New Myanmar Foundation ၏ အွန်လိုင်းထိုင်းစကားပြောသင်တန်းများတွင် သင်ကြားပေးနိုင်မည့် ဆရာ/ဆရာမများအတွက် လျှောက်လွှာခေါ်ယူခြင်း

Jan 10, 2024 | ANNOUNCEMENT, Recruiting, Thai Language | 0 comments

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများအတွက် ရည်ရွယ်လျက် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ အခမဲ့ အွန်လိုင်းထိုင်းစကားပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ ထိုင်းဘာသာစကားသင်တန်း အပတ်စဥ် (၇) တွင် သင်ကြားပေးနိုင်ရန် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်လျက်ရှိပါသည်။

သင်တန်းတစ်ချိန်လျှင် (၂) နာရီနှုန်းနှင့် တစ်ပတ် (၃) ရက် သင်ကြားပေးရမည်ဖြစ်ပြီး သင်တန်းကာလ (၃) လ အတွက် စုစုပေါင်း သင်ကြားချိန် အနည်းဆုံး ၇၂ နာရီ ရှိမည်ဖြစ်သည်။ သင်တန်းချိန် တစ်ခုထက်ပို၍ သင်ကြားပေးနိုင်မည့် ဆရာ/ဆရာမများရှိပါကလည်း ကြိုဆိုလက်ခံသွားပါမည်။ နယူးမြန်မာဖောင်ဒေးရှင်း အနေဖြင့် သင်ကြားပေးမည့် ဆရာ/ဆရာမများအား ဉာဏ်ပူဇော်ခ (Honorarium) အဖြစ် သင်တန်းချိန် တစ်နာရီလျှင် (၁၅၀) ဘတ် ကို ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်ကြားပေးရမည့် သင်တန်းအချိန်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁) Class A: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၅ နာရီ မှ ၇ နာရီ)

၂) Class B: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၇ နာရီ မှ ၉ နာရီ)

၃) Class C: အင်္ဂါ၊ ကြာသပတေး၊ စနေ (ညနေ ၅ နာရီ မှ ၇ နာရီ)

၄) Class D: အင်္ဂါ၊ ကြာသပတေး၊ စနေ (ညနေ ၇ နာရီ မှ ၉ နာရီ)

သို့ဖြစ်ပါ၍ ထိုင်းစကားပြောသင်ကြားရေး အတွေ့အကြုံရှိသူများ၊ ထိုင်းဘာသာစကားကို အွန်လိုင်းမှတဆင့် သင်ကြားပေးနိုင်သူများ ပါဝင်လျှောက်ထားနိုင်ရန် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ ဖိတ်ခေါ်အပ်ပါသည်။

လျှောက်ထားလိုသည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ ထိုင်းစကားပြောသင်ကြားရေး အတွေ့အကြုံများကို ပြည့်စုံစွာဖော်ပြထားသည့် ကိုယ်ရေးအကျဥ်း (CV) ကို ဇန်နဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လျှောက်ထားလာသူများအား ဇန်နဝါရီလ (၂၂) ရက်နေ့တွင် လူ့တွေ့အင်တာဗျူးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် : [email protected]

– CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။

– ထိုင်းဘာသာစကားသင်ကြားရေးနှင့်ပတ်သတ်သည့် Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

– CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

Naw Say Lay Phaw

Phone Number – +66927833262

Signal Number – +66927833262

Email – [email protected]

Language Training Program

NEW MYANMAR FOUNDATION

October 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

New Myanmar Foundation တွင် “အခြေခံစားနပ်ရိက္ခာ လျှောက်ထားရမည့် ပုံစံလမ်းညွှန်”

New Myanmar Foundation တွင် “ပုံမှန်ရိက္ခာ” နှင့် “အရေးပေါ်ရိက္ခာ” (၂) မျိုးရှိပါသည်။ “ပုံမှန်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0659252173 သို့ လည်းကောင်း “အရေးပေါ်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0815520516 သို့ လည်းကောင်း ဆက်သွယ်လျှောက်ထားရမည် ဖြစ်ပါသည်။...

(အောက်တိုဘာလ) အတွင်း နိုဝင်ဘာ နှင့် ဒီဇင်ဘာ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ....ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐌𝐇𝐏𝐒𝐒 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၀) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၄...

ထိုင်း – မြန်မာ နယ်စပ်အနီးရှိ ထီးဘော်ကော စစ်ဘေးရှောင်ကျောင်းနှင့် ဖုတ်ဖရရှိ 𝐖𝐡𝐢𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 အား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှလှူဒါန်းမှု မှတ်တမ်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် New Myanmar Foundation မှ ထိုင်း–မြန်မာနယ်စပ် အနီးရှိ ကျောင်းသူ/ကျောင်းသား (၁၄၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦးရှိသည့် ထီးဘော်ကော စစ်ဘေးရှောင်ကျောင်း နှင့် ကျောင်းသူ/ကျောင်းသား (၁၈၀) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး ရှိသည့် ဖုတ်ဖရရှိ White Learning...

𝟏𝟔-𝟎𝟗-𝟐𝟎𝟐𝟓 မှ 𝟐6-𝟎𝟗-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

16 . 9 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 5 kg ၊ ဘူးသီး - 75 kg ၊ ရုံးပတီသီး - 45 kg ၊ ကန်စွန်းရွက် - 50 kg ၊ သခွါးသီး - 90 kg ၊ ပဲတောင့်ရှည် - 59 နှင့် ဗုံလုံသီး - 7 kg စုစုပေါင်း = 351 kg အား ( Love & Care ) သို့ လူဦးရေ - 1324 ဦး စာအတွက်...

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း အွန်လိုင်းသင်တန်း အပတ်စဉ် (၅) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ စက်တင်ဘာလ (၂၆) ရက်၊ ၂၀၂၅ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းအပတ်စဉ် (၅) ကို Zoom Platform အား အသုံးပြုကာ...

(၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပ

စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် (၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊...

နယူးမြန်မာဖောင်ဒေးရှင်း (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (𝗠𝗛𝗣𝗦𝗦 𝗣𝗿𝗼𝗴𝗿𝗮𝗺) အတွက် အကြံပေးသူ (𝗖𝗼𝘂𝗻𝘀𝗲𝗹𝗼𝗿) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ...