၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် New Myanmar Foundation မှ ထိုင်း–မြန်မာနယ်စပ် အနီးရှိ ကျောင်းသူ/ကျောင်းသား (၁၄၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦးရှိသည့် ထီးဘော်ကော စစ်ဘေးရှောင်ကျောင်း နှင့် ကျောင်းသူ/ကျောင်းသား (၁၈၀) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး ရှိသည့် ဖုတ်ဖရရှိ White Learning Center သို့ လှူဒါန်းငွေ (၁၂၀၀၀) ဘတ်၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် လူအသုံးအဆောင် ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။









