June 1 မှ June 15 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (1652) ဦးအား (15-7-2024) တနင်္လာ နှင့် (16-7-2024) အင်္ဂါ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
JULY နှင့် AUGUST (၂) လစာကို ငွေသားအစား ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် June 1 မှ June 15 ရက်များအတွင်း လျှောက်ထားခဲ့သူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ်များသို့ ရုံးဖုန်း 0659252173 Signal မှ (12-7-2024 ) (13-7-2024) (14-7-2024) (3) ရက်တွင် မက်ဆေ့ချ် ဝင်/မဝင် သတိပြု ကြည့်ရှုပေးပါရန် ပန်ကြားအပ်ပါသည်။
ထို့ပြင် (15-7-2024) မှ (19-7-2024) အထိ ရက်များသည် ရိက္ခာဝေမည့် ကာလဖြစ်ပါသဖြင့် ထိုရက်ပိုင်းအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signalမှ စာပို့မှုများကို အကြောင်းပြန်ကြားခြင်းများ နောက်ကျပါက နားလည်ပေးကြပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည် ။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173 [email protected]
