Stand For Her Land အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ် ကျင်းပခဲ့ခြင်း

Mar 8, 2025 | Activities, Campaign | 0 comments

Stand For Her Land အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ် ကျင်းပခဲ့ခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် New Myanmar Foundation နှင့် WLRC (Women Lead Resource Center) တို့ပူးပေါင်း၍ Stand For Her Land အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ်ကို ညနေ 8 နာရီမှ 9 နာရီခွဲအထိ ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် မိတ်ဖက်အဖွဲ့အစည်းများမှ စုစုပေါင်း 16 ဦးခန့် တက်ရောက်ခဲ့ကြပြီး အမျိုးသမီးများကြုံတွေ့နေရသည့် လယ်ယာမြေပိုင်ဆိုင်မှုဆိုင်ရာ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ အသိပညာများ မျှဝေခဲ့ကြပါသည်။ ဤအစီအစဉ်သည် အမျိုးသမီးများအား ၎င်းတို့၏ လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး နားလည်သဘောပေါက်စေရန် နှင့် အမျိုးသားများသာလျှင် လယ်ယာမြေ ပိုင်ဆိုင်စေသည့် အစဉ်အလာများ လျော့နည်းလာစေရန် ရည်ရွယ်ပါသည်။ တက်ရောက်သူများမှလည်း အမျိုးသမီးတစ်ယောက်အနေဖြင့် မြေယာပိုင်ဆိုင်ခွင့်မရရှိခဲ့သည့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ ဖြစ်ရပ်များ၊ ကိုယ်ပိုင် အတွေ့အကြုံများကို လည်း မျှဝေဆွေးနွေးခဲ့ကြကာ ပရိုဖိုင်ပြောင်းခြင်းဖြင့် ကမ်ပိန်းတွင် ပါဝင်ခဲ့ကြပြီး အစီအစဉ်ကို ရပ်နားခဲ့ပါသည်။

April 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session...

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ (၁၁) ရက်အထိ (၁၁) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော နယူးမြန်မာ ဖောင်ဒေးရှင်း (New Myanmar Foundation) ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ညနေ (၀၃ : ၀၀)...

𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 များအတွက် လျှောက်လွှာခေါ်ယူခြင်း

𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡 ၏ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 အစီအစဉ်အတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၈-၄-၂၀၂၅ ရက်နေ့မှ ၂၅-၄-၂၀၂၅ ရက်နေ့အထိ အလုပ်တည်နေရာ : .........မဲဆောက် ခန့်အပ်မည့်ကာလ : ...........၃ လ အလုပ်ချိန် : ...........၁ ပတ် (၅) ရက်၊ (မနက် (၉) နာရီမှ (၅...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ Individual Housing အစီအစဉ်

နယူးမြန်မာဖောင်ဒေးရှင်း၏ Individual Housing အစီအစဉ်သည် ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများအပါအဝင် အန္တရာယ်အခြေအနေအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ပြေး ရောက်ရှိလာသော ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ နာတာရှည် နာမကျန်း ဖြစ်နေသူများ၊...

Donation of Food Supplies (27-Mar to 07-Apr-2025)

27 . 3 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော ကြက်ဟင်းခါးသီး - 6 kg ၊ ဘူးသီး - 13 kg ၊ ရုံးပတီသီး - 7.5 kg ကန်စွန်းရွက် - 30 kg ၊ ချဉ်ပေါင်ရွက် - 19 kg နှင့် ဘူးညွန့် - 7 kg ( စုစုပေါင်း - 82 kg ) တို့အား ( မယ်တော်ဆေးခန်း ) သို့ လူဦးရေ - 330 ဦးစာအတွက်...