင်သည်။ ဤချဉ်းကပ်ပုံမှာ လူအများ၏ အာရုံကို ထရမ့်ထံ သို့သာ အမြဲရောက်ရှိနေစေသည်။ နောက်ဆက်တွဲ ရရှိလာသော မည်သည့်သဘော တူညီချက်မဆို ၎င်း၏ အချက်အလက်အတိအကျမှာ မည်သို့ပင်ဖြစ်စေ ထရမ့် အစိုးရအဖွဲ့က အောင်ပွဲတခုအဖြစ် ပုံဖော်မည်ဖြစ်သည်။ ထို့ပြင် ထရမ့်နှင့် သူ၏ အရင်းနှီးဆုံး အသိုင်းအဝိုင်းကို အကျိုးပြုမည့် အဂတိလိုက်စားရန် အခွင့်အလမ်းများကိုလည်း သိသာစွာ ဖန်တီး ပေးသည်။

ပြိုကွဲပျက်စီးစေမည့် မျိုးစေ့

 á€Ąá€™á€ąá€›á€­á€€á€”်မသ အစွမ်းကုန်အသာစီးရယူနိုင်ရန် ထရမ့်သည် သူ၏ စီးပွားရေးဆိုင်ရာ တောင်း ဆိုချက်များကို မဟာမိတ်များ၏ အမေရိကန်စစ်ရေးအကူအညီအပေါ် မှီခိုနေရမှုနှင့် ထပ်ခါ တလဲလဲ ချိတ်ဆက်ခဲ့သည်။ အဓိကအားဖြင့် သူသည် မဟာမိတ်ကတိကဝတ်များကို လေးစား လိုက်နာပါမည်လားဟု သံသယ တိုးပွားလာစေသည်။ မဟာမိတ်များအနေဖြင့် အမေရိကန်၏ အကာအကွယ်အတွက် ငွေပေးသင့်ကြောင်း သူက အခိုင်အမာဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စု သည် နေတိုး (NATO) အဖွဲ့မှ ထွက်ခွာနိုင်ကြောင်း၊ ထိုင်ဝမ်ကို ကာကွယ်ပေးရန် ငြင်းဆိုနိုင် ကြောင်း သို့မဟုတ် ယူကရိန်းကို လုံးဝစွန့်လွှတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် သူ၏ ရည် ရွယ် ချက်မှာ မဟာမိတ်များ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ပိုရှိလာအောင် လုပ်ဆောင်ပေးခြင်းဖြင့် အမေရိကန်၏ မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုထိရောက်အောင် လုပ်ဆောင်ရန် မဟုတ်ချေ။ အမှန်မှာ အခွန်နှုန်းထား အကြီးအကျယ် မြှင့်တင်လိုက်ခြင်းသည် မိတ်ဖက်နိုင်ငံများ၏ စီးပွားရေး ကို ထိခိုက်စေပြီး ပိုမိုကြီးမားသော ကာကွယ်ရေးအသုံးစရိတ်ကို ပြည့်မီရန် ခက်ခဲသွားစေမည် ဖြစ် သည်။ သို့သော် ထရမ့်သည် အမေရိကန်မှ စစ်ရေးအရ အကူအညီမပေးဘဲ ဖယ်ခွာသွားနိုင်သည် ဟူသော ခြိမ်းခြောက်မှုကိုသုံး၍ စီးပွားရေးအလျှော့ပေးမှုများကို ရယူနေခြင်း ဖြစ်သည်။ ဤဗျူဟာ သည် အနည်းဆုံး စာရွက်ပေါ်တွင် ရေတိုအကျိုးအမြတ်အချို့ ရရှိစေသည်။ ဇူလိုင်လတွင် အီးယူ (EU) ခေါင်းဆောင်များသည် ယူကရိန်းကို ထရမ့်က ဆက်လက် ထောက်ခံလာစေရန် မျှော်လင့် ချက် ဖြင့် တစ်ဖက်သတ် ကုန်သွယ်ရေး သဘောတူညီချက် တခုကို လက်ခံခဲ့ကြသည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း ဇူလိုင်နှင့် နိုဝင်ဘာလများတွင် အသီးသီး လက် မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များ၌ အမေရိကန်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန် ကတိ ပြုခြင်းဖြင့် ၎င်းတို့အပေါ်စည်းကြပ်သည့် အခွန်နှုန်းထားကို လျှော့ချနိုင်ခဲ့သည်။ သြစတြေးလျ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပါကစ္စတန်နှင့် ယူကရိန်းတို့သည်လည်း ၎င်းတို့ ပိုင်နက်အတွင်း ရှိ အရေးကြီးသော သတ္တုအရင်းအမြစ်များကို အမေရိကန်အား အသုံးပြုခွင့် သို့မဟုတ် တစိတ် တပိုင်း ပိုင်ဆိုင်ခွင့် ပေးအပ်ခြင်းဖြင့် အမေရိကန်၏ထောက်ခံမှုကို ခိုင်မာအောင် လုပ်ဆောင်ခဲ့ကြ သည်။

သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူသည် သူးစဒီးဒီးစ် (Thucydides) ၏ ကျော်ကြား သော စကားစုအတိုင်း “အင်အားကြီးသူက လုပ်နိုင်သမျှလုပ်ပြီး အင်အားနည်းသူက ခံနိုင်သမျှခံ ရသည့်” ကမ္ဘာကြီးကို ပိုမိုနှစ်သက်သည်။ ထို့ကြောင့် ထိုကဲ့သို့သော နိုင်ငံမျိုးသည် အခြားသူများကို အခွင့်ကောင်း မယူနိုင်ရန် မိမိ၏ စွမ်းဆောင်ရည်ကို ကန့်သတ်နိုင်သော စံနှုန်း များ၊ စည်းမျဉ်းများ သို့မဟုတ် အဖွဲ့အစည်းများကို သတိထား စောင့်ကြည့်နေမည် ဖြစ်သည်။ ထို့ကြောင့် ထရမ့်သည် ကုလသမဂ္ဂကို အသုံးမဝင်သကဲ့သို့ သဘောထားခြင်း၊ ပဲရစ် ရာသီဥတု သဘောတူညီချက်နှင့် အီရန်နျူကလီးယား သဘောတူညီချက်ကဲ့သို့သော သူကိုယ်တိုင် ညှိနှိုင်းခဲ့သည့် သဘောတူညီ ချက်များကိုပင် ဖျက်ဆီးပစ်ရန် ဝမ်းမြောက်နေခြင်းနှင့် ပြန်လည်ဖောက်ဖျက်ခြင်းတို့မှာ အံ့ဩစရာ မဟုတ်ပေ။ သူသည် အီးယူ ကဲ့သို့သော အဖွဲ့အစည်းများ သို့မဟုတ် စည်းမျဉ်းအခြေခံသည့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ဆက်ဆံရခြင်းထက် နှစ်နိုင်ငံချင်း ကုန်သွယ်ရေး ဆွေးနွေးမှုများ ကိုသာ ပိုမိုနှစ်သက်သည်၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံတခုချင်းစီနှင့် တဦးချင်း ရင်ဆိုင်ရခြင်း က အမေရိကန်၏ အသာစီးရမှုကို ပိုမိုမြင့်တက်စေသောကြောင့် ဖြစ်သည်။ ထရမ့်သည် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ထိပ်တန်းအရာရှိများကိုလည်း အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) မှ ဖော်ဆောင်ထားသော ဓာတ်ငွေ့ ထုတ်လွှတ်မှုဆိုင်ရာ (ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု) ဈေးနှုန်းသတ်မှတ်ခြင်း အစီအစဉ်ကို လည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ IMO ၏ အဆိုပြုချက်သည် သင်္ဘောကုမ္ပဏီများကို ပိုမို သန့်စင်သော လောင်စာများ အသုံးပြုလာအောင် တိုက်တွန်းခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း၊ ထရမ့်က ယင်းကို “လိမ်လည်မှု” (scam) ဟု ရှုတ်ချကာ ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ဖျက်ဆီးခဲ့သည်။ သူ၏ အစိုးရအဖွဲ့က ထိုအစီအစဉ်ကို ထောက်ခံသူများအပေါ် အခွန်တိုးမြှင့်ခြင်း၊ အရေးယူပိတ်ဆို့ခြင်းနှင့် အခြားသော အစီအမံများ ဖြင့် အပိုင်း ၂ခြိမ်းခြောက်ခဲ့ပြီးနောက်၊ တရားဝင် အတည်ပြုရန် မဲခွဲမှုကို တစ်နှစ် ရွှေ့ဆိုင်းလိုက်ရသည်။ အောက်တိုဘာလတွင် IMO ကိုယ်စားလှယ်တစ်ဦးက အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် “လူမိုက်များ (gangsters) ကဲ့သို့ ပြုမူနေသည်” ဟု ပြောကြားခဲ့သည်။ “IMO အစည်းအဝေးတခု မှာ ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး” ဟု ဆိုသည်။

ဝါရှင်တန်၏ သားရဲကဲ့သို့ အနိုင်ကျင့် စိုးမိုးမှုအကြောင်း ဆွေးနွေးရာတွင် အခြားနိုင်ငံများ ပိုင်နယ်မြေများအပေါ် စိတ်ဝင်စားကြောင်း ထရမ့်က ထုတ်ဖော်ပြောကြားခဲ့မှု နှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကာ အခြားနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်လိုသော သူ၏ ဆန္ဒကို ချန်လှပ်ထား၍ မရနိုင်ပေ။ ဂရင်းလန်း (Greenland) ကျွန်းကို သိမ်းပိုက်လိုကြောင်း နှင့် ယင်းကို ဆန့်ကျင်သော ဥရောပနိုင်ငံများအပေါ် အပြစ်ပေးသည့် အနေဖြင့် အခွန်ကြီးလေးစွာ စည်းကြပ်မည်ဟု ခြိမ်းခြောက်မှုများသည် ထိုကဲ့သို့သော စိတ်ဆန္ဒ၏ အထင်ရှားဆုံး ဥပမာဖြစ် သည်။ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် ဒိန်းမတ်စစ်ထောက်လှမ်းရေး၏ နှစ်ပတ်လည် ခြိမ်း ခြောက်မှု အကဲဖြတ်ချက်တွင် “အမေရိကန်ပြည်ထောင်စုသည် မိမိ၏ဆန္ဒကို အကောင်အထည် ဖော်ရန်အတွက် အခွန်ကြီးလေးစွာ စည်းကြပ်မည်ဟု ခြိမ်းခြောက်ခြင်း အပါအဝင် စီးပွားရေး အာဏာကို အသုံးပြုနေပြီး၊ မဟာမိတ်များအပေါ်တွင်ပင် စစ်အင်အားအသုံးပြုရန် ဖြစ်နိုင်ခြေကို ပယ်ထုတ်ထားခြင်း မရှိတော့ပေ” ဟု သတိပေးထားသည်။ ကနေဒါကို ၅၁ ခုမြောက် ပြည်နယ် အဖြစ် လုပ်ဆောင်ရန် သို့မဟုတ် ပနားမားတူးမြောင်းဇုန်ကို ပြန်လည်သိမ်းပိုက်ရန် ထရမ့်၏ တွေး တောမှုများသည်လည်း အလားတူ ပထဝီနိုင်ငံရေးလောဘဇောနှင့် အခွင့်အရေးသမားဆန်မှုကို ပြသနေသည်။ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရို ကို ပြန်ပေးဆွဲရန် သူ၏ ဆုံးဖြတ်ချက်သည် အခြားအင်အားကြီးနိုင်ငံများ လိုက်နာရန် အန္တရာယ်ရှိသော စံနမူနာတစ်ခုကို ချမှတ်လိုက်ခြင်း ဖြစ်သည်။ လက်ရှိစံနှုန်းများကို ဂရုမစိုက်သည့်အပြင် အခြားသူများ၏ အားနည်းချက်ကို အမြတ် ထုတ်လိုသော သားရဲတစ်ကောင်၏သဘာဝကို ပေါ်လွင်စေသည်။

ဤသားရဲကဲ့သို့ အနိုင်ကျင့်လိုသော စိတ်ဆန္ဒသည် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအထိ ပြန့်နှံ့နေပြီး အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် ဥရောပသည် “ယဉ်ကျေးမှု ပျောက်ကွယ်ခြင်း” (civilizational erasure) နှင့် ရင်ဆိုင်နေရကြောင်း နှင့် ဥရောပအပေါ် ထားရှိ သော အမေရိကန်၏မူဝါဒတွင် “ဥရောပနိုင်ငံများအတွင်းရှိ လက်ရှိလားရာများကို ဆန့်ကျင် ကန့် ကွက်မှုများ ဖြစ်ပေါ်လာအောင် ပျိုးထောင်ပေးခြင်း” ပါဝင်သင့်ကြောင်း ကြေညာခဲ့သည်။ တနည်း အားဖြင့် ဥရောပနိုင်ငံများသည် ထရမ့်အစိုးရ၏ “လူမျိုးစု အခြေပြု အမျိုးသားရေးဝါဒ” (blood and soil nationalism) ကို လက်ခံရန်နှင့် လူဖြူမဟုတ်သူများ သို့မဟုတ် ခရစ်ယာန်မဟုတ်သော ယဉ်ကျေးမှု၊ ဘာသာတရားများအပေါ် ရန်လိုမှုကို လက်ခံကျင့်သုံးရန် ဖိအားပေးခြင်း ခံရမည်ဖြစ် သည်။ သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူအတွက် မည်သည့်ကိစ္စကိုမျှ ချွင်းချက်ထားခြင်း မရှိပေ။

ထရမ့်သည် အမေရိကန်၏ အထူးအခွင့်အရေးရရှိထားသော နိုင်ငံတကာ အနေအထားကို အသုံးပြု၍ မိမိကိုယ်တိုင်နှင့် မိမိမိသားစုအတွက် အကျိုးအမြတ်များ ရယူရန်အတွက်လည်း အသုံး ပြုနေသည်။ ကာတာနိုင်ငံသည် သူ့အား လေယာဉ်တစ်စင်း လက်ဆောင်ပေးခဲ့ပြီးဖြစ်ရာ ပြန်လည်မွမ်းမံရန်အတွက် အမေရိကန်အခွန်ထမ်းများ၏ငွေ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျ မည်ဖြစ်ပြီး သူရာထူးမှ ထွက်သွားပြီးနောက် သူ၏ သမ္မတစာကြည့်တိုက်တွင် အဆုံး သတ်သွားနိုင် သည်။ ထရမ့်လုပ်ငန်းစု (The Trump Organization) သည် အစိုးရအဖွဲ့၏ မျက်နှာသာပေးမှုကို ရယူလိုသော အစိုးရများနှင့် ဒေါ်လာသန်းပေါင်းများစွာတန်သော ဟိုတယ်ဖွံ့ဖြိုးရေး သဘော တူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်၊ ထို့ပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် အခြားနေရာများမှ သြဇာညောင်းသူများသည် ထရမ့်၏ World Liberty Financial ခရစ်ပတို ငွေကြေး လုပ်ငန်းမှ ထုတ်ဝေသော တိုကင် (tokens) များကို ဒေါ်လာဘီယံပေါင်းများစွာ ဝယ်ယူခဲ့ ကြသည်။ ထိုသို့ဝယ်ယူခြင်းမှာ UAE အနေဖြင့် ပုံမှန်အားဖြင့် အမေရိကန်၏ တင်းကျပ်သော ပို့ကုန် ထိန်းချုပ်မှုအောက်တွင်ရှိသည့် အဆင့်မြင့် ချစ်ပ်ပြား (chips) များကို အထူးအသုံးပြုခွင့် ရရှိခဲ့သည့် အချိန်နှင့် တစ်ပြိုင်နက်တည်း ဖြစ်နေသည်။ အမေရိကန်သမိုင်းတွင် မည်သည့်သမ္မတမျှ သမ္မတ ရာထူးကို ယခုကဲ့သို့ အတိုင်းအတာအထိ သို့မဟုတ် အကျိုးစီးပွားပဋိပက္ခများကို ယခုကဲ့သို့ ဗြောင် ကျကျ လျစ်လျူရှုကာ ငွေရှာသည့်နေရာအဖြစ် အသုံးမချနိုင်ခဲ့ဖူးပေ။

မာဖီးယားဂိုဏ်းချုပ် သို့မဟုတ် အင်ပါယာဘုရင်တစ်ပါးကဲ့သို့ပင် ထရမ့်သည် သူ၏ မျက်နှာ သာ ပေးမှုကို ရယူလိုသော ပြည်ပခေါင်းဆောင်များအနေဖြင့် သူ၏အစိုးရအဖွဲ့ဝင်များ ပြုမူသကဲ့သို့ ဂုဏ်သိက္ခာကျဆင်းစေသော ရိုသေမှုများနှင့် ရွံရှာဖွယ်ကောင်းသော မြှောက်ပင့်မှုများကို ပြုလုပ် ရန် မျှော်လင့်ထားသည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတာ (Mark Rutte) ၏ ရှက်ဖွယ်အပြုအမူကို မည်သို့ရှင်းပြရမည်ပင် မသိချေ။ သူက နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ် ရေးအသုံးစရိတ်ကို တိုးမြှင့်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ထရမ့်မှာ “ချီးမွမ်းမှုအားလုံးနှင့် ထိုက်တန်ပါသည်” ဟု ပြောကြားခဲ့သည်၊ အမှန်စင်စစ် ထိုတိုးမြှင့်မှုများသည် ထရမ့် ပြန်လည် အရွေးမခံရမီကတည်းက စတင်နေပြီဖြစ်သည်။ ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုမှာလည်း ဤအပြောင်းအလဲကို တွန်းအားပေးရာတွင် အရေးပါသော အချက်တချက် ဖြစ်ခဲ့သည်။ ရူတာသည် ၂၀၂၅ ခုနှစ် မတ်လတွင် ထရမ့်သည် ယူကရိန်းကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် “ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ချိုးဖျက်ပေးခဲ့သည်” ဟုလည်း ကြေညာခဲ့သည်။ (ယင်းမှာ လုံးဝ မမှန်ကန်ပေ)။ ဇွန်လတွင် အီရန်အပေါ် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို “ဘယ်သူမှ မလုပ်ရဲတဲ့အရာ” ဟု ချီးကျူးခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းတွင် ထရမ့်၏ ငြိမ်းချမ်းရေး ကြိုး ပမ်းမှုများကို ပညာရှိပြီး စေတနာကောင်းသော “ဖေဖေ” (daddy) တစ်ယောက်၏ လုပ်ဆောင် ချက်များနှင့် နှိုင်းယှဉ်ခဲ့သည်။

ရူတာတစ်ဦးတည်း မဟုတ်ပေ- အစ္စရေး၊ ဂီနီဘစ်ဆော၊ မော်ရီတေးနီးယားနှင့် ဆီနီဂေါ တို့မှ အပါအဝင် အခြားသော ကမ္ဘာ့ခေါင်းဆောင်များသည်လည်း ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်း ရေးဆု ချီးမြှင့်ရန် လူသိရှင်ကြား ထောက်ခံခဲ့ကြသည်။ ဆီနီဂေါသမ္မတမှာမူ ထရမ့်၏ ဂေါက်သီး ရိုက် စွမ်းရည်ကိုပါ မလိုအပ်ဘဲ ချီးမွမ်းခန်းဖွင့်ခဲ့သည်။ နောက်ကွယ်မှ ကျန်မနေစေရန် တောင် ကိုရီးယားသမ္မတ လီဂျေမြောင် သည် ဆိုးလ်မြို့သို့ ထရမ့် လာရောက်လည်ပတ်စဉ်က ကြီးမား သော ရွှေသရဖူတစ်ခုကို လက်ဆောင်ပေးခဲ့ပြီး တရားဝင် ညစာစားပွဲအပြီးတွင် “ငြိမ်းချမ်းရေး ဖော်ဆောင်သူ၏ အချိုပွဲ” ဟု အမည်တပ်ထားသော ဟင်းလျာတစ်ခုကို တည်ခင်းကျွေးမွေး ခဲ့သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ Gianni Infantino ပင်လျှင် ယင်းတွင် ပါဝင် လာခဲ့ပြီး အဓိပ္ပာယ်မရှိသော “FIFA ငြိမ်းချမ်းရေးဆု” ကို ဖန်တီးကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တွင် ခမ်းနားကြီးကျယ်သော အခမ်းအနားဖြင့် ထရမ့်ကို ပထမဆုံး ဆုရရှိသူအဖြစ် အမည်ပေး ကင်ပွန်း တပ်ခဲ့သည်။

