အခမဲ့အခြေခံမော်တာစက်ချုပ် (၁၂) ရက်ကြာ သင်တန်းအပတ်စဉ် (၄၁) သင်တန်းဖွင့်ပွဲ

Aug 5, 2024 | Sewing machine, VOCATIONAL TRAINING | 0 comments

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ်-(၄၁) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၂) ရက်ကြာ သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား New Myanmar Foundation မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ်အလုပ်အကိုင်အား အလွယ်တကူ ရရှိရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၁၂) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

ထို့နောက် ဆရာသန်းမြင့်အောင်မှလည်း သင်တန်းတက်ရောက်လာသော ဆရာမများကြိုဆို ပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမများ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်း ပြီးဆုံးပါကလည်း အလုပ်အကိုင်များရရှိရန်အတွက်လည်း ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာမမေသန္တာလှိုင် မှ အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင် ပါကြောင်း၊ အချင်းချင်း ဗဟုသုတ မျှဝေနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်ခွင့်များ အတွက် Signal Groupများ ဖွဲ့ပေးထားခြင်း ဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်း သား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာ ပေးပါရန်၊ အသက်မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန် တို့ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

#NewMyanmarFoundation

#sewingmachine

February 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28

𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐇𝐨𝐮𝐬𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက်လျက်ရှိရာ Safe House များတွင် တခြားသူများနှင့် အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြားနေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing) များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ်အတွက်...

𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ နေရာထိုင်ခင်းချထားရေး အစီအစဥ်အား (Safe House Program) လုပ်ဆောင်လျက်ရှိရာ နေရာထိုင်ခင်းချထားမှု နှင့် နေထိုင်သူများ၏ လိုအပ်ချက်များအား ဆောက်ရွက်ပေးရသည့် လုပ်ငန်းအတွက် ဝန်ထမ်းရာထူး လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး -...

Donation of Food Supplies (21-Feb to 25-Feb-2025)

21. 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဗူးသီး - 60 kg, ချဉ်ပေါင်-16kg နှင့် ကန်စွန်းရွက် -22 kg, ပဲတောင့်ရှည် -12 kg ,သခွါးသီး-62 kg,(စုစုပေါင်း - 172 kg) တို့အား (သွေးသစ်ကျောင်း ) သို့ လူဦးရေ 688 ဦးစာအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ 22. 2 ....

Donation of Food Supplies (14-Feb to 20-Feb-2025)

14 . 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံထွက် ဘူးသီး - 41.5 kg , ရုံးပတီသီး- 4.4 kg, ကန်စွန်းရွက် -6 kg, ပဲတောင့်ရှည် -8.5 kg, သခွါးသီး-40 kg, ချဉ်ပေါင်-18kg (စုစုပေါင်း - 118.4 kg) တို့အား ( Kwe Ka Baung ကျောင်း ) သို့ လူဦးရေ 478..4 ဦးစာအတွက်...

New Myanmar Foundation မှ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ (၂) လစာ အတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

December 1 မှ December 15 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (2407) ဦးအား (25-2-2025) အင်္ဂါ နှင့် (26-2-2025) ဗုဒ္ဓဟူး (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ (၂) လစာအတွက် ကို ရိက္ခာပစ္စည်းအစား ငွေသား...

လူ့အခွင့်အရေးအစီအစဉ်မှ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အချက်အလက်ကောက်ယူမှတ်တမ်းတင်ခြင်း အယ်ဒီတာ ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခြင်း

New Myanmar Foundation သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အချက်အလက်ကောက်ယူမှတ်တမ်းတင်ခြင်းလုပ်ငန်း (၅) နှစ်တာ အစီအစဥ် အား လုပ်ဆောင်လျက်ရှိရာ ၎င်းမှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွင် တာ၀န်ထမ်းဆောင်ရန် အချက်အလက် မှတ်တမ်းတင်...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း " အပတ်စဉ်-(၅) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊...

New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၄) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံမဲဆောက်သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ် ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ယခုလာမည့် မတ်လ ၄ရက်နေ့မှ ၁၅ရက်နေ့ အထိ...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင်...