နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၁) သင်တန်းဖွင့်ပွဲအခမ်းအနား

Jan 23, 2025 | Activities, Sewing machine | 0 comments

𝐉𝐚𝐩𝐚𝐧’𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞-𝐎𝐃𝐀 ၏ ပံ့ပိုးကူညီမှုဖြင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၁၁) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၅၁) ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသားသင်တန်းသူ (၃) ဦး နှင့် အမျိုးသမီး (၆) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။

ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင် မှ အခြေခံမော်တာ စက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား Japan’s Official Development Assistance-ODA မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ် အလုပ်အကိုင်အား အလွယ်တကူရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားရှာဖွေပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာမဒေါ်သီတာ မှ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြ သော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေ မှုများနှင့် မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင်ပါကြောင်း၊ အချင်းချင်း ဗဟုသုတမျှဝေနိုင်ရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် Signal Group များ ဖွဲ့ပေးထားခြင်းဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်း သား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံး သည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက်မွေး ဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်တို့ ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် ကိုညီညီဦး မှ လည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

February 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

Donation of Food Supplies (6-Feb to 12-Feb-2025)

6. 01. 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻  စိုက်ပျိုးရေးခြံမှ ဘူးသီး - 86 kg, ရုံးပတီသီး  -12kg, ပဲ‌‌တောင့်ရှည် 3 kg နှင့် ကြက်ဟင်းခါးသီး - 22.5 kg ( စုစုပေါင်း - 123.5 kg ) တို့အား ( HSA Mu Htaw school and CDC School သို့ ) လူဦးရေ ( 494 ) ဦးစာအတွက်...

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သဝဏ်လွှာ

ယနေ့ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာပြည်သူပြည်သား သွေးချင်းညီအကိုမောင်နှမ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြန်မာပြည်...

𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍 မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါ သည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၁.၂.၂၀၂၅ မှ ၂၅.၂.၂၀၂၅ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၀၀၀၀ အစီရင်ခံရမည့်သူ : Executive Director လုပ်ဆောင်ရမည့်တာ၀န်များ...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် ဖေဖော်ဝါရီလ အတွက် သတ်မှတ်လူဦီးရေပြည့်သွားပြီး ဖြစ်ပါကြောင်းကြေငြာခြင်း

• 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် ဖေဖော်ဝါရီ (၁) လစာအတွက် 𝟔-𝐅𝐞𝐛-𝟐𝟎𝟐𝟓 ရက်နေ့၌ သတ်မှတ်လူဦးရေပြည့်၍ ရိက္ခာမျှဝေသည့် အစီအစဉ်ကို လည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ • အရေးပေါ် အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် လစဉ် လူဦးရေ...

နယူးမြန်မာဖောင်ဒေးရှင်း၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေးအစီအစဉ်အတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦး (𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် မတ်လ ၂၀၂၅ ခုနှစ်တွင် စတင်ဆောင်ရွက်ရမည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေး အစီအစဉ်အတွက် တာဝန်ထမ်းဆောင်ရန် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးအား လိုအပ်လျက်ရှိပါသည်။ ယခု ဤပုဂ္ဂိုလ်သည်...

Donation of Food Supplies (31-Jan to 5-Feb-2025)

31. 01. 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဘူးသီး - 60 kg, ရုံးပတီသီး -10kg, ပဲ‌‌တောင့်ရှည် 13.5 kg, ကြက်ဟင်းခါးသီး - 28 kg နှင့် ကန်စွန်းရွက် - 28kg ( စုစုပေါင်း - 135.5 kg ) တို့အား ( ခွဲကဘောင်ကျောင်းသို့ ) လူဦးရေ ( 542 ) ဦးစာအတွက်...

New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၅၃) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်းမဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက် ရှိပါသည်။ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ၂၀၂၅ ခုနှစ်၊ မှ စတင်၍...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲအခမ်းအနား

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၁) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၅၂) ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ် သင်တန်းခန်းမ၌...

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၅) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို...