နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲအခမ်းအနား

Feb 18, 2026 | Activities, Sewing machine | 0 comments

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၇၇)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇) ရက်နေ့၊နံနက်ပိုင်း (၉:၃၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၇)ဦး၊သင်တန်းသား (၄)ဉီး စုစုပေါင်း (၁၁) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ New Myanmar foundation မှ Executive Director ဒေါက်တာစန်းအောင်မှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော သင်တန်းမျိုးလည်းဖြစ်ကြောင်း၊ အခြေခံမော်တာစက်ချုပ်သင်တန်းနှင့်စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ကိုယ်တိုင်ချုပ်တတ်ပြီး ရပ်တည်နိုင်အောင်လည်း ကြိုးစားသင်ယူ သင့်ကြောင်း၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိစေရန် အတွက်လည်း New Myanmar Foundation အနေဖြင့် ဖော်ဆောင်ပေးနိုင်ရန် ကြိုးစား၍ သင်တန်းတွင် စိတ်ပါဝင်စားစွာ သင်ယူ လေ့လာကြရန် ပြောကြားခဲ့ ပါသည်။

ဦးစွာပထမ Field Coordinator မသိင်္ဂီမှ တွေ့ကြုံရမည့် စိန်ခေါ်မှုများအကြောင်း၊ စက်ချုပ်အတတ်ပညာ၏ အသုံးဝင်မှုအကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ Safe House တာဝန်ခံမဇွန်မှလည်း စည်းစည်းလုံးလုံးဖြင့် မိသားစုသဖွယ် အဆူံးထိတက်ရောက်ပြီး သင်ကြားကြရန် မှာကြားခဲ့ပါသည်။ သင်တန်းဆရာမဒေါ်‌မေသန္တာလိူင်မှ မိတ်ဆက်စကားပြောရာတွင် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/သားများအား ဝမ်းသာကြိုဆိုကြောင်း ၊ နယူးမြန်မာ ဖောင်ဒေးရှင်း၏ ကူညီဆောင်ရွက်နေမှုများ၊ မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ လိုအပ်မှုများ နှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းသား/သူ အချင်းချင်းသင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက်မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်တို့ ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် တာဝန်ခံ ကိုJerryမှလည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်း ကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့ကို ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းတာဝန်ခံမှ သင်တန်းသား၊ သင်တန်းသူအချင်းချင်း ဗဟုသုတမျှဝေနိုင်ရန် နှင့် အလုပ် အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်စေရန်အတွက် Signal Group များ ဖွဲ့ပေးထားခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ်သင်တန်း၏လိုအပ်ချက်များကိုအကြံပြုပေးနိုင်ကြောင်း၊ သင်တန်းသား/သူများ သင်တန်း ပြီးဆုံးသည့်အထိ တက်ရောက်ရန် ထပ်မံတိုက်တွန်းကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ စက်ချုပ်သင်တန်းအပတ်စဉ် (၇၇) အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

February 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

𝟮𝟮-𝟎𝟭-𝟐𝟎𝟐𝟲 မှ 𝟭𝟴-𝟬𝟮-𝟐𝟎𝟐𝟲 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

22 . 1 . 2026 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - ဘူးသီး - 70 kg ၊ ရုံးပတီသီး - 5 kg ၊ ချဉ်ပေါင် - 3 kg ၊ သခွါးသီး - 84 kg ၊ ပဲတောင့်ရှည် - 38 kg ၊ ခရမ်းသီး - 7 kg ၊ ဘူးညွန့် - 5 kg နှင့် ဗုံလုံသီး - 2 kg ၊ စုစုပေါင်း = 219 kg အား ( SAW ) ကျောင်း သို့ လူဦးရေ -...

အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဉ် (၁၉) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ /ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ Human Rights Program Manager ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻.𝗼𝗿𝗴 ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း )...

Announcement for Human Rights Documentation Training လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူခြင်းဆိုင်ရာသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၆) ရက်နေ့အထိ လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍...

America and China at the Edge of Ruin – Final Part

တဖက်နှင့်တဖက် နှုတ်ဆက်ကြခြင်း ပေကျင်းနှင့် ဝါရှင်တန်တို့သည် နိုင်ငံနှစ်ခုလုံးရှိ လူ့အဖွဲ့အစည်းများအကြား သိသာထင်ရှား သော သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများ ကဲ့သို့သော ပြုပြင်ပြောင်းလဲရန် လွယ်ကူသည့် ကိစ္စရပ်များကို...

America and China at the Edge of Ruin – Part – 2

ပထမအကျော့ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် ဤကဲ့သို့သောအခြေအနေမျိုးကို ယခင်က မြင်တွေ့ခဲ့ဖူးပါသည်။ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် အသက် ၈၀ အရွယ်သို့ ချဉ်းကပ်နေပြီဖြစ်ပြီး အမေရိကန်နှင့် တရုတ်တို့ အကြား ရန်လိုမှုသည် စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ စစ်ပွဲများ၊ ဝါဒရေးရာ မုန်းတီးမှုများနှင့်...

America and China at the Edge of Ruin – Part 1

မိတ်ဆွေများခင်ဗျား ဒေးဗစ် အမ် လမ်ပ်တန် နှင့် ဝမ်ကျိစိ တို့ ရေးသားထားသော "အမေရိကန်နှင့် တရုတ်တို့ ပျက်စီးခြင်း ဂျောက်ကမ်းပါးအစွန်းသို့ ရောက်နေခြင်း" (America and China at the Edge of Ruin)ဆိုသည့် ဆောင်းပါးကို ပေးပို့အပ်ပါသည်။ နိုင်ငံခြားရေး Foreign Affairs ပါ...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐅𝐚𝐫𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻.𝗼𝗿𝗴 ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း )...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၆) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ညနေ (၀၃:၃၀)နာရီတွင်...