နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၁) သင်တန်းဆင်းပွဲ

Jan 31, 2025 | Activities, Sewing machine | 0 comments

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ မှ (၃၁) ရက်အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၁) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ နေ့လည် (၁၂း၃၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၅၁) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈) ဦး (သင်တန်းသား (၃) ဦး နှင့် သင်တန်းသူ (၅) ဦး) ရှိပါသည်။

သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်သီတာ မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ် ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမထံ အကူအညီတောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလို ကြောင်းနှင့် အလုပ်အကိုင် သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး စိတ်ဓါတ်မကျရန်တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးမည့် ကိုညီညီဦးမှလည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်၍ သိရှိထားရမည့် အချက်များကို သေချာစွာရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့် သင်ကြား ပြသပေးခဲ့သော သင်တန်းဆရာမကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်း ပြီးဆုံးသွားသော်လည်း သင်တန်းသား၊ သင်တန်းသူများ အချင်းချင်း မိသားစုဝင်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးရှိကာ တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ကူညီရိုင်းပင်းကြရန်နှင့် အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသား/သူ (၈) ဦး တို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

February 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

Donation of Food Supplies (6-Feb to 12-Feb-2025)

6. 01. 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻  စိုက်ပျိုးရေးခြံမှ ဘူးသီး - 86 kg, ရုံးပတီသီး  -12kg, ပဲ‌‌တောင့်ရှည် 3 kg နှင့် ကြက်ဟင်းခါးသီး - 22.5 kg ( စုစုပေါင်း - 123.5 kg ) တို့အား ( HSA Mu Htaw school and CDC School သို့ ) လူဦးရေ ( 494 ) ဦးစာအတွက်...

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သဝဏ်လွှာ

ယနေ့ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာပြည်သူပြည်သား သွေးချင်းညီအကိုမောင်နှမ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြန်မာပြည်...

𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍 မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါ သည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၁.၂.၂၀၂၅ မှ ၂၅.၂.၂၀၂၅ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၀၀၀၀ အစီရင်ခံရမည့်သူ : Executive Director လုပ်ဆောင်ရမည့်တာ၀န်များ...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် ဖေဖော်ဝါရီလ အတွက် သတ်မှတ်လူဦီးရေပြည့်သွားပြီး ဖြစ်ပါကြောင်းကြေငြာခြင်း

• 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် ဖေဖော်ဝါရီ (၁) လစာအတွက် 𝟔-𝐅𝐞𝐛-𝟐𝟎𝟐𝟓 ရက်နေ့၌ သတ်မှတ်လူဦးရေပြည့်၍ ရိက္ခာမျှဝေသည့် အစီအစဉ်ကို လည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ • အရေးပေါ် အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် လစဉ် လူဦးရေ...

နယူးမြန်မာဖောင်ဒေးရှင်း၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေးအစီအစဉ်အတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦး (𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် မတ်လ ၂၀၂၅ ခုနှစ်တွင် စတင်ဆောင်ရွက်ရမည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေး အစီအစဉ်အတွက် တာဝန်ထမ်းဆောင်ရန် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးအား လိုအပ်လျက်ရှိပါသည်။ ယခု ဤပုဂ္ဂိုလ်သည်...

Donation of Food Supplies (31-Jan to 5-Feb-2025)

31. 01. 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဘူးသီး - 60 kg, ရုံးပတီသီး -10kg, ပဲ‌‌တောင့်ရှည် 13.5 kg, ကြက်ဟင်းခါးသီး - 28 kg နှင့် ကန်စွန်းရွက် - 28kg ( စုစုပေါင်း - 135.5 kg ) တို့အား ( ခွဲကဘောင်ကျောင်းသို့ ) လူဦးရေ ( 542 ) ဦးစာအတွက်...

New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၅၃) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်းမဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက် ရှိပါသည်။ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ၂၀၂၅ ခုနှစ်၊ မှ စတင်၍...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲအခမ်းအနား

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၁) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၅၂) ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ် သင်တန်းခန်းမ၌...

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၅) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို...