The Predatory Hegemon – Part 1

Feb 25, 2026 | ANNOUNCEMENT, Featured | 0 comments

အနှစ်ချုပ်မှာ

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော် ဒုတိယသက်တမ်းဖြစ်သော ယနေ့ ထရမ့်လက်ထက်တွင်မူ အမေရိကန်သည် မိမိကိုယ်ကျိုးအတွက်သာ ကြည့်ပြီး မဟာမိတ်များကိုပင် အမြတ်ထုတ်သော “သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူ” (Predatory hegemon) အဖြစ်သို့ ကူးပြောင်းလာသည်။ ဤဗျူဟာသည် ကမ္ဘာကြီးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ် ရှုမြင်ပြီး၊ မည်သည့်အပေးအယူတွင်မဆို အခြားသူများထက် မိမိက ပိုမိုရရှိရန်နှင့် အကြီးဆုံးဝေစုကိုသာ ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်။

စေတနာရှိသော ဗိုလ်ကျစိုးမိုးသူသည် မဟာမိတ်များ ကြွယ်ဝမှ မိမိလည်း ကြွယ်ဝမည်ဟု ယုံကြည်ကာ စည်းမျဉ်းများကို လေးစားသော်လည်း၊ သားရဲကဲ့သို့ အနိုင်ကျင့်လိုသူမှာမူ ပြိုင်ဘက်ကိုရော မဟာမိတ်ကိုပါ အခွင့်ကောင်းယူရန် ဝန်မလေးပေ။ ထရမ့်သည် ကုန်သွယ်ရေးလိုငွေပြမှုကို လုယက်ခံရမှု အဖြစ် ရှုမြင်ကာ အခွန်အတုတ်များ (Tariffs) ကို လက်နက်သဖွယ် အသုံးပြုလျက်ရှိသည်။ ၎င်းသည် ဘရာဇီး၊ ကနေဒါ၊ မက္ကဆီကိုနှင့် ကိုလံဘီယာတို့အပေါ် အခွန်တိုးမြှင့်ခြင်းဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ အလျှော့ပေးမှုများကို အတင်းအဓမ္မ ထုတ်ယူခဲ့သည်။ ထို့ပြင် စစ်ရေးအရ အကာအကွယ် ပေးမှုကို စီးပွားရေးတောင်းဆိုချက်များနှင့် ချိတ်ဆက်ကာ နေတိုး၊ ထိုင်ဝမ်နှင့် ယူကရိန်းတို့ကို စွန့်လွှတ်နိုင် ကြောင်း ခြိမ်းခြောက်ခြင်းဖြင့် အကျိုးအမြတ်ထုတ်ယူသည်။ ဤဗျူဟာသည် ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူတို့ ထံမှ ရေတိုအကျိုးအမြတ်အချို့ ရရှိစေခဲ့သော်လည်း ရေရှည်အတွက်မူ ခိုင်မာမှုမရှိပေ။

သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် အဖွဲ့အစည်းများကို လျစ်လျူရှုကာ နှစ်နိုင်ငံချင်း (Bilateral) ဆွေးနွေးမှုများကိုသာ ဦးစားပေးသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ကို အသုံးမပြုဘဲ၊ ပဲရစ်ရာသီဥတု သဘောတူညီချက်နှင့် အီရန်နျူကလီးယား သဘောတူညီချက်များကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုမျှသာမက ဂရင်းလန်းကျွန်းကို သိမ်းပိုက်လိုခြင်း နှင့် ဗင်နီဇွဲလားသမ္မတကို ပြန်ပေးဆွဲခြင်းကဲ့သို့သော လုပ်ရပ်များသည် နိုင်ငံတကာစံနှုန်းများကို ပေါ်ပေါ် ထင်ထင် ချိုးဖောက်ခြင်းဖြစ်သည်။ ယင်းအပြင် သမ္မတရာထူးကို အသုံးပြု၍ မိမိမိသားစုအတွက် စီးပွားရေး အကျိုးအမြတ်များ ရယူခြင်းနှင့် ပြည်ပခေါင်းဆောင်များထံမှ ဂုဏ်သိက္ခာကျဆင်းစေသော မြှောက်ပင့်မှု များကို တောင်းဆိုခြင်းတို့သည်လည်း ထင်ရှားသော လက္ခဏာများဖြစ်သည်။

သို့သော် ဤကဲ့သို့သော အနိုင်ကျင့်သည့် မူဝါဒတွင် မိမိကိုယ်ကို ဖျက်ဆီးမည့် မျိုးစေ့များ ပါရှိနေ သည်။ ပထမဦးစွာ အခြားနိုင်ငံများသည် အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းလာ ကြသည်။ အိန္ဒိယ၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် တရုတ်နှင့် ရုရှားတို့ဘက်သို့ ပိုမိုလှည့်လာ ကြပြီး၊ အခြားသော ကုန်သွယ်ဖက်သစ်များကို ရှာဖွေလာကြသည်။ ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် မိမိကိုယ်ကိုယ် တာဝန်ယူမှုရှိသော အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်ကာ အမေရိကန်၏ နေရာကို အစားထိုး ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အမေရိကန်၏ ခန့်မှန်းရခက်သော မူဝါဒများကြောင့် နိုင်ငံတကာတွင် အမေရိကန်အပေါ် အမြင်များမှာ ပိုမိုဆိုးရွားလာနေသည်။

သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုသည် အမေရိကန်၏ ဆယ်စုနှစ်နှင့်ချီသော သြဇာအာဏာ ကွန်ရက်များကို အားနည်းသွားစေသည်။ အခြားနိုင်ငံများကို လေးစားမှုမရှိဘဲ အမြတ်ထုတ်ခြင်းသည် ရေတိုတွင် အနိုင်ရသယောင်ရှိသော်လည်း၊ ရေရှည်တွင်မူ အမေရိကန်ကို ပိုမိုဆင်းရဲစေကာ လုံခြုံမှုကင်းမဲ့စေပြီး သြဇာအာဏာကို ရုတ်တရက် ပြိုလဲသွားစေနိုင်သည့် ရှုံးနိမ့်မည့် ဗျူဟာတစ်ခုသာ ဖြစ်ကြေင်း သုံးသပ်ထားပါသည်။

ရှည်လျးသဖြင့် ၃ ပိုင်းခွဲထားပါသည်။

လေးစားစွာ

စန်းအောင်

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း – အပိုင်း ၁

Stephen M. Walt:

Foreign Affairs Magazine: March/April 2026Published on February 3, 2026

          ၂၀၁၇ ခုနှစ်၊ ဒေါ်နယ်ထရမ့် ပထမဆုံးအကြိမ် အမေရိကန်သမ္မတအဖြစ် စတင် တာဝန် ယူစဉ်တည်းက သူ၏ နိုင်ငံခြားရေးဆက်ဆံမှု ချဉ်းကပ်ပုံကို ဖော်ပြရန် သင့်တော်သော ခေါင်းစဉ်တစ်ခုကို ဝေဖန်သုံးသပ်သူများမှ ရှာဖွေခဲ့ကြသည်။ စာမျက်နှာများတွင် ရေးသားရာ၌ နိုင်ငံရေးသိပ္ပံပညာရှင် Barry Posen က ၂၀၁၈ ခုနှစ်တွင် ထရမ့်၏ မဟာဗျူဟာမှာ “အစာမကြေ သော ဗိုလ်ကျစိုးမိုးမှု” (illiberal hegemony) ဖြစ်သည်ဟု အကြံပြုခဲ့ပြီး၊ လေ့လာဆန်းစစ်သူ Oren Cass ကမူ ၎င်း၏ အဓိကအနှစ်သာရမှာ “အပြန်အလှန် လုပ်ဆောင်ပေးရန်” (reciprocity) တောင်းဆိုခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ဆောင်းဦးရာသီက ငြင်းခုံခဲ့သည်။ ထရမ့်ကို လက်တွေ့ဘဝ ဆန်သူ (realist)၊ အမျိုးသားရေးဝါဒီ (nationalist)၊ ရှေးရိုးစွဲ ကုန်သွယ်ရေးဝါဒီ (mercantilist)၊ နယ်ချဲ့ဝါဒီ (imperialist) နှင့် သီးခြားနေထိုင်လိုသူ (isolationist) ဟူ၍ အမျိုးမျိုး ခေါ်ဆိုခဲ့ကြ သည်။ ဤအသုံးအနှုန်း တစ်ခုစီသည် သူ၏ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံပုံ တစိတ်တပိုင်းကို ဖော်ပြနိုင်သော်လည်း၊ သူ၏ ဒုတိယအကြိမ် သမ္မတသက်တမ်း၏ မဟာဗျူဟာကို “သားရဲ ကဲ့သို့ အနိုင်ကျင့် စိုးမိုးမှု” (predatory hegemony) ဟု ဖော်ပြခြင်းမှာ အကောင်းဆုံး ဖြစ်လောက် ပါသည်။ ၎င်း၏ အဓိကရည်မှန်းချက်မှာ ဝါရှင်တန်၏ အထူးအခွင့်အရေးရရှိထားသော အနေ အထားကိုသုံး၍ မဟာမိတ်များထံမှ သာမက ပြိုင်ဘက်များထံမှပါ အလျှော့ပေးမှုများ၊ လက် ဆောင် ပဏ္ဏာများနှင့် လေးစားကြည်ညိုမှု ခံယူရန်ဖြစ်သည်။ အနိုင်နှင့်အရှုံးသာရှိသော (zero-sum) ကမ္ဘာကြီးတွင် ရေတိုအကျိုးအမြတ်များကို ရှာဖွေရန် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ပေါကြွယ်ဝလျက်ရှိသော အရင်းအမြစ်များနှင့် ပထဝီဝင် တည် နေရာ အားသာချက်များအရ “သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးလိုမှု” သည် အချိန်တစ်ခုအထိ အလုပ်ဖြစ်နိုင်ပါသည်။ သို့သော် ရေရှည်တွင် ကြမ္မာဆိုးဝင် ကျရှုံးမည်ဖြစ်သည်။ အင်အားကြီး နိုင်ငံ များ အပြိုင်အဆိုင်ရှိနေသော ကမ္ဘာကြီးနှင့် သူ၏မူဝါဒမှာ ကိုက်ညီမှုမရှိပါ။ အထူးသဖြင့် တရုတ် နိုင်ငံသည် စီးပွားရေးနှင့်စစ်ရေးအရ တန်းတူပြိုင်ဘက် ဖြစ်လာနေသည်။ တရုတ်ကဲ့သို့ပင် အင် အား ကြီးထွားလာသည့်နိုင်ငံများမှ ကမ္ဘာ့အခြားနိုင်ငံများအား အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချရန် နည်းလမ်းများကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ နောင်လာမည့် နှစ် များတွင် ဤ “သားရဲကဲ့သို့ အနိုင်ကျင့်ဗိုလ်ကျမှု” ကို အမေရိကန်၏ မဟာဗျူဟာအဖြစ် ဆက် လက် ကျင့်သုံးနေမည်ဆိုပါက၊ အမေရိကန်နှင့်အတူ မဟာမိတ်နိုင်ငံများကိုပါ အားနည်းသွားစေ မည်ဖြစ်သည်။ တကမ္ဘာလုံးတွင် အမေရိကန်အပေါ် မကျေနပ်မှုများပြားလာပြီး ဝါရှင်တန်၏ အဓိကပြိုင်ဘက်များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးသကဲ့သို့ ဖြစ်လာနိုင်ပါသည်။ အမေရိကန်ပြည်သူများအတွက် လုံခြုံမှုနည်းပါးလာခြင်း၊ ချမ်းသာကြွယ်ဝမှု နည်းပါးလာခြင်း၊ သြဇာအာဏာ နည်းပါးလာခြင်း – စသည့် ဆုတ်ရုတ် လျော့နည်းလာခြင်းတို့သာ အဖတ်တင် ကျန်ရှိ မည် ဖြစ်သည်။

ထိပ်တန်းအဆင့် သားရဲ (APEX PREDATOR)

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း ကမ္ဘာကြီးတွင် ဩဇာအာဏာလွှမ်းမိုးမှု ပုံစံသည် အင် အား ကြီးနှစ်နိုင်ငံစနစ် (Bipolarity) မှ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့် စနစ် (Unipolarity) သို့ ပြောင်းလဲသည်။ ထိုမှတစ်ဆင့် ယနေ့ခေတ် ဟန်ချက်မညီသော အင်အားကြီးနိုင်ငံ အမြောက် အမြား ရှိသည့်စနစ် (Multipolarity) သို့ ပြောင်းလဲလာခဲ့သည်။ အမေရိကန်၏ မဟာဗျူဟာ သည်လည်း ထိုအပြောင်းအလဲများနှင့်အတူ လိုက်ပါပြောင်းလဲခဲ့သည်။ စစ်အေးတိုက်ပွဲခေတ် အင် အား ကြီးနှစ်နိုင်ငံစနစ်တွင် အမေရိကန်ပြည်ထောင်စုသည် ဥရောပ နှင့် အာရှရှိ ၎င်း၏ ရင်းနှီးသော မဟာမိတ်များအပေါ် စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ် ဆောင်ရွက်ခဲ့သည်။ အကြောင်းမှာ အမေရိကန်ခေါင်းဆောင်များက ပြိုင်ဘက်ဖြစ်သော ဆိုဗီယက် ယူနီယံကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်မဟာမိတ်များ သာယာဝပြောရေးမှာ မရှိမဖြစ် လို အပ်သည်ဟု ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ အမေရိကန်ခေါင်းဆောင် တို့သည် အမေရိ ကန်၏ စီးပွားရေးနှင့်စစ်ရေး အသာစီးရမှုကို လွတ်လပ်စွာ အသုံးပြုခဲ့ကြပြီး တခါတရံတွင် အဓိက မဟာမိတ်များကိုပင် ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ကြသည်။ ဥပမာ ၁၉၅၆ ခုနှစ်တွင် (အမေရိ ကန်၏ မဟာမိတ်ဖြစ်သည့်) ဗြိတိန်၊ ပြင်သစ်နှင့် အစ္စရေးတို့က အီဂျစ်ကို တိုက်ခိုက်ချိန်တွင် သမ္မတ ဒွိုက်အိုင်ဆင်ဟောင်ဝါ ကိုင်တွယ်ခဲ့ပုံ (မဟာမိတ်များကို စီးပွားရေးအရ ဖိအားပေးခဲ့သည်) သို့မဟုတ် ၁၉၇၁ ခုနှစ်တွင် အမေရိကန်ကို ရွှေစံနှုန်းစနစ်မှ နှုတ်ထွက်လိုက်ချိန် တွင် သမ္မတ ရစ်ချက်နစ်ဆင် လုပ်ဆောင်ခဲ့ပုံမျိုး  (မဟာမိတ်နိုင်ငံများအား ကြိုတင်တိုင်ပင်ခြင်း မရှိဘဲ ဒေါ်လာ နှင့် ရွှေလဲလှယ်မှုကို ရုတ်တရက် ရပ်ဆိုင်းပစ်လိုက်ခြင်း) ဖြစ်သည်။ သို့သော် ဝါရှင်တန်သည် ဒုတိယကမ္ဘာစစ်အပြီးတွင် သူ၏မဟာမိတ်များ စီးပွားရေး ပြန်လည်နာလန်ထူရန်လည်း ကူညီခဲ့ သည်။ အပြန်အလှန်သာယာဝပြောမှုကို အားပေးရန်ရည်ရွယ်သည့် စည်းမျဉ်းများကို ချမှတ် ပေးခဲ့ ပြီး အများအားဖြင့် ကိုယ်တိုင်လည်း လိုက်နာခဲ့သည်။ ငွေကြေးအကျပ်အတည်းများနှင့် စီးပွားရေး အခက်အခဲများကို စီမံခန့်ခွဲရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် အင်အား နည်းသော နိုင်ငံများကိုလည်း မိတ်ဖက်အဖြစ် နေရာပေးခဲ့သည်။ စုပေါင်းညှိနှိုင်း၍ ဆုံးဖြတ်ချက် ချရာတွင် ပြောရေးဆိုခွင့်ပြုခဲ့သည်။ အမေရိကန်အရာရှိများမှ ဦးဆောင်ခဲ့ကြသော်လည်း အခြား နိုင်ငံများ၏ စကားကိုလည်း နားထောင်ခဲ့ကြသည်၊ ၎င်းတို့သည် မဟာမိတ်များကို အားနည်း သွားစေရန် သို့မဟုတ် အမြတ်ထုတ်ရန် ကြိုးစားခဲ့ခြင်း မရှိသလောက်ပင်ဖြစ်သည်။

တနိုင်ငံတည်းက ဗိုလ်ကျစိုးမိုးသည့်ခေတ်ကာလ (Unipolar era) ရောက်သည့်အခါ အမေရိကန်ပြည်ထောင်စုသည် မာန်မာနထောင်လွှားလာခဲ့သည်။ အခြားနိုင်ငံများကို ဂရုမစိုက် သည့်အပြင် မိမိအလိုဆန္ဒအတိုင်း လုပ်ဆောင်တတ်သော ဗိုလ်ကျစိုးမိုးသူတဦး ဖြစ်လာခဲ့သည်။ အားကောင်းသော မည်သည့် ပြိုင်ဘက်နှင့်မျှ မရင်ဆိုင်ရခြင်းနှင့် နိုင်ငံအများစုသည် အမေရိကန်၏ ဦးဆောင်မှုကို လိုက်နာသည်- အမေရိကန်၏ လွတ်လပ်သော (liberal) စံတန်ဖိုးများကို လက်ခံ သည်-လက်တွဲလုပ်ဆောင်ရန်လည်း စိတ်အားထက်သန်နေကြသည်ဟု ယုံကြည်သွားခြင်းကြောင့် အမေရိကန်အရာရှိများသည် အခြားနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို ဂရုစိုက်မှုလျော့နည်း လာခဲ့ ကြသည်။ အမေရိကန်သည် အာဖဂန်နစ္စတန်၊ အီရတ်နှင့် အခြားနိုင်ငံအများအပြားတွင် ကုန်ကျ စရိတ်ကြီးမားပြီး လမ်းလွဲနေသော စစ်ဆင်ရေးများကို စတင်ခဲ့ကြသည်။ ထိပ်တိုက်ရင်ဆိုင်သည့် မူဝါဒများကို ကျင့်သုံးခဲ့သည့်အတွက် တရုတ်နှင့် ရုရှားကို ပေါင်းစည်းသွားစေသည်။ ကမ္ဘာ့ ဈေးကွက်ကို ဖွင့်ပေးလိုက်သဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားမှုကို အရှိန်မြှင့်စေခြင်း၊ ကမ္ဘာ လုံး ဆိုင်ရာ ဘဏ္ဍာရေး မတည်ငြိမ်မှုကို တိုးလာစေခြင်းနှင့် ပြည်တွင်းမကျေနပ်မှု တိုးလာကာ နောက်ဆုံးတွင် ထရမ့်ကို အိမ်ဖြူတော်သို့ ရောက်ရှိစေရန် အထောက်အကူပြု ခဲ့သည့်။  

ဝါရှင်တန်သည် ဤကာလအတွင်း ရန်လိုသောအစိုးရအချို့ကို သီးခြား ခွဲထုတ်ရန်၊ အပြစ်ပေးရန်နှင့် အားနည်းသွားစေရန် ကြိုးပမ်းခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ တခါတရံတွင် အခြားနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အာရုံစိုက်မှု အနည်းငယ်သာရှိခဲ့သည်။ သို့သော် ဒီမိုကရက်တစ်ရော ရီပတ်ဘလီကန် အရာရှိများပါ အမေရိကန်၏ အာဏာကို အသုံးပြု ၍ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော စနစ်တစ်ခုကို ဖန်တီးခြင်းသည် အမေရိကန်အတွက်ရော ကမ္ဘာ ကြီးအတွက်ပါ ကောင်းမွန်မည်ဖြစ်ကြောင်းနှင့် ပြင်းထန်သော ဆန့်ကျင်မှုများသည် လက်  တဆုပ်စာမျှရှိသော ဆိုးသွမ်းနိုင်ငံငယ်များတွင်သာ ရှိနေလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းတို့ သည် မိမိတို့လက်ဝယ်ရှိ အာဏာကိုအသုံးပြု၍ အခြားအစိုးရများကို အကျပ်ကိုင်ရန်၊ မိမိတို့ဘက် ပါအောင် သိမ်းသွင်းရန် သို့မဟုတ် ဖြုတ်ချရန်အထိ ဝန်မလေးခဲ့ကြသော်လည်း၊ ၎င်းတို့၏ ရန်လိုမှု မှာ အသိအမှတ်ပြုထားသော ပြိုင်ဘက်များကိုသာ ဦးတည်ခဲ့ပြီး အမေရိကန်၏ မဟာမိတ်များ အပေါ် ဦးတည်ခြင်း မဟုတ်ပေ။

သို့သော် ထရမ့်လက်ထက်တွင် အမေရိကန်ပြည်ထောင်စုသည် “သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူ” (Predatory hegemon) ဖြစ်လာခဲ့သည်။ ဤမဟာဗျူဟာသည် အင်အားကြီးနိုင်ငံ အမြောက်အမြားရှိသည့်စနစ် (Multipolarity) ပြန်လည်ပေါ်ပေါက်လာခြင်းအပေါ် စနစ်တကျ သေချာ စဉ်းစားထားသော တုံ့ပြန်မှုတစ်ခု မဟုတ်ပါ။ အမှန်စင်စစ် အင်အားကြီးနိုင်ငံ အများအပြား ရှိသော ကမ္ဘာတွင် လုပ်ဆောင်ရန် လုံးဝမှားယွင်းသော နည်းလမ်းဖြစ်သည်။ သို့သော် အမေရိကန် နှင့် ပတ်သက်ဆက်နွယ်နေသည့် နိုင်ငအားလုံးအပေါ် ထရမ့်၏ “အပေးအယူလုပ် ဆောင်ခြင်း” (Transactional) ပုံစံဖြင့် ချဉ်းကပ်ခြင်းမှာ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့နိုင်ငံတိုင်းနီးပါး အပေါ် ကြီးမားပြီး အမြဲတမ်း အသာစီးရယူနိုင်စွမ်း (Leverage) ရှိသည်ဟူသော သူ၏ ယုံကြည် ချက် ကို တိုက်ရိုက် ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် “ကြီးမားပြီး လှပသော ကုန်တိုက်ကြီး” တခုနှင့်တူကြောင်း ၂၀၂၅ ခုနှစ် ဧပြီလတွင် ထရမ့်က ပြောကြားခဲ့သည်။ “လူတိုင်းက အဲဒီကုန်တိုက်ထဲက တစ်ခုခုကို လိုချင်နေကြတာ” ဟု ဆိုသည်။ သို့မဟုတ် အိမ်ဖြူ တော် သတင်းပြန်ကြားရေးအတွင်းဝန် Karoline Leavitt မျှဝေခဲ့သော ထုတ်ပြန်ချက်တွင် ပြောခဲ့ သကဲ့သို့ အမေရိကန် စားသုံးသူသည် “ငါတို့ဆီမှာ ရှိနေတဲ့ နိုင်ငံတိုင်းကလိုချင်နေတဲ့ အရာ” ဖြစ်ပြီး “နောက်တနည်းပြောရရင် သူတို့က ငါတို့ပိုက်ဆံကို လိုချင်နေတာ” ဟု ထပ်လောင်းပြောကြား ခဲ့သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း ကာကွယ်ရေးဝန်ကြီး James Mattis၊ ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin၊ အိမ်ဖြူတော် စစ်ဦးစီးမှူး John Kelly နှင့် အမျိုးသားလုံခြုံရေး အကြံ ပေး H. R. McMaster ကဲ့သို့သော အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသော အကြံပေးပုဂ္ဂိုလ်များ သည် ထရမ့်၏ အနိုင်ကျင့်လိုသော စိတ်ဆန္ဒများကို ထိန်းကျောင်းပေးခဲ့ကြသည်။ သို့သော် သူ၏ ဒုတိယသက်တမ်းတွင်မူ အခြားနိုင်ငံများ၏ အားနည်းချက်များကို အမြတ်ထုတ်လိုသော သူ၏ ဆန္ဒအား အတားအဆီးမရှိ လွှတ်ပေးထားခြင်း ခံရသည်။ ထိုသို့ဖြစ်ရသည်မှာ အစိုးရအဖွဲ့ဝင်များ ရွေးချယ်ခန့်ထားရာတွင် သူ့အပေါ်သစ္စာရှိသူကိုသာ ခန့်ထားခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာ့ ရေးရာများကို မိမိဘာသာ နားလည်သဘောပေါက်နိုင်စွမ်းရှိသည်ဟု ထရမ့် က လွဲမှားစွာ ယုံကြည် နေ သောကြောင့် လည်းကောင်း ဖြစ်သည်။

ဗိုလ်ကျစိုးမိုးမှုနှင့် အညံ့ခံမှု (DOMINANCE AND SUBMISSION)

သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးခြင်း (Predatory hegemon) ဆိုသည်မှာ အခြား သူများနှင့် အပေးအယူလုပ်ဆောင်ရာတွင် အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) ပုံစံမျိုးဖြင့်သာ အမြဲ လုပ်ဆောင်ရန် ကြိုးပမ်းသည်။ သို့မှသာ အကျိုးအမြတ်များသည် ၎င်းဘက်သို့သာ အမြဲယိုင် သွားမည် ဖြစ်သည်။ သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးသူ၏ အဓိကပန်းတိုင်မှာ အဖွဲ့အစည်းအားလုံးအတွက် ပိုမိုကောင်းမွန်စေမည့် “တည်ငြိမ်ပြီး အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးများကို တည်ဆောက်ရန် မဟုတ်ချေ”။ အပေးအယူတိုင်းတွင် အခြားသူများထက် မိမိက ပို၍ရရှိရန် သေချာစေဖို့ ဖြစ် သည်။ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိသော်လည်း မိတ်ဖက်နိုင်ငံက ပို၍ရရှိမည့် အစီအစဉ်ထက် (ထိုအစီအစဉ်က နှစ်ဖက်စလုံးအတွက် ပိုမိုကြီးမားသော အကျိုး အမြတ်ကို ပေးနိုင်သော်လည်း) ဗိုလ်ကျစိုးမိုးသူက ပိုရပြီး မိတ်ဖက်နိုင်ငံက ပိုနစ်နာမည့် အစီအစဉ် ကိုသာ ပိုမိုနှစ်သက်ကြသည်။ သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူသည် “ခြင်္သေ့ဝေစု” (အကြီးဆုံးဝေစု) ကိုသာ အမြဲတမ်း လိုချင်လေ့ရှိသည်။

အင်အားကြီးနိုင်ငံအားလုံးသည် အခြားသူများကို အမြတ်ထုတ်သည့် လုပ်ရပ်များကို လုပ် ဆောင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ အခြားသူများနှင့်ယှဉ်လျှင် အသာစီးရရန် အမြဲပြိုင်ဆိုင် နေကြသည်။ ပြိုင်ဘက်များနှင့် ဆက်ဆံရာတွင် နိုင်ငံအားလုံးသည် အပေးအယူတစ်ခုမှ အကောင်း ဆုံးရလဒ်ရရှိရန် ကြိုးပမ်းကြသည်။ သို့သော် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုနှင့် သာမန် အင်အားကြီးနိုင်ငံများ၏ အပြုအမူ ကွာခြားချက်မှာ အနိုင်ကျင့်ဗိုလ်ကျလိုသူသည် မဟာမိတ် ဖြစ်စေ၊ ပြိုင်ဘက်ဖြစ်စေ အလျှော့ပေးစေလိုခြင်းနှင့် အဆမတန် အမြတ်ထုတ်ရန် ဝန်မလေးခြင်း ဖြစ်သည်။ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benign hegemon) သည် လိုအပ်မှသာလျှင် ၎င်း၏ မဟာမိတ်များအပေါ် မတရားသော ဝန်ထုပ်ဝန်ပိုးများကို တင်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ၎င်း၏ မိတ်ဖက်များ ကြွယ်ဝချမ်းသာမှသာ မိမိ၏ လုံခြုံရေးနှင့် ချမ်းသာကြွယ်ဝမှုမှာ လည်း မြင့်တက်လာမည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ ၎င်းသည် အပြန်အလှန် အကျိုးပြု သော ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည်။ အခြားနိုင်ငံများမှ တရားဝင်လက်ခံထားသည့် စည်းမျဉ်းစည်းကမ်းများကို ကြိုတင်သတိပေးခြင်းမရှိဘဲ မကြာခဏ ပြောင်းလဲမည်မဟုတ်ဟု စိတ်ချယုံကြည်နိုင်သည်။ စည်းမျဉ်းများနှင့် အဖွဲ့အစည်းများကို တန်းဖိုးထားသည်။ စေတနာ ရှိသော ဗိုလ်ကျစိုးမိုးသူသည် တူညီသော အကျိုးစီးပွားရှိသည့် နိုင်ငံများနှင့် (ဥပမာ- ဘုံရန်သူကို ထိန်းချုပ်ခြင်းကဲ့သို့) နှစ်ဦးနှစ်ဖက် အကျိုးရှိသော (Positive-sum) မိတ်ဖက် ဆက်ဆံရေးများကို ကြိုဆိုလေ့ရှိပြီး၊ အကယ်၍ ထိုသို့လုပ်ဆောင်ခြင်းက ပါဝင်သူအားလုံးအတွက် ပိုမိုကောင်းမွန် စေမည် ဆိုပါက အခြားသူများကို အချိုးအစားမမျှသော အကျိုးအမြတ်များ ရယူခွင့်ပင် ပေး ကောင်း ပေးနိုင်ပါသည်။ တနည်းအားဖြင့် စေတနာရှိသော ဗိုလ်ကျစိုးမိုးသူသည် မိမိ၏ အကျိုး အတွက်သာမက မိတ်ဘက်များ ၏ “ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များ” (milieu goals) ကို ဖော်ဆောင်ရန်အတွက်လည်း ကြိုးပမ်းသည်ဟု စီးပွားရေးပညာရှင် Arnold Wolfers က ဖွင့်ဆို သည်။ အာဏာကို ဗြောင်ကျကျ အသုံးပြုရန် မလိုအပ်တော့သည့် နည်းလမ်းများဖြင့် နိုင်ငံတကာ ပတ်ဝန်းကျင်ကို ပုံဖော်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော သားရဲကဲ့သို့ အနိုင်ကျင့်လိုသော ဗိုလ်ကျစိုးမိုးသူမှာမူ ပြိုင်ဘက်ကို အခွင့်ကောင်းယူသကဲ့သို့ပင် မိမိ၏ မဟာမိတ်များအပေါ်တွင်လည်း အမြတ်ထုတ်ရန် အခွင့်အလမ်း ပိုများသည်။ ၎င်းသည် ကုန်သွယ်ရေးပိတ်ဆို့ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့ခြင်း၊ အိမ်နီးချင်းကို ဒုက္ခပေးသည့် ကုန်သွယ်ရေးမူဝါဒများ (beggar-thy-neighbor policies)၊ ငွေကြေးကစားခြင်းနှင့် အခြားသော စီးပွားရေးဆိုင်ရာ ဖိအားပေးမှုများကို အသုံးပြု၍ ဗိုလ်ကျစိုးမိုးသူ၏ စီးပွားရေးကိုအကျိုးပြုမည့် ကုန်သွယ်ရေးသတ်မှတ်ချက်များကို အခြားသူများ လက်ခံလာအောင် သို့မဟုတ် စီးပွားရေးနှင့်မဆိုင်သော အခြားစိတ်ဝင်စားသည့် ကိစ္စရပ်များတွင် ၎င်းတို့၏ အပြုအမူများကို ပြောင်းလဲလာအောင် ဖိအားပေးပေလိမ့်မည်။ ၎င်းသည် စစ်ရေးအရ အကာအကွယ်ပေးမှုကို ၎င်း၏ စီးပွားရေးဆိုင်ရာ တောင်းဆိုချက်များနှင့် ချိတ်ဆက်ထားပြီး ၎င်း၏ ကျယ်ပြန့်သော နိုင်ငံခြားရေး မူဝါဒ၊လုပ်ငန်းစဉ်များကို မဟာမိတ်နိုင်ငံများမှ ထောက်ခံပေးရန် မျှော်လင့်ထားမည်ဖြစ်သည်။ အင်အားနည်းသော နိုင်ငံများသည် ဗိုလ်ကျစိုးမိုးသူ၏ ကြီးမားသော ဈေးကွက်ကို မှီခိုနေရလျှင် သို့မဟုတ် အခြားနိုင်ငံများထံမှ ပိုမိုကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသဖြင့် ဗိုလ်ကျစိုးမိုးသူ၏ အကာအကွယ်ပေးခြင်းကို မဖြစ်မနေ ယူရမည်ဆိုပါက ထိုကဲ့သို့သော အကျပ်ကိုင်ဖိအားများကို သည်းခံနေကြရမည် ဖြစ်သည်။

သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူ၏ အခြားနိုင်ငံများကို အမြဲတမ်း အညံ့ခံနေရသည့် အခြေအနေတွင် ထားရှိမှသာ ဖိအားပေး အကျပ်ကိုင်နိုင်မည် ဖြစ်သည်။  ထို့ကြောင့် မိမိ၏ သြဇာ အာဏာစက်အတွင်းရှိ အခြားနိုင်ငံခေါင်းဆောင်များ၏ အရိုအသေကိုလည်း ခံယူလိုကြသည်။ ထိုနိုင်ငံများသည် တရားဝင် လက်ဆောင်ပဏ္ဏာများ ဆက်သရန် သို့မဟုတ် ဗိုလ်ကျစိုးမိုးသူ၏ ကောင်းကွက်များကို ဗြောင်ကျကျ အသိအမှတ်ပြုချီးမွမ်းရန် တောင်းဆိုခံရနိုင်သည်။ ထိုကဲ့သို့ ရိုသေခန့်ညားမှု ပြသသည့် ထုံးတမ်းစဉ်လာများသည် ဗိုလ်ကျစိုးမိုးသူအား ပြန်လည်တွန်းလှန်ရန် မဖြစ်နိုင်လောက်အောင် အလွန်အင်အားကြီးမားကြောင်း ပြသခြင်းဖြင့်လည်းကောင်း၊ ဗိုလ်ကျ စိုးမိုးသူသည် လက်အောက်ခံနိုင်ငံများထက် ပိုမိုပညာရှိသူဖြစ်ကြောင်း ပုံဖော်ကာ ထိုနိုင်ငံများ အပေါ် အမိန့်ပေးပိုင်ခွင့်ရှိသူအဖြစ် ပြသခြင်းဖြင့်လည်းကောင်း ဆန့်ကျင်ကန့်ကွက်မှုမရှိစေရန် ဟန့်တားလေ့ ရှိသည်။

ထိုသို့သော “သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှု” သည် ဖြစ်ရပ်သစ်တခု မဟုတ်ချေ။ အေသင်နိုင်ငံက ၎င်း၏ အင်ပါယာအတွင်းမှ အားနည်းသော မြို့ပြနိုင်ငံများနှင့် ဆက်ဆံရာတွင် အသုံးပြုခဲ့သည့် အခြေခံမူဖြစ်ပြီး ထိုစဉ်က အထင်ကရ အေသင်ခေါင်းဆောင် Pericles ကိုယ်တိုင် က ထိုအုပ်ချုပ်မှုကို “အာဏာရှင်စနစ်” (tyranny) ဟု ဖော်ပြခဲ့သည်။ အရှေ့အာရှရှိ ရှေးဟောင်း တရုတ်ဗဟိုပြုစနစ်သည်လည်း လက်ဆောင်ပဏ္ဏာဆက်သခြင်းနှင့် ထုံးတမ်းစဉ်လာအရ အညံ့ခံ ခြင်းများ အပါအဝင် အလားတူ မှီခိုမှုဆိုင်ရာ ဆက်ဆံရေးများပေါ်တွင် အခြေခံခဲ့သည် (အမြဲတမ်း အမြတ်ထုတ်သည့် ပုံစံမျိုး ဟုတ်-မဟုတ်ကိုမူ ပညာရှင်များ သဘောထားကွဲလွဲ ကြသည်)။

ကိုလိုနီနယ်မြေများထံမှ ဓနဥစ္စာများကို ထုတ်ယူလိုသောဆန္ဒကို ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်၊ ပေါ်တူဂီနှင့် စပိန် ကိုလိုနီအင်ပါယာများတွင် တွေ့နိုင်သည်။ နာဇီဂျာမနီက ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ်ထားရှိသော တစ်ဖက်သတ် စီးပွားရေး ဆက်ဆံမှုများတွင်လည်းကောင်း၊ ဆိုဗီယက်ယူနီယံနှင့် ၎င်း၏ ဝါဆောစာချုပ်ဝင် မဟာ မိတ် များအကြား ဆက်ဆံရေးအပေါ်တွင်လည်းကောင်း ဓနဥစ္စာရလိုမှု လွှမ်းမိုးခဲ့သည်။

ဤဖြစ်ရပ်များသည် အရေးကြီးသော နည်းလမ်းများတွင် ကွဲပြားကြသော်လည်း ဖြစ်ရပ် တခုစီတွင် လွှမ်းမိုးမှုရှိသော အင်အားကြီးနိုင်ငံတစ်နိုင်ငံသည် မိမိအတွက် တဖက်သတ် အကျိုး အမြတ်များ ရရှိရန်အတွက် ၎င်း၏ အင်အားနည်းသော မိတ်ဖက်များထံမှ အမြတ်ထုတ်ရန် ကြိုး ပမ်း ခဲ့ကြကြောင်း တွေ့နိုင်သည်။

 ၎င်းတို့၏ ကြိုးပမ်းမှုများမှာ အမြဲတမ်း အောင်မြင်ခဲ့ခြင်း မရှိချေ။ အချို့သော လက် အောက်ခံနိုင်ငံများကို ရယူရန်၊ ကာကွယ်ရန် သုံးရသည့်ကုန်ကျစရိတ်မှာ ၎င်းတို့ပေးအပ်သည့် ဓန ဥစ္စာ သို့မဟုတ် လက်ဆောင်ပဏ္ဏာထက်ပင် ပိုမိုများပြားသော်လည်း (ဩဇာအာဏာပြရန်) ထိုသို့ လုပ်ဆောင်ခဲ့ကြသည်။

February 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

𝟮𝟮-𝟎𝟭-𝟐𝟎𝟐𝟲 မှ 𝟭𝟴-𝟬𝟮-𝟐𝟎𝟐𝟲 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

22 . 1 . 2026 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - ဘူးသီး - 70 kg ၊ ရုံးပတီသီး - 5 kg ၊ ချဉ်ပေါင် - 3 kg ၊ သခွါးသီး - 84 kg ၊ ပဲတောင့်ရှည် - 38 kg ၊ ခရမ်းသီး - 7 kg ၊ ဘူးညွန့် - 5 kg နှင့် ဗုံလုံသီး - 2 kg ၊ စုစုပေါင်း = 219 kg အား ( SAW ) ကျောင်း သို့ လူဦးရေ -...

အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဉ် (၁၉) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ /ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင်...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၇)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇) ရက်နေ့၊နံနက်ပိုင်း (၉:၃၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ Human Rights Program Manager ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻.𝗼𝗿𝗴 ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း )...

Announcement for Human Rights Documentation Training လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူခြင်းဆိုင်ရာသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၆) ရက်နေ့အထိ လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍...

America and China at the Edge of Ruin – Final Part

တဖက်နှင့်တဖက် နှုတ်ဆက်ကြခြင်း ပေကျင်းနှင့် ဝါရှင်တန်တို့သည် နိုင်ငံနှစ်ခုလုံးရှိ လူ့အဖွဲ့အစည်းများအကြား သိသာထင်ရှား သော သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများ ကဲ့သို့သော ပြုပြင်ပြောင်းလဲရန် လွယ်ကူသည့် ကိစ္စရပ်များကို...