ရိက္ခာလျှောက်ထားမှုနှင့် ပတ်သက်၍ ပြင်ဆင်ကြေညာချက်
ဆရာ/ဆရာမများရှင့် ရိက္ခာလျှောက်ထားမှုနှင့်ပတ်သက်၍ ယခင်က တစ်လ တစ်ကြိမ် လျှောက်ထားရခြင်း ဖြစ်သော်လည်း ယခုအခါ အလှူရှင်ဘက်မှ ပြောင်းလဲမှုကြောင့် (၁)လကြိုလျှောက်ပါက (၂)လစာ ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ခြင်းအား ထပ်မံအကြောင်းကြားအပ်ပါသည်။
ထို့ကြောင့် 1-June-2024 မှ 15-June-2024 အတွင်း လျှောက်ထားပြီးသော ဆရာ/ဆရာမ များ အနေဖြင့် ယခုအခေါက်အတွက် ထပ်မံလျှောက်ထားရန်မလိုတော့ပဲ JULY နှင့် AUGUST (၂) လစာ ထုတ်ယူခွင့်ရရှိမည်ဖြစ်ပြီး အခြားလများအတွက် ပြန်လည်လျှောက်ထားရန် ကာလများကို အောက်ပါ ကြေငြာချက်အတိုင်းဖြစ်ပါသည်။
အသစ်လျှောက်ထားလိုသူများအနေဖြင့်မူ 1-July-2024 မှ 15-July-2024 ရက်အတွင်း ဆက်သွယ်လျှောက်ထားနိုင်ပြီး 2024 – August လ ရိက္ခာပေးဝေမည့် အစီအစဉ်တွင် ပါဝင် မည် ဖြစ်ပါသည်။
ယခုလမှ စ၍ ငွေသား ဘတ် (၂၅၀) အစား ရိက္ခာပစ္စည်းပြောင်းလဲမျှဝေပေးသွားမည်ဖြစ်ပါ သည် ။
ရိက္ခာနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလျှောက်ထားရန် အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထား နိုင်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173 [email protected]