စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၈) အတွက် သင်တန်းသားခေါ်ယူခြင်း

Apr 25, 2025 | Agriculture Training, Food Support | 0 comments

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။

မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၈)သင်တန်းကို လာမည့် (၁၄ရက် မေလ မှ ၁၀ ရက် ဇွန်လ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင်တက်ရောက် ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/ မိမိတို့နေအိမ်မှ လာရောက်သင်တန်းတက်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။ မေလ ၅ ရက်နေ့ ညနေ (၅း၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်း လျှောက်လွှာ များ လျှောက်ထားရမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့်သူများကိုသာ ပြန်လည် ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်

သင်တန်းကာလ ။ ။ မေလ ၁၄ရက် မှ ဇွန်လ ၁၀ ရက်အထိ။ တပတ် (၆)ရက်။ (တနင်္ဂနွေ တရက်ပိတ်ပါသည်)

သင်တန်းအချိန် ။ ။ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။

သင်တန်းတည်နေရာ ။ ။ ဟုန်ဖိုင်- မဲဆောက်မြို့။

ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ။ ၁၃ ဦး။ (အမျိုးသမီးများ ဦးစားပေးရွေးချယ်မည်။)

မှတ်ချက် ။ ။ သင်တန်းဆင်းပြီးပါက အမှန်တကယ် စိုက်ပျိုးရေးအလုပ်ဖြင့် ပြန်လည်လုပ်ကိုင်မည့် သူများကိုသာ ရွေးချယ်သွားမည်။

သင်တန်းလျှောက်ထားရန် >> https://forms.gle/9beCeJKa3SsAsiMV8

မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက သင်တန်း တာဝန်ခံ ဖုန်းနံပါတ် 𝟎𝟔52841489၊ အီးမေးလ် [email protected] သို့ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီ အထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ New Myanmar Foundation မှ စိုက်ပျိုးရေးသင်တန်းများအား ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါအပတ်စဉ် (၇)ခုအား အောင်မြင်စွာသင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၆၁)ဦးအား မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

April 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၇) ရက်ကြာ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း " အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၊ နေ့လည် (၁) နာရီတွင် မဲဆောက်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၆) ဦး...

နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် 𝐌𝐇𝐏𝐒𝐒 𝐏𝐫𝐨𝐠𝐫𝐚𝐦) အတွက် အကြံပေးသူ (𝐂𝐨𝐮𝐧𝐬𝐞𝐥𝐨𝐫) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ...

New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၈) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ၁၃...

အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၃) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသူနိုင်ငံများ ပညာသင်ကြားမှုနှင့် အလုပ်အကိုင်ရှာဖွေမှု ပြုရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့်...

Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session...

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ (၁၁) ရက်အထိ (၁၁) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော နယူးမြန်မာ ဖောင်ဒေးရှင်း (New Myanmar Foundation) ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ညနေ (၀၃ : ၀၀)...

𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 များအတွက် လျှောက်လွှာခေါ်ယူခြင်း

𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡 ၏ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 အစီအစဉ်အတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၈-၄-၂၀၂၅ ရက်နေ့မှ ၂၅-၄-၂၀၂၅ ရက်နေ့အထိ အလုပ်တည်နေရာ : .........မဲဆောက် ခန့်အပ်မည့်ကာလ : ...........၃ လ အလုပ်ချိန် : ...........၁ ပတ် (၅) ရက်၊ (မနက် (၉) နာရီမှ (၅...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ Individual Housing အစီအစဉ်

နယူးမြန်မာဖောင်ဒေးရှင်း၏ Individual Housing အစီအစဉ်သည် ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများအပါအဝင် အန္တရာယ်အခြေအနေအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ပြေး ရောက်ရှိလာသော ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ နာတာရှည် နာမကျန်း ဖြစ်နေသူများ၊...