အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၆) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

Oct 26, 2023 | ANNOUNCEMENT, Thai Language | 0 comments

မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရန်ရည်ရွယ်လျက် New Myanmar Foundation မှ အွန်လိုင်း အခြေခံထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၆) ကို နိုဝင်ဘာလ (၁) ရက်၊ ၂၀၂၃ ခုနှစ် (ဗုဒ္ဓဟူးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် ထိုင်းဘာသာစကားပြောသင်တန်းများကို Class A, Class B, Class C နှင့် Class D ဟူ၍ အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာမ (၁) ဦးက သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဉ် (၆) ၏ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Zoom Application) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါ သည်။

တက်ရောက်နိုင်သော အတန်းများ –

1. Class A: Monday to Friday, 10:00 – 11:30 AM

2. Class B: Monday to Friday, 1:00 – 2:30 PM

3. Class C: Monday to Friday, 3:00 – 4:30 PM

4. Class D: Monday to Friday, 6:00 – 7:30 PM

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို အောက်တိုဘာလ ၂၆ ရက်နေ့ မှ ၃၀ ရက် နေ့အထိ ဖွင့်လှစ်ထားပေးပြီး သင်တန်းသား/သင်တန်းသူ (၂၀၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။ အွန်လိုင်းဘာသာ စကားသင်တန်းဖြစ်သည့်အတွက် သင်တန်းသားဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံပေးရခြင်းဖြစ်ပါသည်။ သင်တန်းသို့လျှောက်ထားလာသူများအနက် ထိုင်းဘာသာစကားအခက်အခဲများကို နေ့စဉ်ကြုံတွေ့နေရသည့် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေးအပ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/4JK2gFcx16TnuoKBA

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၃၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone – +66927833262/ Signal – +66927833262

Telegram – +66927833262/ Email: [email protected]

October 2024

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ စ၍ ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ အထိ စုစုပေါင်း လူဦးရေ (၂၁၀၀၀) ကျော်အား...

New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

ရက်စွဲ။      ။ အောက်တိုဘာလ (၂) ရက် ၊ ၂၀၂၄ ခုနှစ်။ မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။ Japan’s Official...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၅) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် မဲဆောက်မြို့ရှိ...

အွန်လိုင်းထိုင်းဘာသာ စကားပြောသင်တန်း အပတ်စဥ် (၁) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုနိုင်ရန်...

New Myanmar Foundation တွင် ရိက္ခာလျှောက်ထားနိုင်သည့်ရက်

New Myanmar foundation တွင် ရိက္ခာလျှောက်ထားနိုင်သည့်ရက်အား လစဉ် (၁) ရက်မှ (၁၅)ရက် ရုံးဖွင့်ရက် ရုံးချိန် မနက်(၉)နာရီခွဲမှ ညနေ (၅)နာရီအတွင်း လျောက်ထားနိုင်ကြောင်း ကြေငြာချက်ထုတ်ခဲ့သော်လည်း ယခုလာမည့် 10လပိုင်း 1/2 ရက်သည် ရိက္ခာဝေ မပြီးပြတ်သေးသော ကာလဖြစ်ပါသဖြင့်...

New Myanmar Foundation ၏ Safe House အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊...

Global People’s Assembly 2024 attended by New Myanmar Foundation

The New Myanmar Foundation (NMF) proudly attended the Global People's Assembly 2024, a three-day virtual event held from September 22 to 24, which convened civil society organizations globally to discuss pressing issues and enhance collective advocacy for peace,...

Open Letter by 268 Myanmar Civil Society Organizations Urging Government of India to Cease Support for the Myanmar Military

On September 23, 2024, the New Myanmar Foundation (NMF) and its partner organizations endorsed an open letter sent by 268 Myanmar civil society organizations to the Indian government. The letter urged India to cease its support for the Myanmar military junta and to...