New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ နေရာထိုင်ခင်းချထားရေး အစီအစဥ်အား (Safe House Program) လုပ်ဆောင်လျက်ရှိရာ နေရာထိုင်ခင်းချထားမှု နှင့် နေထိုင်သူများ၏ လိုအပ်ချက်များအား ဆောက်ရွက်ပေးရသည့် လုပ်ငန်းအတွက် ဝန်ထမ်းရာထူး လျှောက်လွှာများ ခေါ်ယူနေပါသည်။
ရာထူး – Safe House Program Officer
လျှောက်လွှာလက်ခံမည့်ကာလ – ၂၆ရက် ၊ ဖေဖော်ဝါရီလ၂၀၂၅ မှ ၆ မတ်လ၂၀၂၅ အထိ
နေရာ – မဲဆောက်
အစမ်းခန့်ကာလ – ၃ လ
အစမ်းခန့်လစာ – ဘတ် ၈၀၀၀
ပုံမှန်လစာ – ဘတ် ၁၀၀၀၀
အစီရင်ခံရမည့်သူ – Safe House Program Manager
ခန့်အပ်မည့်ဦးရေ – (၁) ဦး
လုပ်ဆောင်ရမည့်တာဝန်များ
===============
Safe house များတွင်နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင် ရွက်ပေးရမည်။
နေထိုင်သူအသစ်များ ဝင်ရောက်လာပါက စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များနှင့် အခွင့်အရေးဆိုင်ရာ အကြောင်းများ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။
နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်း နှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan) တို့အား ဆောင်ရွက်ပေးရမည်။
နေထိုင်သူအသစ်များနှင့် ပတ်သက်သော စာရင်းများအား Safe House Program Manager ထံသို့ အချိန်မီ တင်ပြရပါမည်။
Safe House တွင် လစဉ်ပြုလုပ်လျက်ရှိသော အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။
Safe House နေထိုင်သူများအတွက် လစဉ်ဖြန့်ဝေလျက်ရှိသော အသုံးအဆောင်ပစ္စည်းများအား ဝယ်ယူဖြန့်ဝေ ပေးရမည်။
Safe house များတွင် နေထိုင်သောသူများ၏ စည်းကမ်းပိုင်းဆိုင်ရာလိုက်နာမှုများကို တာ၀န်ယူ စောင့်ကြည့်ပေးရ မည်။
Safe House များတွင် နေထိုင်သောသူများ၏ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များကို Program Manager နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။
Safe House တွင် ပေါ်ပေါက်သော အရေးပေါ် ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ် ပေးရမည် ဖြစ်ပြီး အချိန်နှင့် တပြေးညီ Safe House တာ၀န်ခံထံသို့ တင်ပြရပါမည်။
Safe House များတွင် အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပါက Foundation မှ ချမှတ်ထားသော မူ၀ါဒများနှင့် အညီ ငြိမ်းချမ်းစွာ၊ ညီညွတ်မျှတစွာ ကိုင်တွယ်ဖြေရှင်းပေးရမည်။
Safe House နေသူများအတွက် အကျိုးရှိစေနိုင်မည့် သင်တန်းများ၊ ဟောပြောပွဲများကိုလည်း စိစစ်ရွေးချယ် ကျင်းပ ပေးရမည်။
Safe House တွင် ထားရှိသော Foundation ပိုင် ပစ္စည်းများကို စနစ်တကျ စာရင်းမှတ်သားကာ ထိန်းသိမ်း စောင့်ရှောက်ရမည်။
အတွေ့အကြုံလိုအပ်ချက်
================
Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။
လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။
လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရမည်။
စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။
အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။
English စာ တတ်ကျွမ်းသူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရန်
=============
လျှောက်ထားလိုသူများသည် 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 သို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲ ပေးပို့ လျှောက်ထားနိုင်သည်။
ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားထားသည့် CV Form
ပညာအရည်အချင်းလက်မှတ်များ
ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်းဖော်ပြရန်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
𝗛𝗥 & 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁
𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡

