အမျိုးသမီး ဆံပင်ညှပ်သင်တန်း အပတ်စဉ်(၄) သင်တန်းဆင်းပွဲ ကျင်းပခြင်း

Feb 10, 2023 | VOCATIONAL TRAINING | 0 comments

New Myanmar Foundation ၏ အမျိုးသမီး ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၀.၂.၂၀၂၃ ခုနှစ် သောကြာနေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့ပါသည်။

စတုတ္ထအကြိမ်မြောက် ဆံပင်ညှပ်သင်တန်းတွင် အမျိုးသမီး (၁၁)ဦး တက်ရောက်သင်ကြားခဲ့ ပါသည်။ သင်တန်းကာလ (၅)ပတ်ကြာမြင့်ခဲ့ပြီး ခေါင်းလျှော်၊ ဆံပင်ညှပ်၊ ဆံပင်ဖြောင့်၊ ဆံပင်ကောက်၊ ဒီဂျစ်တယ်ကောက်၊ ဆံပင်ဆေးဆိုး၊ ဟိုက်လိုက်ဖောက်၊ ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြကာ သင်တန်းနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆို၍ ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့ကြခြင်းဖြစ်ပါသည်။ (၄) ပတ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး (၁) ပတ်တာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခဲ့ကြခြင်းဖြစ်ပါသည်။

New Myanmar Foundationမှ Monitoring & Evaluation Officer ဦးဝိုင်းချစ်အောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် NMF အနေဖြင့် အားလုံးလုပ်ငန်းခွင်ဝင်ကြကာ ဝင်ငွေရရှိစေရန်၊ ဒီမိုကရေစီအရေးလုပ်ငန်းများနှင့် တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်၍ ဆံပင်ညှပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် မိမိတို့၏ Network ကို တတ်နိုင်သမျှချဲ့ကြရန်၊ လုပ်ငန်းခွင်ဝင်ရာတွင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ဖိနှိပ်ခံရပါက ရှေ့နေဖြစ်သော လူ့အခွင့်အရေးသင်တန်းဆရာမကို ဆက်သွယ်ရန်၊ NMF မှ အခြားလုပ်ဆောင်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ လိုအပ်ပါက ဆက်သွယ်ရန် ပြောကြားခဲ့ပါသည်။ အမျိုးသမီးဆံပင်ညှပ်သင်တန်းတွင် ထူချွန်သင်တန်းသူတစ်ဦးအား မေမေ့ရင်ခွင်အဖွဲ့တည်ထောင်သူ ဧည့်သည်တော် ဦးသန်းမြင့်အောင်မှ ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများအတွက် ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့ပါသည်။ သင်တန်းဆရာမ မပြည့်ဖြိုးအိနှင့် သင်တန်းတာဝန်ခံ မသင်းတို့ကလည်း အမှာစကားများဆက်လက် ပြောကြားခဲ့ပါသည်။

ထို့နောက်သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး၊ ထူချွန်ဆုရ သင်တန်းသူ စုစံမွန်ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။ သင်တန်းသူ တစ်ဦးချင်းစီမှ သင်တန်းဆင်းပြီးနောက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ပြောကြားကာ သင်တန်းဆင်းနှုတ်ဆက်စကားပြောကြားခဲ့ကြပြီးနောက် အမှတ်တရဓါတ်ပုံ ရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

September 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (𝗠𝗛𝗣𝗦𝗦 𝗣𝗿𝗼𝗴𝗿𝗮𝗺) အတွက် အကြံပေးသူ (𝗖𝗼𝘂𝗻𝘀𝗲𝗹𝗼𝗿) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ...

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

New Myanmar Foundation ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၅ သြဂုတ်လအထိ လူဦးရေ (900) ဝန်းကျင်ခန့် အရေးပေါ် အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ...

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ၏...

အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ရန် စိတ်ပါဝင်စားသူများအတွက် သတင်းကောင်းပါးခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ရွှေ့ပြောင်းနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံ စက်ချုပ်မော်တာသင်တန်းများအား အခမဲ့ပေးအပ်လျှက်ရှိပြီး သင်တန်းကာလတစ်လျှောက်...

အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (11)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၁) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (65) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့ မှ (၂၈) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲ အခမ်း အနား ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ ညနေ (၀၄: ၀၀) နာရီတွင်...

𝟮𝟱-𝟎𝟳-𝟐𝟎𝟐𝟓 မှ 𝟮𝟬-𝟎𝟴-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

25 . 7 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 2.5 kg ၊ ကြက်ဟင်းခါးသီး - 4.5 kg ၊ ဘူးသီး - 61 kg ၊ ရုံးပတီသီး - 11 kg ၊ ချဉ်ပေါင်ရွက် - 22.5 kg ၊ သခွါးသီး - 93 kg ၊ ပဲတောင့်ရှည် - 22 kg နှင့် ကျောက်ဖရုံသီး - 20 kg - စုစုပေါင်း = 236 . 5 kg အား (...

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏...

New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၆၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ...