နေ့စွဲ။ ။ ဇန်နဝါရီလ (၂၁) ရက်၊ ၂၀၂၅ ခုနှစ်။
နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချပေးမည့် လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေးသင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်နိုင်ပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ မှ အောက်တိုဘာလ အတွင်းဖွင့်လှစ်ပေးသွားမည့် သင်တန်းများအတွက် ယခုလျှောက်လွှာခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ကြိုတင်ရွေးချယ်ထားမည်ဖြစ်ပြီး၊ အလှည့်ကျ သင်တန်းအလိုက် ဆက်သွယ်တက်ရောက် စေမည် ဖြစ်ပါသည်။
ဤသင်တန်းအစီအစဉ်၌ လူ့အခွင့်အရေးအမြင်ဖွင့်အသိပညာပေးခြင်း နှင့် ဒီဂျစ်တယ်ဘေးကင်း လုံခြုံရေး ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းအကြိမ်ရေနှင့် အချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းကြရပါမည်။ သင်တန်း အချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ရက်တို (တစ်နေကုန်တက်ရောက်ရမည့် သင်တန်း) နှင့် ရက်ရှည် (ညနေပိုင်းသင်တန်း) ဟူ၍ ပုံစံ(၂)မျိုးရှိသည့်အနက် မိမိနှင့်ကိုက်ညီမည့် အမျိုးအစား (သို့မဟုတ်) ၂ ခုလုံး အဆင်ပြေပါက “နှစ်ချိန်လုံးအဆင်ပြေသည်”ကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။
ရွေးချယ်ခံရသူများအား တက်ရောက်ခွင့်ရမည့် လျာထားသင်တန်းရက်ကို ဆက်သွယ်အကြောင်းကြား သွားပါမည်။ လျှောက်ထားသူ အလွန်များပြားသည့်အတွက် တက်ရောက်လိုသည့် သင်တန်းရက် အတိအကျ ရွေးချယ်နိုင်မည်မဟုတ်သည်ကို နားလည်ပေးနိုင်ပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။
ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐫
𝗦𝗶𝗴𝗻𝗮𝗹+𝟲𝟲𝟴𝟭𝟳𝟬𝟴𝟯𝟬𝟰𝟲/
𝗘𝗺𝗮𝗶𝗹: 𝗻𝗺𝗳.𝗵𝗿𝘁𝗰𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻𝗮𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
သင်တန်းတက်ရောက်လိုသူများ ဖြည့်သွင်းရန် 𝐆𝐨𝐨𝐠𝐥𝐞 𝐅𝐨𝐫𝐦 𝐋𝐢𝐧𝐤: