နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် 𝐌𝐇𝐏𝐒𝐒 𝐏𝐫𝐨𝐠𝐫𝐚𝐦) အတွက် အကြံပေးသူ (𝐂𝐨𝐮𝐧𝐬𝐞𝐥𝐨𝐫) ခေါ်ယူခြင်း

Apr 23, 2025 | ANNOUNCEMENT, Job Vacancy | 0 comments

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ

တည်နေရာ – New Myanmar Foundation

နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတရပ်လည်းဖြစ်ပါသည်။

ပင်မလုပ်ငန်းတာဝန်များ

(၁) စိစစ်အကဲဖြတ်မှုလုပ်ငန်းစဉ် – တစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးလိုအပ်ချက်များကို သတ်မှတ်ရန် ကနဦးအကဲဖြတ်မှုများ ပြုလုပ်ခြင်း၊

(၂) အကြံဉာဏ်ပေးမှုလုပ်ငန်းစဉ် – သက်သေအခြေပြု တိုင်ပင်ဆွေးနွေးမှုကုထုံးနည်းလမ်းများ အသုံးပြု၍ တစ်ဦးချင်းစီ အတွက် အကြံဉာဏ်ပေးမှုများ ပြုလုပ်ခြင်း၊

(၃) အသိအမြင်ဖွင့်သင်တန်း – စိတ်ကျန်းမာရေးအကြောင်းသိနားလည်မှု၊ စိတ်ဓာတ်စွမ်းရည်မြှင့်တင်တည်ဆောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာအရေးပေါ်အကူအညီ (PFA) များဆိုင်ရာ အသိအမြင်ဖွင့်ဆွေးနွေးပွဲများ၊ သင်တန်းများကို ဦးဆောင်ပြုလုပ်ခြင်း၊

(၄) စည်းရုံးလှုံ့ဆော်ပြောဆိုခြင်း- စိတ်ကျန်းမာရေးအသိအမြင်များနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ၏ အရေးပါမှု တို့အပေါ် စည်းရုံးလှုံ့ဆော်ပြောဆိုခြင်း၊

(၅) စောင့်ကြည့်လေ့လာခြင်း – ကူညီပံ့ပိုးမှုလက်ခံသူများ/လူနာများ၏ တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်၍ ကုသမှုအစီအစဉ်များကို လိုအပ်သလို ပြုပြင်သတ်မှတ်ခြင်း၊

(၆) အစီရင်ခံစာရေးသားတင်သွင်းခြင်း – လုပ်ငန်းစဉ်ဆောင်ရွက်ချက်မှတ်တမ်းများနှင့် လူနာတိုးတက်မှုမှတ်တမ်းများကို အမှုဆောင်ဒါရိုက်တာ(Executive Director) ထံ အစီရင်ခံစာတင်ပြခြင်း၊

(၇) ပူးပေါင်းဆောင်ရွက်ခြင်း – အခြားပညာရှင်များ၊ အဖွဲ့အစည်းများနှင့် စနစ်တကျပူးပေါင်း၍ အစီအစဉ်အောင်မြင်စွာတိုးတက်အောင် ဆောင်ရွက်ခြင်း။

လိုအပ်သောကျွမ်းကျင်တက်မြောက်မှုများ

• စိတ်ပညာ၊ အကြံဉာဏ်ပေးရေး သို့မဟုတ် ဆက်စပ်ဘာသာရပ်တစ်ရပ်ဖြင့် ဘွဲ့တစ်ခု ရရှိထားသူ။

• စိတ်ဓာတ်စွမ်းရည်မြှင့်တင်တည်ဆောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာအရေးပေါ်အကူအညီ (PFA) များပေးအပ်ခြင်း တို့အပါအဝင် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာထောက်ပံ့မှုတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းအတွေ့အကြုံရှိသူ၊ ကျွမ်းကျင်တတ်မြောက်မှုလက်မှတ်များရှိသူ။

• စိတ်ကျန်းမာရေးနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ရေး ထောက်ပံ့မှုကဏ္ဍလုပ်ငန်းနယ်ပယ်၌ အကြံဉာဏ်ပေး အတွေ့အကြုံရှိသူ။

• ပြန်ကြားဆက်သွယ်ရေးကောင်းမွန်ပြီး မတူညီသောလူအုပ်စုများနှင့်အတူ လုပ်ကိုင်နိုင်စွမ်းရှိသူ။

• အဖွဲ့လိုက်လုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်လုပ်ကိုင်နိုင်ပြီး လျှို့ဝှက်သိမ်းဆည်းမှုကို ထိန်းသိမ်းလိုက်နာနိုင်သူ။

လျှောက်လွှာပေးပို့ရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများ

• A demonstrated commitment to mental health and psychosocial support.

