New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ စ၍ ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ အထိ စုစုပေါင်း လူဦးရေ (၁၉၀၀၀) ကျော်အား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။
New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်တွင် ၂၀၂၄ ခုနှစ် ၊ မတ်လ မှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေးကြိုးပမ်းသူများအတွက် နှင့် စစ်မှု မထမ်းလို၍ ပြည်တွင်းမှ မဲဆောက်သို့ရှောင်တိမ်းလာသည့်သူများအတွက်ဟူ၍ ရိက္ခာ လျှောက် ထားမှု ကအား (၂) မျိုး ခွဲ၍ ဆောင်ရွက်ပေးလျက် ရှိပါသည် ။
New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်တွင် နောက်တိုး အစီအစဉ်(၁)ခု ဖြစ်သည့် ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မှ စတင်ကာ စစ်မှုမထမ်းလို၍ ပြည်တွင်းမှ မဲဆောက်သို့ ရှောင်တိမ်းလာသည့် သူများ အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ၂၀၂၄ ခုနှစ် ၊ ဇွန်လ အထိ လူဦးရေ (၇၀၀) ကျော်အား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။
အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့် အပေါ်များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။
ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။