• New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ အထိ (၅၂၃၇) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀)တို့ဖြင့် မျှဝေပေးခဲ့ရာ စုစုပေါင်း (၁၁၁၇၀) ဦးအား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။

• အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့် အပေါ်များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။

• ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် မြန်မာအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင် နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။

ဆက်သွယ်မေးမြန်းရန်

Hay Mar

Basic Food Program Manager

Phone & Signal +66 659252173

foodprogram.nmf@gmail.com