စစ်တပ်မှ အာဏာသိမ်းခြင်း (၄) နှစ်မြောက်နေ့ ပြည်သူသို့ ပေးပို့သောသဝဏ်လွှာ

Feb 1, 2025 | ANNOUNCEMENT, Statement | 0 comments

                                                                                                                                                      နေ့စွဲ – ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၅ ခုနှစ်

လေးစားချစ်ခင်ရပါသော မြန်မာပြည်သူ/သားအပေါင်းအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့သည် စစ်တပ်မှ မတရားအာဏာသိမ်းကာ ပြည်သူရွေးချယ် တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရကို ဖယ်ရှားခဲ့သည်မှာ (၄)နှစ်တင်းတင်းပြည့်သောနေ့ ဖြစ်ပါသည်။ ပြည်သူများက အာဏာသိမ်းမှုကို လုံး၀ လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများကို စစ်အာဏာရှင်များမှ အကြမ်းဖက်နှိမ်နင်းသဖြင့် ပြည်သူများမှ ရရာ လက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက်နေခဲ့ကြရပါသည်။ တော်လှန်ရေးအင်အားစုများသည် တစတစကြီးထွား အားကောင်းညီညွတ်လာမှုကြောင့် ယခုအခါမြို့ပေါင်း (၉၀) ကျော်ကို လုံး၀ဥဿုံသိမ်းပိုက်အုပ်ချုပ်နိုင်ပြီ ဖြစ်ပါသည်။ စစ်တပ်မှ ပြန်လှန်တိုက်စစ်ဆင်သိမ်းပိုက်နိုင်ခဲ့သော မြို့တစ်မြို့မှ မရှိခဲ့ခြင်းကြောင့် စစ်တပ်အနေဖြင့် ပြိုကွဲပျက်စီးတော့မည် ဖြစ်ကြောင်း ပေါ်လွင်လှပါသည်။

၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော အနှစ် (၆၀) ကျော် စစ်တပ်အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူများသည် စစ်ကျွန်ဘ၀ဖြင့် လူ့အခွင့်အရေး၊ လူမျိုးစုအခွင့်အရေးများလုံး၀ဆုံးရှုံးကာ ကမ္ဘာ့အလယ်တွင်လူတောမတိုး ၊ လူတန်းမစေ့၊ သိမ်ငယ်ညှိုးနွမ်းစွာ နေခဲ့ရပါသည်။ ပြည်သူသန်းနှင့်ချီ၍ အိမ်နီးချင်းနိုင်ငံများတွင် ခေါင်းပုံဖြတ် အစော်ကားခံကာ ရပ်တည်လုပ်ကိုင်နေကြရပါသည်။ ထို့အပြင် စစ်တပ်မှ တော်လှန်ရေးအင်အားစုများ၏ ရေသောက်မြစ်သည် ဒေသခံပြည်သူများဖြစ်သည်ဟု စွပ်စွဲကာ ပြည်သူများကို အကြမ်းဖက်ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်လျက်ရှိရာ ပြည်သူအပေါင်းသည် အတိဒုက္ခ ကြီးမားစွာခံစားနေကြရပါသည်။

စစ်အုပ်ချုပ်ရေးကို အမြစ်ဖြတ်ဖယ်ရှားပြီး ပြည်သူများ၏လူ့အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်‌ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်ကို တည်ဆောက် နိုင်မှသာလျှင် မြန်မာပြည်သူတရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ စည်းလုံးညီညွတ်စွာရှိပြီး မြန်မာပြည်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲ တိုးတက်အောင်မြင်ပါမည်။

သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံးအမြစ်ဖြတ်ဖယ်ရှားပစ်ကြပါရန် ပန်ကြားအပ်ပါသည်။ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ပေးခဲ့သော တော်လှန်ရေးအင်အားစုများအားလုံး အထူးသဖြင့် ညီနောင်၃ဖွဲ့အားလည်း အထူးပင် ဂုဏ်ပြုချီးကျုးပါသည်။ ဒီမိုကရေစီတိုက်ပွဲ၊ တိုင်းရင်းသားအခွင့်အရေးတိုက်ပွဲများ တွင် အသက်၊သွေး၊ချွေး ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအားလည်း လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်။ စစ်တပ်နှိပ်စက်ခြင်းနှင့် ညှဥ်းပန်းမှုမျိုးစုံ ကို ခံစားခဲ့ရသော၊ ခံစားနေကြရသော ပြည်သူအပေါင်းအတွက်လည်း ညှိုးငယ်စွာဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။

မြန်မာပြည်သူများ စစ်ကျွန်ဘ၀မှ အမြန်ဆုံးလွတ်မြောက်ကြပါစေ။

ဆက်သွယ်ရန်

ဒေါက်တာစန်းအောင်       Phone  – 081 052 4966,             

မခိုင်ဝတ်ရည်                 Phone  – 099 010 4090

https://newmyanmarfoundation.org/wp-content/uploads/2025/01/Feb-1-2025.pdf

March 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

မတရားဖမ်းဆီးခံရခြင်းများအတွက်ဥပဒေရေးရာ အကူအညီပေးရေးအစီအစဉ်အတွက် တာ၀န်ခံတစ်ဦး ခေါ်ယူခြင်း

ရာထူး : 𝐋𝐞𝐠𝐚𝐥 𝐀𝐢𝐝 𝐎𝐟𝐟𝐢𝐜𝐞𝐫 အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း လျှောက်လွှာလက်ခံမည့်ကာလ : ၁၄.၃.၂၀၂၅ မှ ၂၃.၃.၂၀၂၅ အထိ အလုပ်တည်နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၅၀၀၀ နှင့် အထက် အစီရင်ခံရမည့်သူ : 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ်...

ဖုန်းမော်နေ့ အမှတ်တရ ကျင်းပပြုလုပ်ခြင်း

၁၉၈၈ အရေးအခင်းတွင် ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့သော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တိုကို အမှတ်ရ အောက်မေ့သည့်အနေဖြင့် New Myanmar Foundation နှင့် မိတ်ဖက်များက ၂၀၂၅ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် သတိရအောက်မေ့ပွဲ ပြုလုပ်ခဲ့ကြပါသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို ကဲ့သို...

၇၆နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာ

ပြည်သူ့အစိုးရ အမြန်ဆုံးပေါ်ပေါက်လာရေးနှင့် ပအိုဝ်းပြည်သူ လွတ်မြောက်ရေးတို့အတွက် ကြိုးပမ်းလျက် ရှိသည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ကို ပအိုဝ်းလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိနားလည် ပြီး ဘုံနိုင်ငံရေးရည်မှန်းချက်များ စုပေါင်းအကောင်အထည်ဖော်ရာတွင် ပအိုဝ်းလူထု၏...

Donation of Food Supplies (5-Mar to 11-Mar-2025)

5. 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ကြက်ဟင်းခါးသီး - 28 kg , ဗူးသီး - 45 kg , ကန်စွန်းရွက် - 19 kg , ချဉ်ပေါင်ရွက် - 35 kg နှင့် သခွါးသီး - 12.5 kg , ( စုစုပေါင်း - 142 kg ) အား ( မယ်တော်ဆေးခန်း ) သို့ လူဦးရေ - 568 ဦးအတွက်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင်🌟...

လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး သင်တန်းများအတွက်

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၅ ခုနှစ် ဧပြီလ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချပေးမည့် လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေးသင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်နိုင်ပါသည်။ အဆိုပါသင်တန်းအတွက် ယခုလျှောက်လွှာ...

Stand For Her Land အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ် ကျင်းပခဲ့ခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် New Myanmar Foundation နှင့် WLRC (Women Lead Resource Center) တို့ပူးပေါင်း၍ Stand For Her Land အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ်ကို ညနေ 8 နာရီမှ 9 နာရီခွဲအထိ ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် မိတ်ဖက်အဖွဲ့အစည်းများမှ စုစုပေါင်း 16...

International Women Day အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ် ကျင်းပခဲ့ခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် New Myanmar Foundation နှင့် WLRC (Women Lead Resource Center) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women Day) အထိမ်းအမှတ် အသိပညာမျှဝေခြင်းနှင့် ကမ်ပိန်းအစီအစဉ်ကို ညနေ 7 နာရီမှ 8 နာရီအထိ ပြုလုပ်ခဲ့ပါသည်။...

မတရား သဖြင့် အလုပ်ဖြုတ်ခံရသော စက်ရုံအလုပ်သမား (၁၀၀) အား Arakan Worker

၂၀၂၅ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်ရုံတစ်ခုမှ မတရားသဖြင့် အလုပ်ထုတ်ခံရသော အလုပ်သမား (၁၀၀)ခန့်အား Arakan Worker Organization နှင့် ချိတ်ဆက်၍ New Myanmar Foundation မှ ဆန်နှင့်ပဲတို့ကို လူ (၁၀၀) စာ အရေးပေါ် ရိက္ခာအဖြစ်လှူဒါန်းခဲ့ပါ သည်။...