• ကိုယ်ရေးအချက်အလက် နှင့် လျှောက်ထားရသည့်အကြောင်းအရင်း၊ အတွေ့အကြုံများရေးသားဖော်ပြထားသောလျှောက်ထားစာ

• သက်ဆိုင်သော လက်မှတ်များ၊ ဘွဲ့လက်မှတ်များနှင့် ကျွမ်းကျင်တတ်မြောက်မှုထောက်ခံချက်များ

• ထောက်ခံသူ အနည်းဆုံး ၂ ဦး၏ ထောက်ခံစာ

• လုပ်ငန်းအတွေ့အကြုံများကိုဖော်ပြနိုင်သည့် အထောက်အထားများ

သင်သည် စိတ်ကျန်းမာရေးနယ်ပယ်တွင်အပြောင်းအလဲဖြစ်အောင်လုပ်ဆောင်လိုသောစိတ်အားထက်သန်မှုရှိပြီး၊ လိုအပ်သောကျွမ်းကျင်မှုနှင့်အတွေ့အကြုံရှိပါက ကျွန်ုပ်တို့အဖွဲ့သို့လျှောက်ထားရန်ဖိတ်ခေါ်အပ်ပါသည်။

လျှောက်ထားနိုင်သောနည်းလမ်း

သင်၏လျှောက်လွှာအထောက်အထားများကို [email protected] သို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ မတိုင်မီပေးပို့ပါ။ ရွေးချယ်ခံရသောသူများကိုသာအင်တာဗျူးအတွက်ဆက်သွယ်သွားမည်ဖြစ်သည်။

နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) သည် နောက်ခံအသီးသီးမှလျှောက်ထားသူများကို ကြိုဆိုပြီး လျှောက်ထားမှုအားလုံးကိုတန်းတူညီမျှစွာထည့်သွင်းစဉ်းစားသည့် အဖွဲ့အစည်းဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက

Admin Dept:

Phone & Signal No. +66 626 874 266

Email: [email protected]

New Myanmar Foundation

February 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၇) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၇) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ရက်စွဲ။ ။ဖေဖော်ဝါရီလ (၂) ရက် ၊ ၂၀၂၅ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသော မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်း မှ “အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍...

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာ နှစ်သစ်ပါခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော...

အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၉) အတွက် သင်တန်းသား ခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေ ရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့်...

မဲဆောက်ရဲစခန်းမှ သေနတ်ပစ်ခံရသော ရဲတပ်ကြပ်ကြီးအတွက် New Myanmar Foundation မှ ဦးစီး၍ သွေးလှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ၊ မယ်ကုရပ်ကွက်တွင် တရားမဝင်ပစ္စည်းများ ဖမ်းဆီးစဉ် တရားခံ (၁) ဦး၏ ပစ်ခတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မဲဆောက်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး (စေ့က်ဆန် ထန်းကား- Police Senior Sergeant...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ...

𝟬𝟮-𝟎𝟭-𝟐𝟎𝟐𝟲 မှ 𝟭𝟮-𝟬𝟭-𝟐𝟎𝟐𝟲 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

2 . 1 . 2026 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 7.5 kg ၊ ဘူးသီး - 50 kg ၊ ကန်စွန်းရွက် - 20 ၊ ချဉ်ပေါင် - 13 kg ၊ သခွါးသီး - 100 kg ၊ ဗုံလုံသီး - 17 kg နှင့် ခရမ်းသီး - 25 စုစုပေါင်း = 232 . 5 kg အား ( Mae Tao Clinic ) သို့ လူဦးရေ - 930 ဦး စာအတွက် NMF...

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၆) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို...

လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အွန်လိုင်းသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေ မပါ) လူ့အခွင့်အရေးအမြင်ဖွင့်သင်တန်း နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးသင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍...