၇၆နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာ
ပြည်သူ့အစိုးရ အမြန်ဆုံးပေါ်ပေါက်လာရေးနှင့် ပအိုဝ်းပြည်သူ လွတ်မြောက်ရေးတို့အတွက် ကြိုးပမ်းလျက် ရှိသည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ကို ပအိုဝ်းလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိနားလည် ပြီး ဘုံနိုင်ငံရေးရည်မှန်းချက်များ စုပေါင်းအကောင်အထည်ဖော်ရာတွင် ပအိုဝ်းလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသော ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် အာဏာရှင်စနစ်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် အတူတကွ တညီတညွတ်တည်း တွန်းလှန်ပေးနေကြသော ပအိုဝ်းပြည်သူများအား ကျွန်ုပ်တို့ မိတ်ဖက် အဖွဲ့အစည်းများမှ ယနေ့ကျရောက်သော ပအိုဝ်းအမျိုးသားနေ့တွင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
နယူးမြန်မာဖောင်ဒေးရှင်း နှင့် မိတ်ဖက်အဖွဲ့အစည်းများ