မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျ။
နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမိုးမှု ပိုင်းဆိုင်ရာအသိပညာများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။ အောက်တိုဘာလအတွက် သင်တန်းထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။
ရည်ရွယ်ချက်
သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေး ရောက်ရှိ လာကြသည့် မြန်မာပြည်သူများအတွက် စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန် အလှန်လွှမ်းမိုးမှုပိုင်းဆိုင်ရာ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာ ပျံနှံ့စေရန် ရည်ရွယ်ပါသည်။
သင်တန်းဆိုင်ရာ အခြေခံအချက်အလက်
သင်တန်းအချိန် ။ ။ အောက်တိုဘာလ (၁၉) ရက်၊ ၂၀၂၅ ခုနှစ်၊ (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ၊ ၁၂ နာရီခွဲအထိ ။
သင်တန်းတည်နေရာ ။ ။ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်။
သင်တန်းပေးမည့်ပုံစံ ။ ။ လူကိုယ်တိုင်။
သင်တန်းသားဦးရေ ။ ။ ၁၀ ဦး။
သင်တန်း လျှောက်ထားရန် 𝗟𝗶𝗻𝗸 –
https://forms.gle/51zmiWB8XBVUxKQv5
ဆွေးနွေးပွဲတက်ရောက်ရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းချက်များရှိပါက စိတ်ဓါတ် စွမ်းအင်မြှင့်တင်ရေး လုပ်ငန်းစဉ်တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
တာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation)
Phone: +66 943 846 984
Email: [email protected]
လျှောက်ထားသူတစ်ဦးခြင်းစီအား အထူးကျေးဇူးတင်လျှက်
နယူးမြန်မာဖောင်ဒေးရှင်း