𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

Nov 17, 2025 | ANNOUNCEMENT, Human Rights | 0 comments

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။

နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ အပတ်စဥ◌် ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။

ရည်ရွယ်ချက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်) ကို

အောက်ပါစိတ်ပိုင်းဆိုင်ရာခံစားချက်များနှင့်ပြသနာများခံစားနေရပါက အောက်ဖော်ပြပါ 𝗹𝗶𝗻𝗸မှတဆင့် ဘိုကင်ယူ၍ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) 𝗼𝗻𝗹𝗶𝗻𝗲 မှဖြစ်စေ ဆွေးနွေးနိုင် ပါသည်။

• မိမိ၏ခံစားနေရသောစိတ်ဖိစီးမှုများကို မိမိကိုယ်တိုင်မဖြေရှင်းနိုင်တော့ခြင်း။

• ဘေးအန္တရာယ် (crisis) တစ်ခုခုနှင့်ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်း ဆိုင်ရာနှင့်လူမှုပတ်ဝန်းကျင်မှုပိုင်းဆိုင်ရာတွင်ပြသနာရှိနေခြင်း။

• အနှုတ်လက္ခဏာဆောင်သောအတွေးများ (Negative Emotion) များနေခြင်း။

• အကောင်းဘက်မှတွေးတောဆင်ခြင်မှု (Positive Thinking) အားနည်းခြင်း။

• မိမိကိုယ်ကိုစောင့်ရှောက်မှု(Self-Care) အားနည်းခြင်း

နှစ်သိမ့်ဆွေးနွေးမှုခံယူလိုပါက

နေ့ရက် ။ ။ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေနေ့။

အချိန် ။ ။ မနက် ၁၀နာရီမှ ညနေ ၃နာရီ အထိ။

တည်နေရာ ။ ။ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) online မှဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

ဆွေးနွေးမည့်သူများဘိုကင်ယူရန် 𝗟𝗶𝗻𝗸 :

https://forms.gle/GumHLmPbRRURMNYt8

နှစ်သိမ့်ဆွေးနွေးမှုခံယူရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းချက်များရှိပါက တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ 𝗦𝗶𝗴𝗻𝗮𝗹 နှင့် 𝗘𝗺𝗮𝗶𝗹 များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

တာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင် (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻)

𝗣𝗵𝗼𝗻𝗲: +𝟲𝟲 𝟵𝟰𝟯 𝟴𝟰𝟲 𝟵𝟴𝟰

𝗦𝗶𝗴𝗻𝗮𝗹 𝗡𝗼: +𝟲𝟲 𝟵𝟰𝟯 𝟴𝟰𝟲 𝟵𝟴𝟰

𝗘𝗺𝗮𝗶𝗹: 𝗻𝗺𝗳.𝗺𝗵𝗽𝘀𝘀𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗼𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

November 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (70) သင်တန်းဆင်းပွဲ

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(3)ရက်နေ့မှနိုဝင်ဘာလ(၁၄) ရက်နေ့အထိ(၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၇၀) သင်တန်းဆင်းပွဲ အခမ်းအနားကို၂၀၂၅ခုနှစ်၊ နိူဝင်ဘာလ(14)ရက်နေ့ ညနေ(၀၁: ၀၀) နာရီတွင်...

နယူးမြန်မာဖောင်ဒေးရှင်း (NMF) ၏ အလုပ်အကိုင်ချိတ်ဆက်ပေးရေး တာဝန်ခံ ခေါ်ယူခြင်း

ရာထူး - အလုပ်အကိုင်ချိတ်ဆက်ပေးရေးတာဝန်ခံ (Job Facilitation Officer) အဖွဲ့အစည်း - New Myanmar Foundation (NMF) တည်နေရာ - မဲဆောက်မြို့၊ ထိုင်းနိုင်ငံ ပုံမှန်လစာ - အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်သူ တဦးလျှင် ၆၀၀ဘတ်နှုန်းဖြင့် တလလျှင် (၂၀)ဦးခန့် လျှောက်လွှာလက်ခံမည့် ကာလ -...

New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၄.၁၁.၂၀၂၅) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ (အင်္ဂါနေ့) တွင် New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားအား မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ မနက်ပိုင်း အခမ်းအနား အစီအစဉ်အရ New Myanmar Foundation နှင့် အိမ်ယာအတွင်း...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၀) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၀)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့၊ ညနေ (၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐌𝐇𝐏𝐒𝐒 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၁) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ...

𝟮𝟵-𝟎𝟵-𝟐𝟎𝟐𝟓 မှ 𝟮𝟮-𝟭𝟬-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

29 . 9 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 17 kg ၊ ဘူးသီး - 150 kg ၊ ရုံးပတီသီး - 4 kg ၊ သခွါးသီး - 208 kg ၊ ချဉ်ပေါင်ရွက် - 20 kg ၊ ပဲတောင့်ရှည် - 50 ၊ ဗုံလုံသီး - 8 kg ၊ ခရမ်းသီး - 10 kg နှင့် ရွှေဖရုံသီး - 36 စုစုပေါင်း = 523 kg အား (...

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၃) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ...

အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၇) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ တွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့်...