မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။
New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –
(မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်း သူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိ သူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။
အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
၁။ အရပ်သား CDMများ ၏ မိသားစုဝင်များ
၃။ စစ်/ရဲ CDM များတွင် မိသားစုဝင် (၄) ဦးထက်ပိုသည့် မိသားစုများ
၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ
၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများ
အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။
မိသားစု ဝင်ငွေရှိသူများ အနေဖြင့် လျှောက်ထား၍ မရပါ။ (လူသစ်/လူဟောင်း) အားလုံးနှင့် သက်ဆိုင်ပါသည်။
မှတ်ချက် (၁) ။ ။ ရိက္ခာလျှောက်ထားရမည့်ကာလ 𝟯-𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆-𝟮𝟬𝟮𝟱 မှ 𝟭𝟱-𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆-𝟮𝟬𝟮𝟱 (ရုံးဖွင့်ရက် ရုံးချိန်အတွင်း) သည် – ရိက္ခာဝေ အစီအစဉ်ရှိခဲ့ပါက အပြောင်းအလဲ ရှိနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ရှင့်။
မှတ်ချက် (၂) ။ ။ ၂၀၂၅ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ (၂) လစာ အတွက် ရိက္ခာလျှောက်ထားသောသူများအား ဖေဖော်ဝါရီလ အတွင်း ရိက္ခာ မျှဝေမည့် အစီအစဉ် ရှိပါသည်။ ရိက္ခာဝေမည့် အစီအစဉ်သည် အလှူရှင် ဆက်သွယ်လာသည့် အပေါ်မူတည်ပြီး ရိက္ခာ ဝေရက် သတ်မှတ်ရခြင်း ဖြစ်သည့်အတွက် ရိက္ခာဝေမည့် ရက်အား ပြန်လည်ကြေငြာပေးသွားမည် ဖြစ်ပါသည်။
မှတ်ချက် (၃) ။ ။ လူဟောင်းများ အနေဖြင့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ (၂) လစာအတွက် ရိက္ခာမရသေးသော်လည်း ရိက္ခာလျှောက်ရမည့် သတ်မှတ် ကာလအတွင်း ရိက္ခာပြန်လျှောက်လိုကြောင်းကို Signal မှ စာဖြင့်ရေးသား၍ သတ်မှတ်ထားသည့် ရက်များ အတွင်း (၁) ကြိမ်သာ ရေးပို့ကြပါရန် ကြိုတင်ပန်ကြားအပ်ပါသည်။ ယခုဖောင်လက်ခံမည့် ကာလသည် လူဦးရေ (၂၀၀၀) ဝန်းကျင်ခန့် လျှောက်ထားမည်ဖြစ်ပါသဖြင့် လူဟောင်းများအနေဖြင့် ဖုန်းခေါ်ဆိုပါက လူသစ်များလျှောက်ထားရန် အခက် အခဲ ရှိနိုင်သောကြောင့် ဖုန်းခေါ်ဆိုလျှောက်ထားခြင်းအားမပြုဘဲ စာဖြင့်(၁)ကြိမ်သာရေးပို့လျှောက်ထားရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်ရှင့် ။
မှတ်ချက် (၄) ။ ။ လူသစ်များ အနေဖြင့် ရုံးဖုန်း (0659252173) သို့ ဖုန်းတိုက်ရိုက်ဆက်လျှောက်ထားရန် လိုအပ်ပါကြောင်း ကြိုတင်အသိ ပေးအပ်ပါတယ်ရှင့်။
ရိက္ခာလျှောက်ထားမှုပုံစံ
ရိက္ခာလျှောက်ရန် ရုံးဖုန်း (0659252173) သို့ ရိက္ခာလျှောက်ရန် ကြေငြာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီအတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လည်းကောင်း ၊ လူဟောင်းများ အနေဖြင့် Signal မှ စာပို့၍ လည်းကောင်း လျှောက်ထားရမည် ဖြစ်ပါသည်။
New Myanmar Foundation ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်ပါက Signal တွင် စာပို့မေးမြန်းထားနိုင်ပါသည်။ ထိုင်းရုံးပိတ်ရက်များကိုလည်း Facebook Page တွင် ကြိုတင်ကြေငြာပေးလေ့ရှိပါသည်။
ရိက္ခာအခက်အခဲရှိသူများအနေဖြင့် ၂၀၂၅ မတ် နှင့် ဧပြီ (၂) လစာအတွက် ( ဖေဖော်ဝါရီ ၃ ရက် နေ့ မှ ဖေဖော်ဝါရီ ၁၅ ရက်နေ့ အထိ) ရုံးဖွင့်ရက် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ သတ်မှတ်ထားသည့် ရက်များအတွင်း ဖုန်းတိုက်ရိုက်ဆက် လျှောက်ထားပေးရန် လိုပါသည်။
ဆက်သွယ်မေးမြန်းရန်
𝐁𝐚𝐬𝐢𝐜 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫
𝗛𝗮𝘆 𝗠𝗮𝗿
New Myanmar Foundation
Phone: +𝟲𝟲 𝟲𝟱𝟵 𝟮𝟱𝟮 𝟭𝟳𝟯
Signal: 𝟬𝟲𝟱𝟵𝟮𝟱𝟮𝟭𝟳𝟯


