International Women Day အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ် ကျင်းပခဲ့ခြင်း

Mar 8, 2025 | Activities, Campaign, Uncategorized | 0 comments

International Women Day အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ် ကျင်းပခဲ့ခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် New Myanmar Foundation နှင့် WLRC (Women Lead Resource Center) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women Day) အထိမ်းအမှတ် အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ်ကို ညနေ 7 နာရီမှ 8 နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် မိတ်ဖက်အဖွဲ့အစည်းများမှ စုစုပေါင်း 18 ဦးခန့် တက်ရောက်ခဲ့ကြပြီး ပဋိပက္ခကာလအတွင်း ကဏ္ဍအသီးသီး၌ အမျိုးသမီးများကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ကျားမ ခွဲခြားသည့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အန္တရာယ်ရှိသည့် ရိုးရာ အလေ့အထများ၊ Stigma များနှင့်ပတ်သက်၍ အသိပညာများ မျှဝေခဲ့ကြပါသည်။
ဤအစီအစဉ်သည် အမျိုးသမီးများအား လူမှုဘဝအတွင်း လိင်ပိုင်းဆိုင်ရာ၊ လူမျိုးရေး၊ ကိုးကွယ်ယုံကြည်မှု၊ ကျား/မ၊ စီးပွားရေးအဆင့်အတန်း စသည့် အကြောင်းအရာများပေါ်တွင် တန်းတူညီမျှမှု ရရှိရန်နှင့် မှားယွင်းသော ရိုးရာ အလေ့အထများ၊ Stigma များ လျော့နည်းပပျောက်စေရန် ရည်ရွယ်ပါသည်။ တက်ရောက်သူများမှလည်း အမျိုးသမီးတစ်ယောက်အနေဖြင့်လူမှုအသိုင်းအဝိုင်းနှင့် ၎င်းတို့၏ မိသားစုအတွင်း ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် ကျားမ မညီမျှမှုများ၊ ခွဲခြား ဆက်ဆံမှုများ၊ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများ ကိုလည်း မျှဝေဆွေးနွေးခဲ့ကြပါသည်။
ထို့‌အပြင် ကျားမ တန်းတူညီမျှမှု မရှိခြင်းကို ဖြစ်‌ပေါ်စေသည့် အဓိက အကြောင်းအရာများကို တိုင်ပင် ဆွေးနွေးခဲ့ကြပြီး လူ့အဖွဲ့အစည်းအတွင်းရှိ ကဏ္ဍအသီးသီးနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် မည်သို့ကြိုးပမ်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ကြကာ ပရိုဖိုင်ပြောင်းခြင်းဖြင့် ကမ်ပိန်းတွင် ပါဝင်ခဲ့ကြပြီး အစီအစဉ်ကို ရပ်နားခဲ့ပါသည်။

April 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၈) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၇) ရက်ကြာ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း " အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၊ နေ့လည် (၁) နာရီတွင် မဲဆောက်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၆) ဦး...

နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် 𝐌𝐇𝐏𝐒𝐒 𝐏𝐫𝐨𝐠𝐫𝐚𝐦) အတွက် အကြံပေးသူ (𝐂𝐨𝐮𝐧𝐬𝐞𝐥𝐨𝐫) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ...

New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၈) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ၁၃...

အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၃) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသူနိုင်ငံများ ပညာသင်ကြားမှုနှင့် အလုပ်အကိုင်ရှာဖွေမှု ပြုရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့်...

Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session...

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ (၁၁) ရက်အထိ (၁၁) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော နယူးမြန်မာ ဖောင်ဒေးရှင်း (New Myanmar Foundation) ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ညနေ (၀၃ : ၀၀)...

𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 များအတွက် လျှောက်လွှာခေါ်ယူခြင်း

𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡 ၏ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 အစီအစဉ်အတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၈-၄-၂၀၂၅ ရက်နေ့မှ ၂၅-၄-၂၀၂၅ ရက်နေ့အထိ အလုပ်တည်နေရာ : .........မဲဆောက် ခန့်အပ်မည့်ကာလ : ...........၃ လ အလုပ်ချိန် : ...........၁ ပတ် (၅) ရက်၊ (မနက် (၉) နာရီမှ (၅...