သစ္စာစောင့်သိမှု ပြသရန် တောင်းဆိုခြင်းမှာ ထရမ့်၏ အကန့်အသတ်မရှိသော အာရုံစိုက် မှုနှင့် ချီးမွမ်းမှုကို လိုလားတောင့်တမှုကြောင့်သာ မဟုတ်ပေ။ ယင်းသည် လိုက်နာမှုကို ပိုမိုခိုင်မာ စေရန်နှင့် သေးငယ်သော ဆန့်ကျင်မှုများကိုပင် ဟန့်တားရန်အတွက်လည်း အသုံးဝင်သည်။ ထရမ့်ကို စိန်ခေါ်သော ခေါင်းဆောင်များသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အကြိမ် ကြိမ် ကြုံတွေ့ခဲ့ရသကဲ့သို့ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခံရပြီး ပိုမိုဆိုးရွားသော ဆက်ဆံမှုများ ဖြင့် ခြိမ်းခြောက်ခံရလေ့ရှိသည်။ တဖက်တွင်မူ ထရမ့်ကို အရှက်မရှိ မြှောက်ပင့်သော ခေါင်းဆောင် များသည် အနည်းဆုံးတော့ လက်ရှိအချိန်တွင် နူးညံ့သော ဆက်ဆံမှုကို ရရှိကြသည်။ ဥပမာ- ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် ဘဏ္ဍာရေးဌာနသည် အာဂျင်တီးနား ပီဆိုငွေကြေးကို အားကောင်းစေရန် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ငွေကြေးဖလှယ်မှု (currency swap) လိုင်းတစ်ခု ကို တိုးမြှင့်ပေးခဲ့သည်၊ အမှန်စင်စစ် အာဂျင်တီးနားသည် အမေရိကန်၏ အရေးပါသော ကုန်သွယ် ဘက် မဟုတ်သည့်အပြင် ထရမ့် ကုန်သွယ်ရေးစစ်ပွဲ မစတင်မီက ဒေါ်လာဘီယံပေါင်း များစွာ တန်ဖိုးရှိခဲ့သော အမေရိကန်၏ တရုတ်သို့ ပဲပုပ်တင်ပို့မှုကိုပင် အစားထိုး နေရာယူနေသည့် နိုင်ငံဖြစ်သည်။ သို့သော် အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလိုင်း (Javier Milei) သည် ထရမ့်ကို သူ၏ စံပြပုဂ္ဂိုလ်အဖြစ် ဗြောင်ကျကျချီးမွမ်းသော သူ့အကြိုက်လိုက်သည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် တောင်းဆိုမှုစာရင်းများအစား အကူအညီများကို လက်ဆောင်အဖြစ် ရရှိခဲ့သည်။ ပြစ်ဒဏ်စီရင်ခံထားရသော မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတဦးဖြစ်သည့် ဟွန်ဒူးရပ်စ် သမ္မတ ဟောင်း Juan Orlando Hernández ပင်လျှင် ထရမ့် သဘောတွေ့သွားပါက၊ အကြောင်းအလျား ကိုက်ညီပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ရရှိနိုင်ပေသည်။

ထရမ့်ကို မြှောက်ပင့်ခြင်းဖြင့် မျက်နှာသာရယူရန် ကြိုးပမ်းမှုများသည် လက်နက်ပြိုင်ဆိုင် မှု တခုနှင့်တူနေပြီး ပြည်ပခေါင်းဆောင်များသည် မည်သူက အချိန်တိုအတွင်း အများဆုံး ချီးမွမ်း နိုင်မည်နည်းဆိုသည်ကို ပြိုင်ဆိုင်နေကြသည်။ ထရမ့်သည် သူသတ်မှတ်ထားသော လမ်း ကြောင်းမှ သွေဖည်သွားသည့် ခေါင်းဆောင်များကိုလည်း ချက်ချင်း ပြန်လည်တိုက်ခိုက်တတ် သည်။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ သည် အိန္ဒိယနှင့် ပါကစ္စတန်အကြား နယ်စပ်ပဋိပက္ခများ ကို ရပ်တန့်ပေးခဲ့သည်ဟူသော ထရမ့်၏ ပြောကြားချက်ကို ငြင်းဆိုခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် အိန္ဒိယသည် ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ခြင်း ခံခဲ့ရသည် (နောက်ပိုင်း တွင် ရုရှားထံမှ ဆီဝယ်ယူသည့်အတွက် အပြစ်ပေးသည့်အနေဖြင့် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ခံခဲ့ ရသည်)။ အွန်တေးရီးယိုးပြည်နယ် အစိုးရက ထရမ့်၏အခွန်မူဝါဒကို ဝေဖန်သည့် တီဗီ ကြော်ငြာ တခု ထုတ်လွှင့်ပြီးနောက်၊ ထရမ့်သည် ကနေဒါအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားကို ချက်ချင်းပင် နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) သည် မကြာမီမှာပင် တောင်းပန်ခဲ့ရပြီး ထိုကြော်ငြာသည်လည်း ရုပ်သံလိုင်းများပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုကဲ့သို့သော အရှက်ရမှုများကို ရှောင်ရှားရန်အတွက် ခေါင်း ဆောင်အများအပြားသည် ကြိုတင်ဒူးထောက် အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်။

တော်လောက်ပြီ (ENOUGH IS ENOUGH)

ထရမ့် နှင့် ၎င်းကို ထောက်ခံသူများကမူ (အခြားနိုင်ငံများ၏) ထိုသို့ လိုက်လျောမှုများသည် တင်းတင်းမာမာ ကိုင်တွယ်သည့်ဗျူဟာ (Playing hardball) သည် အမေရိကန်ပြည်ထောင်စု အတွက် အကျိုးအမြတ် ဆောင်ကြဉ်းပေးနိုင်ကြောင်း သိသာထင်ရှား လက်ဆုပ်လက်ကိုင် ပြနိုင် သော သက်သေအထောက်အထား ဖြစ်သည်ဟု မြင်ကြသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Anna Kelly က ဩဂုတ်လတွင် ပြောကြားခဲ့သကဲ့သို့ “ရလဒ်တွေက သူတို့ဘာသာ သက်သေပြ နေပါတယ်- သမ္မတရဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေဟာ ကျွန်ုပ်တို့ရဲ့ လယ်သမားတွေနဲ့ အလုပ်သမားတွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို ဖန်တီးပေးနေတယ်၊ ဒေါ်လာ ထရီလီယံပေါင်းများစွာတန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကျွန်ုပ်တို့ နိုင်ငံထဲကို စီးဝင်လာနေတယ်၊ ပြီးတော့ ဆယ်စုနှစ်နဲ့ချီတဲ့ စစ်ပွဲတွေလည်း ပြီးဆုံးသွားပြီ။ … ပြည်ပခေါင်းဆောင်တွေဟာ သမ္မတ ထရမ့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့နဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ထရမ့်ရဲ့ စီးပွားရေးမှာ ပါဝင်ခွင့်ရဖို့ စိတ်အားထက်သန်နေကြပါတယ်” ဟု ဆိုသည်။ အစိုးရအဖွဲ့သည် အခြားနိုင်ငံများကို ထာဝစဉ် အမြတ်ထုတ်နိုင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် အမေရိကန်ကို ပိုမိုအင်အားကြီး လာစေကာ အခြားနိုင်ငံများအပေါ် အသာစီးရယူနိုင်စွမ်း ပိုမိုမြင့်တက်စေမည်ဟု ယုံကြည်နေပုံ ရသည်။ မှားယွင်းနေပါသည်။ သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုတွင် ၎င်းကို ပြိုကွဲပျက်စီးစေ မည့် မျိုးစေ့ ကိန်းဝပ်နေပါသည်။

ပထမဆုံးပြဿနာမှာ အစိုးရအဖွဲ့က ကြွားဝါပြောဆိုနေသည့် အကျိုးအမြတ်များ ဆိုသည် မှာ ချဲ့ကားပြောဆိုခြင်း ဖြစ်သည်။ ထရမ့်က အဆုံးသတ်လိုက်ပြီဟု ပြောဆိုနေသော စစ်ပွဲအများစု မှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ အမေရိကန်သို့ ဝင်ရောက်လာသော ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ်များသည်လည်း ဒေါ်လာထရီလီယံပေါင်းများစွာ ဖြစ်လာရန် များစွာလိုအပ်နေသေးပြီး ထိုပမာဏ အပြည့်အဝ ရောက်ရှိလာရန်လည်း မဖြစ်နိုင်ပေ။ ဉာဏ်ရည်တု (AI) အပေါ် ရူးသွပ်မှု ကြောင့် ဖြစ်ပေါ်လာသည့် ဒေတာစင်တာများ (Data centers) ၏ ကိန်းဂဏန်းများမှလွဲ၍ အမေရိ ကန် စီးပွားရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေခြင်း မရှိပါ။ မတိုးတက်ရခြင်းမှာ တစိတ်တပိုင်း အားဖြင့် ထရမ့်၏ စီးပွားရေးမူဝါဒများမှ ဖြစ်ပေါ်လာသော အတားအဆီးများ (headwinds) ကြောင့် ဖြစ်သည်။ ထရမ့်၊ သူ၏ မိသားစုနှင့် သူ၏ နိုင်ငံရေးမဟာမိတ်များသည် သူ၏ အနိုင်ကျင့် သော မူဝါဒများမှ အကျိုးအမြတ် ရရှိနိုင်သော်လည်း နိုင်ငံသား အများစုမှာမူ အကျိုးမရှိကြပေ။

အခြားပြဿနာတစ်ခုမှာ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုအခါ ကဏ္ဍအတော်များ များတွင် အမေရိကန်နှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။ တရုတ်၏ ဂျီဒီပီ (GDP) မှာ အမည်ခံ တန်ဖိုး (nominal terms) အရ သေးငယ်သော်လည်း ဝယ်ယူနိုင်စွမ်းအား တူညီမှု (purchasing power parity) အရဆိုလျှင် ပိုမိုကြီးမားသည်၊ ၎င်း၏ တိုးတက်မှုနှုန်းမှာလည်း ပိုမြင့်သည်၊ ယခု အခါ ၎င်းသည် အမေရိကန်နီးပါး ကုန်ပစ္စည်းများကို တင်သွင်းနေပြီ ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုတွင် ၎င်း၏ဝေစုမှာ ၁၉၅၀ ပြည့်နှစ်က တစ်-ရာခိုင်နှုန်း အောက်သာ ရှိခဲ့သော်လည်း ယနေ့တွင် ၁၅ ရာနှုန်းခန့်အထိ မြင့်တက်လာခဲ့သည်။ အမေရိကန် ၏ ဝေစုမှာ ၁၉၅၀ ပြည့်နှစ်က ၁၆ ရာခိုင်နှုန်းမှ ယနေ့တွင် ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်အပါအဝင် အခြားနိုင်ငံအများအပြား မှီခိုနေရသော သန့်စင်ပြီး မြေရှားသတ္တု (rare-earth elements) ဈေးကွက်ကို ထိန်းချုပ်ထားသည်။ တရုတ်သည် သိပ္ပံပညာ ရပ်ဆိုင်ရာ နယ်ပယ်အတော်များများတွင် ဦးဆောင်သူတဦးအဖြစ် လျင်မြန်စွာ နေရာယူလာသည်။ ထို့ပြင် အမေရိကန်လယ်သမားများအပါအဝင် အခြားအဖွဲ့အစည်း အများအပြားမှာလည်း တရုတ် ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရန် လိုလားနေကြသည်။

ထရမ့်အနေဖြင့် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ရပ်ဆိုင်းရန်နှင့် အမေရိကန်အရာရှိများ ကို ပစ်မှတ်ထားသည့် ဆိုက်ဘာထောက်လှမ်းရေးလုပ်ငန်း လုပ်ကိုင်နေသော တရုတ်၏ နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနကို အရေးယူပိတ်ဆို့မည့် အစီအစဉ်များကို ဆိုင်းငံ့ရန် မကြာသေးမီက ဆုံးဖြတ်ချက်ချခဲ့ရသည်။ သူသည် အင်အားနည်းသောနိုင်ငံများကို အနိုင်ကျင့်သကဲ့သို့ အခြား အင်အားကြီးနိုင်ငံများကို အနိုင်ကျင့်၍ မရနိုင်ကြောင်းကို ထိုအချက်က သက်သေပြ နေပါသည်။

February 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...

𝟮𝟮-𝟎𝟭-𝟐𝟎𝟐𝟲 မှ 𝟭𝟴-𝟬𝟮-𝟐𝟎𝟐𝟲 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

22 . 1 . 2026 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - ဘူးသီး - 70 kg ၊ ရုံးပတီသီး - 5 kg ၊ ချဉ်ပေါင် - 3 kg ၊ သခွါးသီး - 84 kg ၊ ပဲတောင့်ရှည် - 38 kg ၊ ခရမ်းသီး - 7 kg ၊ ဘူးညွန့် - 5 kg နှင့် ဗုံလုံသီး - 2 kg ၊ စုစုပေါင်း = 219 kg အား ( SAW ) ကျောင်း သို့ လူဦးရေ -...

အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဉ် (၁၉) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ /ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင်...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၇)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇) ရက်နေ့၊နံနက်ပိုင်း (၉:၃၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ Human Rights Program Manager ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻.𝗼𝗿𝗴 ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း )...

Announcement for Human Rights Documentation Training လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူခြင်းဆိုင်ရာသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၆) ရက်နေ့အထိ လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍...

America and China at the Edge of Ruin – Final Part

တဖက်နှင့်တဖက် နှုတ်ဆက်ကြခြင်း ပေကျင်းနှင့် ဝါရှင်တန်တို့သည် နိုင်ငံနှစ်ခုလုံးရှိ လူ့အဖွဲ့အစည်းများအကြား သိသာထင်ရှား သော သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများ ကဲ့သို့သော ပြုပြင်ပြောင်းလဲရန် လွယ်ကူသည့် ကိစ္စရပ်များကို...