နေ့စွဲ – ၁၉ရက် ဇူလိုင်လ ၂၀၂၅ခုနှစ်
ဇူလိုင်လ (၁၉) ရက်၊ ၂၀၂၅ ခုနှစ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနဲ့ လွမ်းသူ့ပန်းခွချခြင်း ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီတာ၊ NUGမှတရားရေးဝန်ကြီး ဆရာဦိးသိန်းဦိး၊ ABSDFဥက္ကဌ ဆရာဦးသံခဲ ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမ ဒေါ်ခင်လှဌေး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှူဆောင် အတွင်းရေးမှူး ဆရာ မန်းချစ်အောင်တို့မှ အသီးသီး အမှာစကားများနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အား အကျယ်တဝင့် ပြောကြားခဲ့ပါသည်။ အခမ်းအနားတက် ရောက်လာသည့် ဧည့်သည်တော်များမှလည်း အာဇာနည်နေ့ နှင့်ပတ်သတ်သည့်အကြောင်းအရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား
အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။






#78thMartyrs‘day
