ဖုန်းမော်နေ့ အမှတ်တရ ကျင်းပပြုလုပ်ခြင်း
၁၉၈၈ အရေးအခင်းတွင် ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့သော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တိုကို အမှတ်ရ အောက်မေ့သည့်အနေဖြင့် New Myanmar Foundation နှင့် မိတ်ဖက်များက ၂၀၂၅ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် သတိရအောက်မေ့ပွဲ ပြုလုပ်ခဲ့ကြပါသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို ကဲ့သို ဒီမိုကရေစီအရေး အတွက် အသက်ပေးခဲ့ကြသော ကျောင်းသား သူရဲကောင်းများနှင့် ပြည်သူလူထု အားလုံးကို ယခု မတ်လ (၁၃) ရက်နေ့တွင် တော်လှန်ရေးတာဝန် ဆက်လက်ထမ်းဆောင်နေကြသည့် အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ် အားလုံးကိုယ်စား အမှတ်ရ ဂုဏ်ပြုလိုက်ရပါသည်။
မတရားမှုကို လက်မခံ ငြင်းဆန်သော ကျောင်းသားလူငယ်ထုနှင့် တော်လှန် ပြည်သူလူထုကြီး တရပ်လုံးက စစ်အာဏာရှင် အပြီးသတ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ယနေ့ မတ်လ (၁၃) ရက်နေ့တွင် ထပ်လောင်း ကတိပေးအပ်ပါသည်။
“ဖုန်းမော်နေ့ကို မမေ့နဲ့၊ ကျောင်းသားလူထုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”
