အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၆) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

Oct 26, 2023 | ANNOUNCEMENT, Thai Language | 0 comments

မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရန်ရည်ရွယ်လျက် New Myanmar Foundation မှ အွန်လိုင်း အခြေခံထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၆) ကို နိုဝင်ဘာလ (၁) ရက်၊ ၂၀၂၃ ခုနှစ် (ဗုဒ္ဓဟူးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် ထိုင်းဘာသာစကားပြောသင်တန်းများကို Class A, Class B, Class C နှင့် Class D ဟူ၍ အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာမ (၁) ဦးက သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဉ် (၆) ၏ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Zoom Application) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါ သည်။

တက်ရောက်နိုင်သော အတန်းများ –

1. Class A: Monday to Friday, 10:00 – 11:30 AM

2. Class B: Monday to Friday, 1:00 – 2:30 PM

3. Class C: Monday to Friday, 3:00 – 4:30 PM

4. Class D: Monday to Friday, 6:00 – 7:30 PM

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို အောက်တိုဘာလ ၂၆ ရက်နေ့ မှ ၃၀ ရက် နေ့အထိ ဖွင့်လှစ်ထားပေးပြီး သင်တန်းသား/သင်တန်းသူ (၂၀၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။ အွန်လိုင်းဘာသာ စကားသင်တန်းဖြစ်သည့်အတွက် သင်တန်းသားဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံပေးရခြင်းဖြစ်ပါသည်။ သင်တန်းသို့လျှောက်ထားလာသူများအနက် ထိုင်းဘာသာစကားအခက်အခဲများကို နေ့စဉ်ကြုံတွေ့နေရသည့် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေးအပ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/4JK2gFcx16TnuoKBA

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၃၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone – +66927833262/ Signal – +66927833262

Telegram – +66927833262/ Email: [email protected]

October 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

New Myanmar Foundation တွင် “အခြေခံစားနပ်ရိက္ခာ လျှောက်ထားရမည့် ပုံစံလမ်းညွှန်”

New Myanmar Foundation တွင် “ပုံမှန်ရိက္ခာ” နှင့် “အရေးပေါ်ရိက္ခာ” (၂) မျိုးရှိပါသည်။ “ပုံမှန်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0659252173 သို့ လည်းကောင်း “အရေးပေါ်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0815520516 သို့ လည်းကောင်း ဆက်သွယ်လျှောက်ထားရမည် ဖြစ်ပါသည်။...

(အောက်တိုဘာလ) အတွင်း နိုဝင်ဘာ နှင့် ဒီဇင်ဘာ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ....ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐌𝐇𝐏𝐒𝐒 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၀) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၄...

ထိုင်း – မြန်မာ နယ်စပ်အနီးရှိ ထီးဘော်ကော စစ်ဘေးရှောင်ကျောင်းနှင့် ဖုတ်ဖရရှိ 𝐖𝐡𝐢𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 အား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှလှူဒါန်းမှု မှတ်တမ်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် New Myanmar Foundation မှ ထိုင်း–မြန်မာနယ်စပ် အနီးရှိ ကျောင်းသူ/ကျောင်းသား (၁၄၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦးရှိသည့် ထီးဘော်ကော စစ်ဘေးရှောင်ကျောင်း နှင့် ကျောင်းသူ/ကျောင်းသား (၁၈၀) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး ရှိသည့် ဖုတ်ဖရရှိ White Learning...

𝟏𝟔-𝟎𝟗-𝟐𝟎𝟐𝟓 မှ 𝟐6-𝟎𝟗-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

16 . 9 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 5 kg ၊ ဘူးသီး - 75 kg ၊ ရုံးပတီသီး - 45 kg ၊ ကန်စွန်းရွက် - 50 kg ၊ သခွါးသီး - 90 kg ၊ ပဲတောင့်ရှည် - 59 နှင့် ဗုံလုံသီး - 7 kg စုစုပေါင်း = 351 kg အား ( Love & Care ) သို့ လူဦးရေ - 1324 ဦး စာအတွက်...

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း အွန်လိုင်းသင်တန်း အပတ်စဉ် (၅) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ စက်တင်ဘာလ (၂၆) ရက်၊ ၂၀၂၅ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းအပတ်စဉ် (၅) ကို Zoom Platform အား အသုံးပြုကာ...

(၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပ

စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် (၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊...

နယူးမြန်မာဖောင်ဒေးရှင်း (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (𝗠𝗛𝗣𝗦𝗦 𝗣𝗿𝗼𝗴𝗿𝗮𝗺) အတွက် အကြံပေးသူ (𝗖𝗼𝘂𝗻𝘀𝗲𝗹𝗼𝗿) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ...