New Myanmar Foundation၏ အခမဲ့ အွန်လိုင်းအင်္ဂလိပ်ဘာသာစကားပြောသင်တန်းများအကြောင်း သတင်းစကားပါးခြင်း

Aug 5, 2023 | ANNOUNCEMENT, English language, Language Training | 0 comments

၂၀၂၃ ခုနစ်၊ ဩဂုတ်လတွင် နယူးမြန်မာဖောင်ဒေးရှင်းမှ ဖွင့်လှစ်ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။

နယူးမြန်မာဖောင်ဒေးရှင်းသည် ပြည်တွင်း၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြော အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းအင်္ဂလိပ်စကားပြော သင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဥ် (၅) သို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား သင်တန်းများအတွက် သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး

– အင်္ဂလိပ်စကားပြော သင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈) ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိလည်းကောင်း၊

– သင်တန်းအပတ်စဥ် (၂) ကို ဇူလိုင်လ (၁၈) ရက်နေ့မှ အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊

– သင်တန်းအပတ်စဉ် (၃) ကို နိုဝင်ဘာ (၇) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့အထိလည်းကောင်း၊

– သင်တန်းအပတ်စဉ် (၄) ကို မတ်လ ၂ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာစကား သင်တန်းအပတ်စဥ် (၅) ကို ဇွန်လ (၂၆) ရက်၊ ၂၀၂၃ ရက်နေ့တွင် စတင်ခဲ့ရာ စေတနာ့ဝန်ထမ်း ဆရာ (၂) ဦးမှ အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားပြော သင်တန်းသား/သူ (၁၈၅) ဦးကို သင်ကြားပေးလျက်ရှိပါသည်။

နယူးမြန်မာဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို စိတ်ပါဝင်စား တက်ရောက်လိုသူများသည် သင်တန်းသစ်ဖွင့်လှစ်ခြင်းနှင့်အတူ သင်တန်းသားသစ်များ ခေါ်ယူခြင်းကို နယူးမြန်မာဖောင်ဒေးရှင်း၏ Facebook Page မှနေ၍ အစဉ်ကြေငြာပေးလျက်ရှိပါသဖြင့် သင်တန်းသားသစ်များ ခေါ်ယူသည့်အခါတွင် မိမိတက်ရောက်လိုသည့် သင်တန်းကိုရွေးချယ်ကာ တက်ရောက်နိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါသည်။

အင်္ဂလိပ်ဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ် သို့ တိုက်ရိုက်ဖုန်းဆက်၍သော်လည်းကောင်း၊ Signal, Telegram နှင့် Email များမှတဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Ph: +669 27 833 262

Signal: +669 27 833 262

Telegram: +669 27 833 262

Email: [email protected]

November 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (70) သင်တန်းဆင်းပွဲ

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(3)ရက်နေ့မှနိုဝင်ဘာလ(၁၄) ရက်နေ့အထိ(၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၇၀) သင်တန်းဆင်းပွဲ အခမ်းအနားကို၂၀၂၅ခုနှစ်၊ နိူဝင်ဘာလ(14)ရက်နေ့ ညနေ(၀၁: ၀၀) နာရီတွင်...

𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏...

နယူးမြန်မာဖောင်ဒေးရှင်း (NMF) ၏ အလုပ်အကိုင်ချိတ်ဆက်ပေးရေး တာဝန်ခံ ခေါ်ယူခြင်း

ရာထူး - အလုပ်အကိုင်ချိတ်ဆက်ပေးရေးတာဝန်ခံ (Job Facilitation Officer) အဖွဲ့အစည်း - New Myanmar Foundation (NMF) တည်နေရာ - မဲဆောက်မြို့၊ ထိုင်းနိုင်ငံ ပုံမှန်လစာ - အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်သူ တဦးလျှင် ၆၀၀ဘတ်နှုန်းဖြင့် တလလျှင် (၂၀)ဦးခန့် လျှောက်လွှာလက်ခံမည့် ကာလ -...

New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၄.၁၁.၂၀၂၅) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ (အင်္ဂါနေ့) တွင် New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားအား မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ မနက်ပိုင်း အခမ်းအနား အစီအစဉ်အရ New Myanmar Foundation နှင့် အိမ်ယာအတွင်း...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၀) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၀)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့၊ ညနေ (၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐌𝐇𝐏𝐒𝐒 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၁) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ...

𝟮𝟵-𝟎𝟵-𝟐𝟎𝟐𝟓 မှ 𝟮𝟮-𝟭𝟬-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

29 . 9 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 17 kg ၊ ဘူးသီး - 150 kg ၊ ရုံးပတီသီး - 4 kg ၊ သခွါးသီး - 208 kg ၊ ချဉ်ပေါင်ရွက် - 20 kg ၊ ပဲတောင့်ရှည် - 50 ၊ ဗုံလုံသီး - 8 kg ၊ ခရမ်းသီး - 10 kg နှင့် ရွှေဖရုံသီး - 36 စုစုပေါင်း = 523 kg အား (...

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၃) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ...