New Myanmar Foundation ၏ Safe House အစီအစဉ်

New Myanmar Foundation ၏ Safe House အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများ အနေနှင့်မူ သီးသန့်အခန်းများရရှိမည်ဖြစ်ပါသည်။

Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ခေါင်းအုံးများ၊ အိမ်တွင်း ပရိဘောဂများပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင် ပေးထားပြီး သွားလာရေး အတွက် စက်ဘီး များ၊ ဆိုင်ကယ်နှင့်ကားကိုလိုအပ်သလို အသုံးပြုခွင့်ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများ အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူ ဆောင်ရွက်ပေးပါသည်။ အသိပညာတိုးပွား စေရန်ရည်ရွယ်သော စာကြည့်တိုက်တစ်ခုကို လွန်ခဲ့သောအောက်တိုဘာလအတွင်း စတင်တည်ထောင်ထားပြီးဖြစ် ပါသည်။ စားနပ်ရိက္ခာအတွက် NMFမှ ပုံမှန်အခြေခံ စားနပ်ရိက္ခာ အစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ ၃လဖြစ်ပါသည်။

Safe House ၌ နေစဉ် ကာလအတွင်း NMFမှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများအားလည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါသည်။

• အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာသင်တန်း၊ Digital Security သင်တန်း နှင့် လူ့အခ္ငင့်အရေးသင်တန်း၊ စိတ်ခွန်အားမြှင့်တင်ရေးသင်တန်းများ ကို အခမဲ့တက်ရောက်နိင်ပါသည်။

• အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ကူညီရှာဖွေပေးလျှက် ရှိပါသည်။

• အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

• ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်းများကို လည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။

Safe Houseတွင်နေထိုင်သူ တစ်ဉီးချင်း၏လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံးဖြည့် ဆည်းပေးမည်ဖြစ်ပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူများသည် ဒီမိုကရေစီ အရေး၊လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည်ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်းရှောင်လာကြသူ များ၊ စစ်ရှောင်ပုဂ္ဂိုလ်များအပါအဝင် မြန်မာပြည်သူပြည်သားများ အတွက်လည်း ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါ သည်။

လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်း ဆိုင်ရာဖုန်း၏ Signal နံပါတ် (၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#NewMyanmarFoundation

#safehouse

အခုလာမယ့် ဧပြီ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ် စက္ကူလေယာဉ်သပိတ်ကိုဖော်ဆောင်ကြမယ်။

အခုလာမယ့် ဧပြီ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ် စက္ကူလေယာဉ်သပိတ်ကိုဖော်ဆောင်ကြမယ်။

ဘယ်လိုပါ၀င်ရမလဲ ဆိုတာကို ယခု videoမှာ ကြည့်ပေးပါနော်။ (အွန်လိုင်း၊ မြေပြင် အဆင်ပြေရာ‌ ပါဝင်တော်လှန်နိုင်ပါတယ်)

စက္ကူလေယာဉ်တွေ ခေါက်မယ်၊ စက္ကူလေယာဉ်တွေ လွှတ်ကြမယ်၊ စက္ကူလေယာဉ်ပေါ်မှာ စာရေးပြီး ဆုတောင်း စကားပါးမယ်၊ ခေါက်ထားတဲ့ စက္ကူလေယာဉ်လေးတွေကို ချိတ်ဆွဲထားမယ် စတဲ့ ဓါတ်ပုံ (သို့ ) video short clip ရိုက်ပြီး

ကိုယ်ပိုင်တီထွင်ပါဝင်မှုနဲ့ စိတ်ကြိုက် လွတ်လပ် ကွဲပြားစွာ ပါဝင်နိုင်ပါတယ်။

ပုံ (သို့ ) video တင်တဲ့အခါ အောက်ပါ #tag များ အသုံးပြုဖို့ လုံးဝ မမေ့ပါနဲ့နော်။

#စက္ကူလေယာဉ်သပိတ်

#ဧပြီ၁၇ရဲ့စက္ကူလေယာဉ်သပိတ်

#နှစ်ဆန်းတစ်ရက်နေ့လူထုတိုက်ပွဲ

#လေယာဉ်တွေမြင်တဲ့အခါ

#WhenWeSeeThePlanes

#BanJetFuelExportsToMM

#SanctionAviationFuel#BloodMoneyCampaignMM

အကောင့် မှာတင်ဖို့ အဆင်မပြေသူတွေက Blood Money – သွေးစွန်းငွေ FB စာမျက်နှာမှာ လာရောက် ပေးပို့နိုင်ပါတယ်။ ( လုံခြုံရေးအရ မျက်နှာကို မဖော်ပြတာမျိုး နဲ့ ပါဝင်နိုင်ပါတယ်။)

ဧပြီ၁၇ရဲ့ လူထုတိုက်ပွဲ စက္ကူလေယာဉ်သပိတ်မှာ ပြည်တွင်း၊ ပြည်ပ အတူတူ ပါဝင် ပေးကြဖို့ နှိုးဆော်လိုက်ရပါတယ်။

On April 17th, New Year’s Day, we will call for a paper airplane strike as a moment of protest against the military junta’ acts of aerial aggression, constituting war crimes.

We shall stand in defiance of the military junta’ atrocities against our people, mobilizing the collective power of both domestic and international communities through the symbolic gesture of paper airplanes.

We will fold various paper airplanes, release them into the air, write prayers on them, or display them prominently.

We will express solidarity with those who have suffered the loss of loved ones and homes due to these airstrikes.

We will denounce the nations and organizations that facilitate the transport and sale of fuel enabling the military junta to continue its aerial assaults.

You can participate freely and express your creativity independently.

You can join the strike either online or offline. To document the event, we encourage participants to take photographs of their own folded paper airplanes as well as others they encounter.

#စက္ကူလေယာဉ်သပိတ်

#ဧပြီ၁၇ရဲ့စက္ကူလေယာဉ်သပိတ်

#နှစ်ဆန်းတစ်ရက်နေ့လူထုတိုက်ပွဲ

#လေယာဉ်တွေမြင်တဲ့အခါ

#WhenWeSeeThePlanes

#BanJetFuelExportsToMM#SanctionAviationFuel#BloodMoneyCampaignMM

“နှစ်ဆန်းတစ်ရက်နေ့ရဲ့ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန်”

“နှစ်ဆန်းတစ်ရက်နေ့ရဲ့ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန်”

အာဏာသိမ်းစစ်ကောင်စီဟာ 2021 ဖေဖော်ဝါရီလ‌ကနေ 2023 December အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း 1652ကြိမ် ကျူးလွန်ခဲ့ပြီး ပျမ်းမျှအားဖြင့် နေ့စဉ်မပျက် လေကြောင်းတိုက်ခိုက်မှုတွေရှိနေခဲ့တာဖြစ်တယ်။

လေကြောင်းတိုက်ခိုက်မှုရဲ့ ၃ပုံတစ်ပုံဟာ အရပ်သားတွေကိုတမင်ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူနဲ့ ကလေးတွေအစုလိုက်အပြုံလိုက်ရှိနေတဲ့ ဘာသာရေးအဆောက်အဦး ၁၃၇ခု၊စာသင်ကျောင်း၇၆ခုနဲ့ ဆေးရုံ၂၈ခုတို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

After the coup, the military regime has deliberately and repeatedly targeted civilians with air strikes, in violation with the laws of war. From February 2021 to December 2023, there were 1625 airstrikes, meaning an uninterrupted string of daily airstrikes on average.

A third of the airstrikes have deliberately targeted civilians, destroying 137 religious buildings, 76 schools, and 28 hospitals that have hosted people, including children, en masse.

#စက္ကူလေယာဉ်သပိတ်

#ဧပြီ၁၇ရဲ့စက္ကူလေယာဉ်သပိတ်

#နှစ်ဆန်းတစ်ရက်နေ့လူထုတိုက်ပွဲ

#လေယာဉ်တွေမြင်တဲ့အခါ

#whenweseetheplanes

#BanJetFuelExportsToMM

#SanctionAviationFuel

#BloodMoneyCampaignMM

#NMF

New Myanmar Foundation မှ April လ အတွက် ရိက္ခာဝေမည့် အကြောင်း သတင်း စကားပါးခြင်း

New Myanmar Foundation မှ April လ အတွက် ရိက္ခာဝေမည့် အကြောင်း သတင်း စကားပါးခြင်း

February 19 မှ March 18 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (1323) ဦးအား (17-4-2024) ဗုဒ္ဓဟူး နှင့် (18-4-2024) ကြာသတေး (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွား မည်ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ် များသို့ 0659252173 , 0654866856 Signal ဖုန်းနံပါတ်တို့မှ (12-4-2024 ) (13-4-2024) (2) ရက်တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုနိုင်ရန် ကြိုတင် ကြေညာ ပေးခြင်းဖြစ်ပါသည်။

12-4-2024 မှ 16-4-2024 အထိသည် ရုံးပိတ်ရက်ဖြစ်ပါသည် ။ (17-4-2024) နှင့် (18-4-2024) (2) ရက်သည် ရိက္ခာဝေမည့် ကာလဖြစ်ပါသဖြင့် ထိုရက်ပိုင်းအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှု များ / Signal မှ စာပို့မှုများကို အကြောင်းပြန်ကြားခြင်းများ နောက်ကျပါက နားလည်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည် ။

ဆက်သွယ်မေးမြန်းရန်

Hay Mar

Basic Food Program Manager

Phone & Signal +66 659252173 foodprogram.nmf@gmail.com

မြန်မာပြည်သူ/ပြည်သားများအားလုံးမင်္ဂလာပါဟု New Myanmar Foundationမှ နှုတ်ခွန်းဆက်လိုက်ပါသည်။

မြန်မာပြည်သူ/ပြည်သားများအားလုံးမင်္ဂလာပါဟု New Myanmar Foundationမှ နှုတ်ခွန်းဆက်လိုက်ပါသည်။

New Myanmar Foundationရုံးအနေဖြင့် လာမည့် ဧပြီလ ၁၂ရက် (သောကြာနေ့) နေ့မှ ၁၆ရက်နေ့ (အင်္ဂါနေ့)အထိ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်း၏ လုပ်ငန်းကိစ္စအဝဝအား နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး နှစ်သစ်ရုံးဖွင့်ရက်ဖြစ်သည့် ဧပြီလ (၁၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ပြန်လည်ဖွင့်လှစ် လည်ပတ်သွားမည်ဖြစ်ပါကြောင်း လူကြီးမင်းများအားလုံးအား ထပ်လောင်းအကြောင်းကြားအပ်ပါသည်။

မြန်မာပြည်သူ/ပြည်သားများ နှစ်သစ်ကူးအချိန်အခါသမယတွင် စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် ဘေးကင်းလုံခြုံမှုရှိစွာ ဖြတ်သန်းနိုင်ကြပါစေဟု ကျွန်တော်/ကျွန်မတို့ New Myanmar Foundationအဖွဲ့သားအားလုံးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

အားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေ။

#nmf